ရွှေဝါရောင် တော်လှန်ရေး အပိုင်းအစများ (၂) - ကျော်ကိုကို (ဗကသများအဖွဲ့ချုပ်)

၂၀၀၇ စက်တင်ဘာ ၅ - ပခုက္ကူမြို့တွင် သံဃာတော်များအား အေးချမ်းစွာ လမ်းလျှောက်ကြ၍ မေတ္တာပို့ ဆုတောင်းစဉ် စွမ်းအားရှင်၏ လူမဆန်စွာ ညှင်းပန်း ဖိနှိပ်မှုကြောင့် အုံကြွမှုများ စတင်ဖြစ်ပေါ်။

၂၀၀၇ စက်တင်ဘာ ၆၊ ၇ - ပခုက္ကူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ၊ စွမ်းအားရှင်များနှင့် သံဃာထု တင်းမာမှုများ ရှိနေ။ ကြံ့ဖွံ့ အဖွဲ့ပိုင် ဈေးဆိုင်များ ဖျက်ဆီးခဲ့ရ။ တစ်နိုင်ငံလုံး၌ သံဃာသမဂ္ဂအဖွဲ့ကို ဖွဲ့စည်း။ ဦးဂမ်္ဘီရ အမည်ဖြင့် ကြေညာချက် ထုတ်ပြန်။

၂၀၀၇ စက်တင်ဘာ ၁၁၊ ၁၂ - ရန်ကုန်မြို့ မြို့နယ် အသီးသီးရှိ ဘုန်းကြီးကျောင်းများသို့ သံဃာတော် သမဂ္ဂ သောတုဇနဘိက်္ခူ အဖွဲ့များက ကြေငြာချက်စဝေ၊ သံဃာအပေါ် မရိုသေ မလေးစား ပြုမူသည့် အစိုးရအား ပတ္တနိကုစ်္ဆန ကံဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြရန် စက်တင်ဘာ ၁၈ ရက်နေ့ကို သတ်မှတ်လိုက်ကြောင်း ပါရှိ။
စက်တင်ဘာ ၁၆ - ရွှေတိဂုံ စေတီ တ၀ိုက် သံဃာတော် အနည်းငယ်စုဝေး၊ စေတီတော် ရင်ပြင်တက်သည့် လှေကားအောက်မှ တံခါးများ ပိတ်ထားဆဲပင်ရှိ၊ လက်နက် အပြည့်အစုံ ပါသည့် စစ်ကား ၂ စီး သံဃာတော်များ နောက်မှ လိုက်လံကြိုးပမ်း၊ သိမ်ဖြူ စတော့ကိတ်ကုန်းနား အရောက်တွင် သံဃာတော်များ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြ။

၂၀၀၇ စက်တင်ဘာ ၁၇ - ကြည့်မြင်တိုင်၊ အလုံဘက်မှ ကြွချီလာသော သံဃာတော် စစ်ကြောင်းနှင့် ဗဟန်းတွင် ရှိနှင့်ပြီးသော သံဃာတော်များ စုပေါင်း၍ ရွှေတိဂုံ ကုန်းတော်ပေါ် တက်ရောက် နိုင်ခဲ့ကြ၊ အောင်မြေတွင် စုဝေးတရားဟောကြ၊ အရှေ့ဘက်မုခ် အတိုင်း ဆင်းကြွပြီး ဦထောင်ဘို အ၀ိုင်းကိုဖြတ်ကာ သမ္မတ ရုပ်ရှင်ရုံ ရှေ့လမ်းမှ ဆူးလေဘုရားပေါ် တက်ကာ တရားဟောပြောခဲ့။

၂၀၀၇ စက်တင်ဘာ ၁၈ - တစ်နိုင်ငံလုံး ပတ္တနိကုစ်္ဆန ကံဆောင် သပိတ်မှောက်ခဲ့ကြ၊ သံဃာ့ တပ်ပေါင်းစု ပေါ်ထွက်လာ၊ မြောက် ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရန်ကင်းမှ ကိုယ်တော်များ မိုးကောင်းဘုရား စုရပ်မှာ တွေ့ဆုံ၊ သင်္ဃန်းကျွန်း ကျိုက္ကဆံ ဘုရားဝင်းတွင်းရှိ ကျောက်စာရုံ၌ ပတ်္တနိကုစ္ဆနကံ ဆောင်ခဲ့၊ ကမ္ဘာအေး နိုင်ငံတကာ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ သံဃာများ အပါအ၀င် ရန်ကုန်မြို့အနှံ့မှ သံဃာများ ကြေးသွန်းဘုရားဝင်း အတွင်း စုဝေး တိုင်ပင်ကာ ရွှေတိဂုံ အောင်မြေနင်းပြီး တောင်ဘက်မုခ်မှ မြို့ထဲသို့ကြွ၊ ဆူးလေဘုရား တံခါးပိတ်ထား၍ မြို့တော်ခန်းမရှေ့ လမ်းပေါ်သာ ၀တ်ပြုဆုတောင်းခဲ့ကြ။

၂၀၀၇ စက်တင်ဘာ ၁၉ - သံဃာတော်များ ကြွချီမှု ပိုအားကောင်းလာပြီး နောက်လိုက် နောက်ပါ ပြည်သူများ တခဲနက် လိုက်လံ အားပေးခဲ့ကြ၊ လမ်းဘေးက တစ်ဖက်တစ်ချက်စီ၌ လူအုပ်ကြီးက ရှိခိုးဦးချ ကန်တော့ခြင်း၊ လက်ခုပ်တီး အားပေးခြင်းများ ပြုလုပ်လာကြ၊ ဂွတ္တလစ်ဖက်မှ ကြွလာသော သံဃာများက တာမွေ တစ်ဖက်ချိုးကာ ယုဇနပလာဇာ ရှေ့မှသည် တောင်ညွန့် တိရိစ္ဆာန် ဥယျာဉ်ဘေး ကျောက်တိုင်လမ်းမှ ဆူးလေ အရောက် ချီတက်ခဲ့ကြ၊ အခြား စစ်ကြောင်း တစ်ခုက လှည်းတန်းဘက်မှ စထွက်ကာ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ဖြတ်ခဲ့၊ ဒေါ်အောင်ဆန်းစုကြည် ထွက်ကာ ဖူးမြော်ကန်တော့ခဲ့။

 

Category: 

Share