ADBက မြန်မာနိုင်ငံ၏ ဒေသနှစ်ခုတွင် ဆောင်ရွက်မည့် စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ (၂၂) သန်းခန့် ထောက်ပံ့မည်

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)Bသည် တနင်္လာရီတိုင်း ဒေသနှင့် ဧရာဝတီ မြစ်ဝကျွန်ပေါ် ဒေသတို့တွင် အကောင်အထည် ဖော်မည့် နှစ်ခုအတွက် အမေရိကန်ဒေါ်လာ (၂၂)သန်းခန့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ ငွေကြေးသည် ၄င်းဒေသတို့တွင် ဆင်းရဲမွဲတေမှုလျော့ ချရေးနှင့် HIV/AIDS တိုက်ဖျက်ရေး နှစ်ခုတွင် အသုံးပြု ပေးအပ်ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ကြေးများဖြင့် တနင်္လာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတို့တွင် ကျေးလက် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲ (၄၇)ခု တည်ဆောက်သွားမည် ဖြစ်သောကြောင့် ၄င်းဒေသရှိ လူဦးရေ (၇) သိန်းခန့် အကျိုးခံစားရမည် ဖြစ်ကြောင်း သိရသည်။

ADBအနေဖြင့် ၄င်းထောက်ပံ့ကြေးကို ဂျပန်နိုင်ငံ ရန်ပုံငွေ JFPRမှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကာ ၄င်းဒေသတို့တွင် မြို့နယ်ဆေးရုံ သုံးရုံနှင့် ဆေးဝါးပစ္စည်းများ အတွက် အမေရိကန် ဒေါ်လာ (၁၀)သန်းကို ကနဦးပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဏ္ဍနှစ်ခု အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ NGOများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး တိုးတက်လာမှုနှုန်းများကို လေ့လာကာ အခြားသော ရင်းနှီးမြှပ်နှံ့မှုများကို ပြုလုပ်သွားမည်ဟုဆိုသည်။

ADBသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၌ ငွေကြေးနှင့် နည်းပညာပိုင်း အကူအညီ များစွာပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

 

Category: 

Share