Entertainment

အကယ်ဒမီပေးပွဲနီးမှ အနုပညာရှင်များ၏ အခွန်ထမ်းစာရင်း ထုတ်ပြန်ခြင်းအပေါ် လူမင်းမေးခွန်းထုတ်

ယခင် အနုပညာရှင်များ၏အခွန်ထမ်းစာရင်းအား တစ်ကြိမ်မျှမှထုတ်ပြန်ဖူးခြင်းမရှိဘဲ ယခုနှစ်အကယ်ဒမီပွဲနီးမှ စာရင်းသီးသန့်ထုတ်ပြန်ခဲ့ခြင်းအပေါ် သဘောရိုးသလားဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းက မေးခွန်း ထုတ်လိုက်သည်။

အင်္ဂလိပ်ဘာသာစကား အခမဲ့သင်ကြားပေးမယ့် အလှမယ် ဟန်သီ

သရုပ်ဆောင် အဆိုတော် အလှမယ်ဟန်သီသည် အသက်အရွယ် အပိုင်းအခြားအလိုက် ကလေးငယ်များကို သုံးလကြာ အင်္ဂလိပ်ဘာသာစကား အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
 
“ငယ်ငယ်တုန်းကတည်းက အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တော့ အင်္ဂလိပ်စာပိုင်းတော့ အားသန်နေတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပညာဒါနအနေနဲ့ ပြန်ပြီးဝေမျှဖြစ်တာပါ။ ကလေးတွေကို သင်ပေးဖြစ်တာကလည်း ကိုယ်ကလည်း လူငယ်ဖြစ်တာကြောင့်မို့လို့ပါ။ အခုကစပြီးတော့ သင်ချင်တဲ့ကလေးတွေကို စတင်လက်ခံပေးနေပါပြီ။ လူတော်တော်များလာရင်တော့ အချိန်ဇယား သေသေချာချာနဲ့ စသင်ပေးတော့မှာပါ”ဟု ၄င်းက ပြောသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား တက်ရောက်မည့်သူများကို သရုပ်ပျက် အ၀တ်အစားမ၀တ်ရန် စည်းကမ်းချက်ထုတ်မည်

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၏ သက်တမ်းတွင် နောက်ဆုံးအကြိမ် ပြုလုပ်မည့် အကယ်ဒမီဆုပေးပွဲဖြစ်ပြီး တက်ရောက်မည့်သူများအတွက် ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှ သိရသည်။

လက်ရှိအစိုးရကိုလည်း ဝေဖန်စရာရှိလျှင် ဝေဖန်မည်ဟု သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်စိန်သီးပြော

အစိုးရအဆက်ဆက်၏ မှားယွင်းချက်များကို ဝေဖန်ထောက်ပြခဲ့သော သီးလေးသီးအငြိမ့်အဖွဲ့က လက်ရှိ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရကိုလည်း ဝေဖန်ထောက်ပြစရာရှိပါက ပွင့်ပွင့် လင်းလင်း ဝေဖန်ထောက်ပြသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်စိန်သီးကပြောသည်။

လက်ရှိအစိုးရကို ဝေဖန်ခြင်းထက် တတ်နိုင်သလောက် ကူညီစေချင်ကြောင်း လူရွှင်တော်ဖိုးဖြူပြော

ခေတ်အဆက်ဆက် ပျက်စီးယို့ယွင်းနေသောနိုင်ငံကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်နေရသည့်အချိန် ဖြစ်သောကြောင့် လက်ရှိပြည်သူလူထု တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ဝေဖန်ပြောဆိုခြင်းထက် တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီခြင်းသာ ပို၍ကောင်းမွန်ကြောင်း လူရွှင်တော်ဖိုးဖြူက ပြောသည်။

ထိုင်းတွင် ကျင်းပခဲ့သည့် တက်တူးပြိုင်ပွဲ၌ မြန်မာနိုင်ငံသား ပထမရသော်လည်း ဒုတိယဟု မှားယွင်းကြေညာ

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် တက်တူးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားတက်တူးဆရာ ကိုနေလင်းထွန်း (လူလူတက်တူး)သည် ပထမဆုကိုဆွတ်ခူးရရှိခဲ့သော်လည်း ဒိုင်များက ဒုတိယဆုရရှိသည်ဟု အမည်မှားယွင်း ကြေညာခဲ့ပြီး တစ်ပတ်ကျော် အကြာတွင်မှ ပထမရခဲ့ခြင်းဖြစ်သည် ဟု  ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း  ကာယကံရှင်၏ ပြောကြားချက်အရ သိရှိရသည်။

Girl Generation အဖွဲ့ဝင်ဂျက်စီကာပါဝင်မည့် Music Video ကို Myanmar Media 7 မှ ယခုလအတွင်း ရိုက်ကူးမည်

Myanmar Media 7 ကုမ္ပဏီမှ ကုမ္ပဏီသုံးနှစ်ပြည့်  နှစ်ပတ်လည် အထူးအစီအစဉ်အနေဖြင့် တောင်ကိုရီးယား နိုင်ငံ Kpop စတားအဖွဲ့တစ်ခုဖြစ်သည့် Girl Generaton အဖွဲ့မှ အဖွဲ့ဝင် “ဂျက်စီကာ”ပါဝင်မည့် Music Video ကို ယခုလအတွင်း ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ Music Video ကို ဂျက်စီကာအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ရိုက်ကူးမှာတော့ မဟုတ်ဘူး။ ဒီကနေ Music ကို ပို့လိုက်မယ်။ သူပါတဲ့ အခန်းတွေကို ကိုရီးယားမှာရိုက်ပြီး ပြန်ပို့ပေးမှာ ဖြစ်ပါတယ်”ဟု Myanmar Media 7 မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆင်ဆာဖြတ်တောက်ထားသည့် ဇာတ်ကားများကို ပြန်လည်စိစစ်ပေးရန် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း တောင်းဆို

ယခင်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် ရုပ်ရှင်ဆင်ဆာအဖွဲ့ဆက်ရှိနေမည်ဆိုပါက ဆင်ဆာဖြတ်တောက်ရန် ညွှန်ကြားထားသည့် ဇာတ်ကားများကို ပြန်လည်စိစစ်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကို ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်မည့် စီမံကိန်းတွင် ရုပ်ရှင်ရုံ ၁၀ ရုံ စတင်တည်ဆောက်ပြီးစီး

ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်မည့်စီမံကိန်း၌ တည်ဆောက်ပြီးစီးသွားခဲ့သော ရုပ်ရှင်ရုံများ၏ အားနည်းချက် များကို ရှာဖွေစိစစ်ကာ အခြားဒေသများတွင် ရုပ်ရှင်ရုံများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိ တွင် ရုပ်ရှင်ရုံ ၁၀ ရုံတည်ဆောက် ပြီးစီးသွားပြီဖြစ်ရာ လာမည့်နှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း အဆိုပါစီမံကိန်း၏ ဒါရိုက်တာဖြစ်သူ ဦးဇာဂနာက ပြောသည်။

ဆင်ဆာအဖွဲ့မရှိသင့်ဟု ရုပ်ရှင်လောကသားများ တညီတညွတ်တည်းဆုံးဖြတ်

ရုပ်ရှင်ဗီဒီယို လောကသားများမှ ဆင်ဆာကိစ္စနှင့် ပတ်သက်၍ ဆင်ဆာအဖွဲ့မရှိသင့်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါသဘောတူချက်များကို အကောင်အထည် ဖော်နိုင်စေရန် ရုပ်ရှင်လောကသားများကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းက ပြည်ထောင်စုဝန်ကြီးထံ တာဝန်ယူတင်ပြပေးခဲ့ကြောင်း သိရသည်။

Pages