Entertainment

မကြီးစန်းနှင့် အတွဲခုတ်နေသည်မှာ မဟုတ်မှန်ကြောင်း ထက်အောင်ရှိုင်းပြော

မကြီးစန်း(ခင်စန်းဝင်း)နှင့် ပထမဆုံးအကြိမ် ဇာတ်ကား ရိုက်ကူးခဲ့သည့် သရုပ်ဆောင် ထက်အောင်ရှိုင်းက မကြီးစန်းနှင့် အတွဲခုတ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

“ကျွန်တော် ဒီဇာတ်ကား မရိုက်ခင်ကတည်းက ဒီလိုမျိုး ကောလာဟလတွေ ရှိလာမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဒါကလည်း အနုပညာမျက်လုံးနဲ့ ကြည့်မယ်ဆိုလည်း ကြည့်လို့ရတယ်လို့  ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း စိတ်ထဲမှာ ဘာမှမရှိပါဘူး” ဟု ၄င်းက ပြောသည်။

ရင်သား ကြီးထွားစေသည့်ဆေး ရောင်းချမည့် အလှမယ် ခြူးစစ်ဟန်

ထိုင်ဝမ်နိုင်ငံ၌ ကျင်းပသည့် Face of Beauty International 2016 ပြိုင်ပွဲ၌ Best in Talent Winner ဆု ရရှိခဲ့သည့် ခြူးစစ်ဟန်သည် အမျိုးသမီးများ အတွက် ဘေးထွက် ဆိုးကျိုး မရှိဘဲ ပုံမှန်ထက် ရင်သား ကြီးထွား လာစေမည့် Upper Beauty ဆေးကို ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် အကယ်ဒမီတွင် ဇာတ်ဆောင် နေရာမှ သရုပ်ဆောင်ဆု ရရှိသူ မည်သူမဆို ဇာတ်ဆောင်ဆု သာပေးမည်

ပြီးခဲ့သည့်နှစ် အကယ်ဒမီတွင် ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ခဲ့သော်လည်း ဇာတ်ပို့ဆုသာ ချီးမြှင့် ခဲ့မှုကြောင့် ဝေဖန်မှုများ ရှိခဲ့ပြီး ယခုနှစ်တွင် ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်သူ မည်သူမဆို ဆုရရှိပါက ဇာတ်ဆောင်ဆု ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ရုပ်ရှင်ကား တစ်ကားတွင် ပါဝင် သရုပ်ဆောင်သည့် ဇာတ်ပို့၊ ဇာတ်ဆောင် နေရာများကို ရိုက်ကူးသူ ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့က လက်မှတ် ရေးထိုး၍ ရုပ်ရှင် အစည်းအရုံးသို့ တင်ပြရသည်။

နှုတ်ခမ်းနီလုပ်ငန်း အခြေကျလျှင် မိသားစုဘ၀ ထူထောင်မည်ဆိုသည့် စိုင်းစိုင်းခမ်းလှိုင်

အသက် ၂၈ နှစ်အရွယ်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားခဲ့သည် ဆိုသည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် သည် လက်ရှိတွင် အနုပညာလောက၌ အောင်မြင်မှုများ ရရှိနေပြီး အချိန်ကာလ အတိုင်းအတာ တစ်ခုတွင် အနုပညာ လုပ်ငန်းများအပြင် စီးပွားရေး လုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ဆောင်သွားမည် ဖြစ်ကာ အခြေကျလာသည့် တစ်ချိန်တွင် အိမ်ထောင်ပြုရန်အတွက် စဉ်းစားမည်ဟု ဆိုသည်။

ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါသည့် လေးနှစ်အရွယ်ကလေးငယ်ကို ခွဲစိပ်ပေးရန် ဦးကျော်သူက တာဝန်ယူမည်

ရှမ်းပြည်နယ်၊ ရပ်ဆောက်မြို့ ၄ မိုင်အကွာတွင်ရှိသော ရွာတစ်ရွာတွင် ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခု ပါသည့် လေးနှစ်အရွယ်ကလေးငယ်ကို မိခင်၏ဖြစ်သူမှ ခွဲစိတ်လိုသည့် ဆန္ဒရှိသဖြင့် ပြည်တွင်း ဆရာဝန်များဖြင့် တစ်ပတ်အတွင်း ခွဲစိတ်မှုပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့နာရေး ကူညီမှု အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက ပြောသည်။

ဦးလူမင်းအား ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့် မပြုဟု ရုပ်ရှင်အစည်းအရုံးမှဆို

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းအား လက်ရှိ တာဝန်ယူထားရသော ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် ခွင့်ပြုရန် တင်ပြခြင်းအား ခွင့်ပြုချက် မရ၍ နုတ်ထွက်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးထံမှ သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမ၌ ဇွန် ၁၂ ရက်တွင်ပြုလုပ်ခဲ့သည့် အထူး အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် ဦးစီးအမှုဆောင်များက အစည်းအရုံး ဥက္ကဌ ဦးလူမင်းအား ရာထူးမှ နုတ်ထွက်ခွင့် မပြုကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

စိုင်းစိုင်းခမ်းလှိုင် အပါအ၀င် နာမည်ကြီး အနုပညာရှင်များ ပါဝင်မည့် ၁၉၉၀ ကို ပြန်ရောက်သွားမယ့် 90's Kids Charity ပွဲတော် ကျင်းပမည်

စိုင်းစိုင်းခမ်းလှိုင် အပါအ၀င် နာမည်ကြီး အနုပညာရှင်များ ပါဝင်မည့် ၁၉၉၀ ပြည့်နှစ်၏ ခေတ် ကာလတစ်ခုဆီ ရောက်ရှိခံစားနိုင်အောင်၊ ဖန်တီးတင်ဆက်မည့် 90's Kids Charity ပွဲတော်ကို ယခုလ (၂၉)ရက်နေ့၌ မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟာသ လူရွင်တော် ရှက်တယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်

တွံတေးမြို့တွင် ပွဲကရန် ရောက်ရှိနေသည့် ဟာသလူရွှင်တော် ရှက်တယ်သည် မေ ၂၀ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် အစာအိမ် သွေးကြောပေါက် ရောဂါဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံတွင် ကွယ်လွန်သွား ခဲ့ကြောင်း သိရသည်။

''အရင်တုန်းကလည်း ရောဂါအခံလည်း ရှိတယ်၊ ပွဲကတဲ့မြို့မှာရှိတဲ့ ဆေးရုံတစ်ခုမှာ တင်ပေမယ့် လည်း ရောဂါဖြစ်နေတာက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဆိုတော့ ဘယ်သူ့မှလည်းသူက အ ကြောင်းမကြားဘူး။ မင်းသားကို နေထူးနိုင်က အကြောင်းထပ်ကြားတော့ ကယ်လို့မီသလောက် ကယ်တာပါပဲ၊ ခုတော့ သူအတွက် အဖြေစောတော့ နှမြောတာပေါ့ဗျာ၊ ဆုံးတာကတော့ ရန်ကုန် ဆေးရုံကြီးမှာပါ'' ဟု လူရွှင်တော်အောင်သော်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖိတ်ကြားချက်ဖြင့် “ငါသည်အောင်ဆန်း” ပြဇာတ်ကို မန္တလေးမြို့၌ ဂုဏ်ပြုကပြ ဖျော်ဖြေမည်

ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဇာတ်ညွှန်းနှင့် ဒါရိုက်တာ မြို့တော် မောင်ယဉ်အောင် ရေးသားထားသည့် “ငါသည်အောင်ဆန်း” ပြဇာတ်ကို မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံ၌ မေ ၁၃ရက်မှ ၁၅ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ အနုပညာပွဲတော်ကို မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖိတ်ကြားချက်ဖြင့် ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ်ကို ကြိုဆိုဂုဏ်ပြုရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်းသိရပြီး မင်းသားဖိုးချစ် ဦးဆောင်၍ အနုပညာရှင်များစွာ ပါဝင်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသား ဇေရဲထက်နှင့် ဇာတ်ကားတွဲရိုက်သည်ကို ဝေဖန်သူများမှာ အလုပ်သဘောကို နားမလည်သူများဟု ရွှေရေးထင်ထင် ပြောကြား

စာရေးဆရာမ ရွှေရေးထင်ထင်သည် ဇာတ်လမ်းဇာတ်ညွန်း ကိုယ်တိုင်ရေးသားထား၍ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူးသည့် “ချစ်သူအလိုရှိသည်” ရုပ်ရှင်ဇာတ်ကားကို မင်းသား ဇေရဲထက်နှင့်အတူ တွဲဖက်ရိုက်ကူးနေမှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဝေဖန်မှုများ ရှိခဲ့သည်။

“ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဝေဖန်ပြောဆိုနေကျတာတွေက အလုပ်သဘောကို နားမလည်ဘဲ လုပ်ငန်းအကြောင်းကို သေချာမသိတဲ့သူတွေ ပြောကြတာ ဖြစ်ကောင်းဖြစ်မယ်။ ရွှေရေးအနေနဲ့က သရုပ်ဆောင်လုပ်တဲ့ အပေါ်မှာ နားလည်မှုရှိထားတော့ ဒီအပေါ်မှာ ဘာမှပြောစရာ မရှိပါဘူး။ ဒီဇာတ်ကားကို ပရိသတ်လက်ထဲကို ရောက်ဖို့ ခြောက်လလောက်တော့ ကြာဦးမယ်”ဟု ရွှေရေးထင်ထင်က ပြောသည်။

Pages