Entertainment

ဆေးကျောင်းသား မောင်ကောင်းပြည့်၏ ကျောင်းစရိတ်ကို ကျောင်းပြီးသည်အထိ တာဝန်ယူမည့် ဆုပန်ထွာ

ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သော်လည်း မိသားစုအခက်အခဲကြောင့် ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသည့် ဆေးကျောင်းသား မောင်ကောင်းပြည့်ကို သရုပ်ဆောင် ဆုပန်ထွာမိသားစုက ဆေးကျောင်း ပြီးသည်အထိ ကျောင်းစရိတ်အားလုံးကို တာဝန်ယူသွားမည်ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောသည်။

အောင်စာရင်း ထွက်သည့်နေ့ကတည်းက မောင်ကောင်းပြည့် တက်ရောက်လိုသည့် မည်သည့် တက္ကသိုလ် မဆို ထားပေးမည်ဟု ဆုပန်ထွာက ပြောကြားထားပြီး ယခုအခါ မောင်ကောင်းပြည့်သည် ဆေးမှတ်မီသောကြောင့် ဆေးတက္ကသိုလ် တက်ရောက်မည်ဟု ဆိုသည်။

သဘင် အစည်း အရုံးမှ သဘင် ပညာသည်များ အတွက် ထုတ်ချေးသည့် ချေးငွေ ကျပ်သိန်း ၇၀၀၀ ကျော် ရှိလာ

မြန်မာ နိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) သည် သဘင်ဖြင့် အသက်မွေးကြသူများကို သက်သာ ချောင်ချိစေရန် ရှေးရှု၍ တစ်နိုင်တစ်ပိုင် ချေးငွေများ ထုတ်ချေးပေးခဲ့သည်မှာ ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ရှိပြီ ဖြစ်ပြီး သဘင်တည်ထောင်ခွင့် လိုင်စင် ရရှိသူများသာ ထုတ်ချေးခြင်းဖြစ်ကြောင်း ချေးငွေ စိစစ်ခွင့်ပြုရေး ကော်မတီဝင် ဖြစ်သူ ဗဟို သဘင် ပြန်ကြားရေး ဒေါ်ပတ္တမြားကေခိုင်က ပြောသည်။

အချစ်သစ် ရှိနေပြီဆိုတဲ့ အဆိုတော် အောင်လ

အဆိုတော်အောင်လ၏ အိမ်ထောင်ရေး တရားဝင် ကွာရှင်းပြတ်စဲကြောင်း ကြေညာပြီး နောက်ပိုင်း လက်ရှိအချစ်ရေးနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ အချစ်သစ်တွေ့နေပြီဖြစ်ပြီး နောက်နှစ်လအကြာတွင် မည်သူဖြစ်ကြောင်း ပရိသတ်များကို အတိအလင်း ထုတ်ဖော်ပြောကြားသွားမည်ဟု ၄င်းကပြောသည်။

ရက်ရှည် ဆေးကုသမှု ခံယူထားသော်လည်း ဆေးရုံမှ မဆင်းနိုင်သေးသည့် မော်ဒယ် Mဆိုင်းလု

 Style Secret အစီအစဉ် ရိုက်ကူးရာမှ မတော်တဆ ထိခိုက်ဒဏ် ရာရရှိခဲ့သော မော်ဒယ် Mဆိုင်းလုသည် ဆယ်ရက်ကျော် ဆေးကုမှု ခံယူထားရသော်လည်း ဆေးရုံဆင်းမည့်ရက် အတိကျပင် မသိရသေးကြောင်း ၄င်းက ပြောသည်။

မဟုတ်မမှန် သတင်းများ အားလုံးကို တောင်းပန်ပြင်ဆင်ပေးခြင်းမပြုလုပ်ပါက တရားဥပဒေအရ အရေးယူမည်ဟု မိုးယုစံဘက်မှ ပြန်လည်တုံ့ပြန်

လတ်တလော ရေပန်းစားလျက်ရှိသော မောင်စွမ်းသူမိုးနှင့် သရုပ်ဆောင်မိုးယုစံတို့၏ မင်္ဂလာပွဲနှင့် ပတ်သက်၍ သတင်းဓာတ်ပုံများသည် အွန်လိုင်းစာမျက်နှာပေါ်၌ လူစိတ်ဝင်စားမှု များပြားနေချိန်တွင် မဟုတ်မမှန် သတင်းများ ထွက်ပေါ် လာခဲ့မှုတို့ကြောင့် မိုးယုစံဘက်မှ ယင်းသတင်းများအားလုံးအတွက် တောင်းပန် ပြင်ဆင်ပေးခြင်း မပြုလုပ်ပါက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

မကြီးစန်းနှင့် အတွဲခုတ်နေသည်မှာ မဟုတ်မှန်ကြောင်း ထက်အောင်ရှိုင်းပြော

မကြီးစန်း(ခင်စန်းဝင်း)နှင့် ပထမဆုံးအကြိမ် ဇာတ်ကား ရိုက်ကူးခဲ့သည့် သရုပ်ဆောင် ထက်အောင်ရှိုင်းက မကြီးစန်းနှင့် အတွဲခုတ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

“ကျွန်တော် ဒီဇာတ်ကား မရိုက်ခင်ကတည်းက ဒီလိုမျိုး ကောလာဟလတွေ ရှိလာမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဒါကလည်း အနုပညာမျက်လုံးနဲ့ ကြည့်မယ်ဆိုလည်း ကြည့်လို့ရတယ်လို့  ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း စိတ်ထဲမှာ ဘာမှမရှိပါဘူး” ဟု ၄င်းက ပြောသည်။

ရင်သား ကြီးထွားစေသည့်ဆေး ရောင်းချမည့် အလှမယ် ခြူးစစ်ဟန်

ထိုင်ဝမ်နိုင်ငံ၌ ကျင်းပသည့် Face of Beauty International 2016 ပြိုင်ပွဲ၌ Best in Talent Winner ဆု ရရှိခဲ့သည့် ခြူးစစ်ဟန်သည် အမျိုးသမီးများ အတွက် ဘေးထွက် ဆိုးကျိုး မရှိဘဲ ပုံမှန်ထက် ရင်သား ကြီးထွား လာစေမည့် Upper Beauty ဆေးကို ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် အကယ်ဒမီတွင် ဇာတ်ဆောင် နေရာမှ သရုပ်ဆောင်ဆု ရရှိသူ မည်သူမဆို ဇာတ်ဆောင်ဆု သာပေးမည်

ပြီးခဲ့သည့်နှစ် အကယ်ဒမီတွင် ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ခဲ့သော်လည်း ဇာတ်ပို့ဆုသာ ချီးမြှင့် ခဲ့မှုကြောင့် ဝေဖန်မှုများ ရှိခဲ့ပြီး ယခုနှစ်တွင် ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်သူ မည်သူမဆို ဆုရရှိပါက ဇာတ်ဆောင်ဆု ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ရုပ်ရှင်ကား တစ်ကားတွင် ပါဝင် သရုပ်ဆောင်သည့် ဇာတ်ပို့၊ ဇာတ်ဆောင် နေရာများကို ရိုက်ကူးသူ ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့က လက်မှတ် ရေးထိုး၍ ရုပ်ရှင် အစည်းအရုံးသို့ တင်ပြရသည်။

နှုတ်ခမ်းနီလုပ်ငန်း အခြေကျလျှင် မိသားစုဘ၀ ထူထောင်မည်ဆိုသည့် စိုင်းစိုင်းခမ်းလှိုင်

အသက် ၂၈ နှစ်အရွယ်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားခဲ့သည် ဆိုသည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် သည် လက်ရှိတွင် အနုပညာလောက၌ အောင်မြင်မှုများ ရရှိနေပြီး အချိန်ကာလ အတိုင်းအတာ တစ်ခုတွင် အနုပညာ လုပ်ငန်းများအပြင် စီးပွားရေး လုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ဆောင်သွားမည် ဖြစ်ကာ အခြေကျလာသည့် တစ်ချိန်တွင် အိမ်ထောင်ပြုရန်အတွက် စဉ်းစားမည်ဟု ဆိုသည်။

ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါသည့် လေးနှစ်အရွယ်ကလေးငယ်ကို ခွဲစိပ်ပေးရန် ဦးကျော်သူက တာဝန်ယူမည်

ရှမ်းပြည်နယ်၊ ရပ်ဆောက်မြို့ ၄ မိုင်အကွာတွင်ရှိသော ရွာတစ်ရွာတွင် ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခု ပါသည့် လေးနှစ်အရွယ်ကလေးငယ်ကို မိခင်၏ဖြစ်သူမှ ခွဲစိတ်လိုသည့် ဆန္ဒရှိသဖြင့် ပြည်တွင်း ဆရာဝန်များဖြင့် တစ်ပတ်အတွင်း ခွဲစိတ်မှုပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့နာရေး ကူညီမှု အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက ပြောသည်။

Pages