Entertainment

ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်

၂၀၁၄၊ ၂၀၁၅ခုနှစ်များ အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ၂၀၁၆ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ပြောပြချက်အရ သိရသည်။

၂၀၁၄၊ ၂၀၁၅ ခုနှစ်များအတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ရန်အတွက် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက မြန်နိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ အကယ်ဒမီ ရွှေစင်ရုပ်တု ခြောက်ခု ပေးအပ်ထားခဲ့ပြီး ဖြစ်သော်လည်း  လိုအပ်သည့် ရွှေစင်ရုပ်တုများကို ထပ်မံမှာယူမည်ဟု ဦးလူမင်းက ဆက်လက်ပြောကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံ NLD ရန်ပုံငွေ ဖျော်ဖြေပွဲတွင် နီနီခင်ဇော်၏ မြန်မာဝတ်စုံ လေလံတင်ရာ ဒေါ်လာ ၄၅၀ရရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကျန်းမာရေးကွန်ရက် ရန်ပုံငွေနှင့် ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံ၌ မြန်မာအနုပညာရှင်များ ပြုလုပ်ခဲ့ရာ အမေရိကန် ဒေါ်လာ နှစ်သိန်းလေးသောင်း အလှူငွေ ရရှိခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် အဆိုတော် ဆောင်းဦးလှိုင်၊ Rဇာနည်၊ ထွန်းအိန္ဒြာဗို၊ နီနီခင်ဇော်နှင့် ဥက္ကာဦးသာတို့ ပါဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ ဖို့ဒ်နေးမြို့၊ ချီကာဂိုမြို့၊ ချကော့တီမြို့၊ ဖလော်ရီဒါမြို့၊ နယူးယောက်မြို့၊ ဘော့စတွန်မြို့၊ ဆန်ဖရန်စစ္စကိုမြို့၊ လော့အိန်ဂျလိစ်မြို့ စသည့်မြို့ကြီး ရှစ်မြို့တွင် လှည့်လည် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

လာရောက်သူ နည်းခဲ့ပေမယ့် ပရိသတ်ကို တန်အောင်ဖျော်ဖြေသွားခဲ့တဲ့ အမေရိကန် နာမည်ကြီး အဆိုတော် Redfoo၏ ဖျော်ဖြေပွဲ

အမေရိကန် နာမည်ကြီး အဆိုတော် Redfoo၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲများစွာတွင် မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၄ ရက်က လာရောက်ဖျော်ဖြေခဲ့သော International Music Festival 2015(IMF) ပွဲမှာ ပရိတ်သတ် အားပေးမှု အနည်းဆုံးပွဲဟု သတ်မှတ်ရလောက်အောင် လာရောက်ကြည့်ရှုသူ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိခဲ့ကြောင်းသိရသည်။

ဒစ်စနေး၏ Star Wars ရုပ်ရှင်ဇာတ်ကားသစ်အတွက် အံ့သြဖွယ် အရောင်းမြှင့်တင်မှု ပုံစံသစ်

အသစ် ထွက်ရှိလာမည့် Star Wars၏ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကား လူကြည့်များစေရေး အတွက် ဒစ်စနေး အရောင်းမြှင့်တင်မှု ပုံစံသည် ပရိသတ်များအတွက် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရသည်။

ဒစ်စနေး ကုမ္ပဏီသည် Star Wars ဇာတ်ကားများထဲတွင် ပါဝင်သော Storm Trooper များကဲ့သို့ လူအယောက် ၅၀၀ကို ၀တ်ဆင်စေပြီး တရုတ်နိုင်ငံရှိ ဂရိတ်ဝေါပေါ်တွင် စီတန်း လမ်းလျှောက်စေကာ အရောင်းမြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်း Storm Trooperများ လမ်းလျှောက်ပြပွဲကို ပရိသတ်များ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး Storm Trooperများအဖြစ် ကြေးစား စစ်သားများကို ငှားရမ်း အသုံးပြုခဲ့သည်ဟုလည်း သိရသည်။

“ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းထဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် လူမင်းကို ရုပ်ရှင်အစည်းအရုံး နာယကများက ခံဝန်ထိုးခိုင်းခဲ့ခြင်း မရှိဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရိုက်ကူးထားသည့် “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ခဲ့မှုကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကို ခံဝန်ထိုးခိုင်းသည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေခြင်းမှာ မဟုတ်မှန်ဘဲ အစည်းအရုံးမှ နာယကများက ခေါ်ယူသတိပေးခဲ့ခြင်းသာ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက တစ်ဦးက ပြောသည်။

 

ပြည်ခိုင်ဖြိုး ပါတီဘက်မှ မဲဆွယ်သည့် အနုပညာရှင်များ ဝေဖန်ခံရ

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပြည်ခိုင်းဖြိုးပါတီ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့သော အနုပညာရှင်အချို့ ပြည်သူများ အကြားတွင် အပြင်းအထန် ဝေဖန်မှုကို ခံနေရကြောင်း သိရသည်။

စင်ရော်မောင်မောင်နှင့် မေသန်းနုတို့ ရုပ်ရှင် ဇာတ်ကားကြီးတစ်ကား ပြန်လည် လက်တွဲရိုက်ကူးမည်

ဒါရိုက်တာ စင်ရော်မောင်မောင်သည် လာမည့် နိုဝင်ဘာလ၌ ဒေါက်တာ ခင်မောင်ဝင်း၏ “အမေ”၀တ္ထုကို ရုပ်ရှင်ဇာတ်ကား အဖြစ် အကယ်ဒမီ ငါးဆုရှင် ဖြစ်သည့် မေသန်းနုနှင့် အတူ  ပုံဖော် ရိုက်ကူးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထိုဇာတ်ကားသည် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် မေသန်းနုတို့ ၁၀နှစ်ကြာပြီးနောက် ပြန်လည်လက်တွဲ ရိုက်ကူးသည့် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ယင်းဇာတ်ကားတွင် ပါဝင်မည့် သရုပ်ဆောင်များကိုမူ မရွေးချယ်သေးကြောင်း၊ ဇာတ်ကား ရိုက်ကူးရေးသည် တစ်လခွဲ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောသည်။

သမ္မတထံ ရောက်ရှိနေပြီ ဖြစ်သော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အရှုပ်အရှင်းများနှင့် တိုင်ကြားသူနှင့် တိုင်ကြား ခံရသူတို့၏ ဖွင့်ဟ ပြောဆိုချက်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင် အဖွဲ့အား လိမ်လည်မှု၊ မတရားမှု၊ လာဘ်စားမှု၊ အလွဲသုံးစားလုပ်မှု၊ မပွင့်လင်းမှု၊ မရိုးသားမှုတို့ဖြင့် ထိရောက်စွာ အရေးယူပေးပါရန်ဟု ဆိုသည့် တိုင်ကြားစာ တစ်စောင်ကို မြေနီသစ္စာ (မြန်မာ့အလင်းအောင်သန်း)က နိုင်ငံတော် သမ္မတထံ ပေးပို့ တိုင်ကြားထားပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ရုပ်ရှင်လောကသားများ ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု တစ်ခုကိုလည်း အောက်တိုဘာ ၁၃ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြေနီသစ္စာ (မြန်မာ့အလင်း အောင်သန်း)က ထုတ်ဖော် ပြောကြားထားရာ တိုင်ကြားထားသူနှင့် တိုင်ကြား ခံထားရသူများထဲမှ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးထံသို့ Tomorrow က

အကယ်ဒမီ စိစစ်အကဲဖြတ်မှု ယခုလကုန်တွင် အပြီးဆောင်ရွက်မည်

၂၀၁၄ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုအတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများကို ပထမအကြိမ် ကြည့်ရှု စစ်ဆေးပြီးနောက် လက်ရှိတွင် အကယ်ဒမီ ရနိုင်သည့် ဇာတ်ကားများကို ရွေးထုတ်ထားပြီ ဖြစ်ရာ ဒုတိယအကြိမ် အဖြစ် ထပ်မံစိစစ်၍ ယင်းအကယ်ဒမီ စိစစ် အကဲဖြတ်မှုများကို ယခု လကုန်ပိုင်းတွင် အပြီးသတ်ရန် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယက ဦးနှင်းမိုးက ပြောသည်။

နာမည်ကြီး ဟာသ သရုပ်ဆောင် ဂျင်ကာရေး၏ ချစ်သူ မိန်းကလေး မိမိကိုယ်ကို အဆုံးစီရင်

ဟောလီးဝုဒ် နာမည်ကြီး ဟာသသရုပ်ဆောင် ဂျင်ကာရေး၏ ရည်းစားဖြစ်သူ ကက်သရီရိုနာဝှိုက်သည် စက်တင်ဘာ ၂၈ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့တွင် မိမိကိုယ်ကို အဆုံး စီရင်သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ အပျော်ရွှင်တတ်ဆုံး လူသားအဖြစ်လည်း သတ်မှတ်ခြင်း ခံရသော ဂျင်ကာရေး၏ ရည်းစား မိမိကိုယ်ကို အဆုံးစီရင်ခဲ့ ဟူ၍ သတင်းများတွင် ရေးသား ဖော်ပြခဲ့ကြပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုမှာ ဂျင်ကာရေးကြောင့် ဖြစ်သည်ဟု ပရိသတ်များကလည်း ဝေဖန်လျက်ရှိသည်။

ဂျင်ကာရေးနှင့် ၀ှိုက်တို့သည် ၂၀၁၂ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး ၄င်းတို့နှစ်ဦး၏ အချစ်ရေးသည် ပြတ်လိုက် တွဲလိုက်ဖြင့် ရှိနေခဲ့ခြင်း ဖြစ်သည်။

Pages