Local Entertainment

သရုပ်ဆောင်မြင့်မြတ် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ ဇူလိုင်လအတွင်း စတင်ရိုက်ကူးမည်

သရုပ်ဆောင်မြင့်မြတ်သည် လာမည့်ဇူလိုင်လအတွင်း ပထမဆုံးရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်း ၄င်းကပြောသည်။

“ဗိုလ်အောင်ဒင်ဇာတ်ကားမှာက အသံအနေအထားအရ ပရိသတ်တွေလက်မခံမှာကိုတော့ စိုးရိမ်ခဲ့ရတာတွေရှိခဲ့တယ်။ ဇာတ်လမ်းတွဲကိုလည်း ရင်ခုန်မိတယ်။ ဒါက ကိုယ့်အတွက် ပထမဆုံး ဇာတ်လမ်းတွဲပါ။ ခုနောက်ပိုင်းမှာက ဗီဒီယိုဈေးကွက်က အခြေအနေသိပ်မကောင်းဘူးလေ။ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားမှာလည်း စိုးရိမ်တာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ။ နောက်လထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ အချစ်ဟာသလို့တော့ ပြောလို့ရပါတယ်”ဟု မြင့်မြတ်က ပြောသည်။

တောင်ငူထောင်၌ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးကုသမှုခံယူနေရသည့် ရဲတိုက်

တောင်ငူထောင်၌ အကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သည်ဆိုသောသတင်းသည် မှန်ကန်ခြင်းမရှိကြောင်းနှင့် လက်ရှိကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးကုသမှုကိုခံယူနေရကြောင်း ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ပြောသည်။

မြန်မာ့ဇာတ်သဘင် ဖျော်ဖြေရာ၌ စတိတ်ရှိုးဖျော်ဖြေမှုတို့ကို အချိန်အကန့်အသတ်ဖြင့်သာ ခွင့်ပြုတော့မည်

မြန်မာ့ဇာတ်သဘင် ဖျော်ဖြေရာ၌ စတိတ်ရှိုးဖျော်ဖြေမှုကို အချိန်အကန့်အသတ်ဖြင့်သာ ခွင့်ပြုတော့မည်ဖြစ်ပြီး ခေတ်ပေါ်တေးသီချင်းများကို ည ၁ နာရီခွဲနောက်ပိုင်းတွင် ဖျော်ဖြေခွင့်ပြုတော့မည်မဟုတ်ကြောင်း မြန်မာသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ အတွင်းရေးမှူးဦးမိုးဝင်းက ပြောသည်။

“ဒီဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ မဟုတ်ပါဘူး။ အားလုံးရဲ့ဆုံးဖြတ်ချက်အတိုင်း အတည်ပြုခြင်း ဖြစ်ပါတယ်။ ရိုးရာသဘင်ဖြစ်တဲ့အတွက် ရိုးရာထိန်းသိမ်းခြင်းကို လုပ်နေခြင်းဖြစ်ပါတယ်။ စတိတ်ရှိုးကဏ္ဍအနေနဲ့ ဘယ်ချိန်ပဲဖြစ်ဖြစ် ည ၁ နာရီခွဲနောက်ပိုင်းမှာ ရပ်နားပြီး အော်ပရာများကို ညတိုင်း ကပြကြရမှာ ဖြစ်တယ်” ဟု ၄င်းကပြောသည်။

“အပျိုကြီးဖြစ်ဖို့များတယ်”ဟုဆိုသည့် အိုင်းရင်းဇင်မာမြင့် အချစ်ရေးနှင့် ပတ်သက်သည့်ခံစားချက်အား သီချင်းအဖြစ်ပြောင်းလဲရန် အစီအစဉ်မရှိဟုဆို

 ချစ်သူနှင့် ၇နှစ်ကြာလက်တွဲခဲ့ပြီးနောက် လမ်းခွဲပြတ်စဲခဲ့သည့် အဆိုတော်အိုင်းရင်းဇင်မာမြင့်သည် အနုပညာလုပ်ငန်းများကို အချိန်ပိုပေး၍ လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိ အသည်းကွဲခံစားချက်ကို သီချင်းအဖြစ် ပြောင်းလဲသွားရန် အစီအစဉ်မရှိဘဲ နောက်ပိုင်းအချစ်ရေးသည် အပျိုကြီးဖြစ်ရန် သေချာသလောက်ရှိသည်ဟုဆိုသည်။

ချစ်သူဟောင်းအပေါ် ခံစားချက်ကို သီချင်းတစ်ပုဒ်အဖြစ် ဖန်တီးရေးဖွဲ့မည့် အဆိုတော်ကောင်းကောင်း

ရှစ်နှစ်ကြာတွဲခဲ့သည့် ချစ်သူဟောင်းအပေါ်ခံစားချက်ကို သီချင်းသစ်တစ်ပုဒ်အဖြစ် ဖန်တီးရေးဖွဲ့ကာ အွန်လိုင်းပေါ်တွင် နှစ်ပတ်အတွင်းဖြန့်ချိသွားရန် အစီအစဉ်ရှိကြောင်း အဆိုတော်ကောင်းကောင်းက  Tomorrow ဂျာနယ်သို့ ပြောသည်။

သရုပ်ဆောင်ရဲတိုက် အကျဉ်းထောင်မှ လွတ်မြောက်ရန် ခြောက်လခန့်သာလိုတော့ဟု ဒါရိုက်တာရီဇော်ပြော

မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံထားရသော သရုပ်ဆောင်ရဲတိုက်၏ ခံစားချက်စာကို ရေးသားထားမှုသည် အွန်လိုင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက တောင်ငူအကျဉ်းထောင်၌ သွားရောက် တွေ့ဆုံဖြစ်ခဲ့သော ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ရဲတိုက်လွတ်မြောက်ရန် ၆ လခန့်သာ လိုတော့ကြောင်း ပြောသည်။

ပရိသတ် ကြားရင်ကြားတဲ့အတိုင်း ၀ါဆိုရဲ့အချစ်ရေးပါဟု သရုပ်ဆောင် ၀ါဆိုမိုးဦးပြော

Snare အဖွဲ့မှ ဖြိုးလေး၏ချစ်သူဟု လူသိများနေသော သရုပ်ဆောင် ၀ါဆိုမိုးဦးသည် အချစ်ရေးကို သီးသန့် ဦးစားပေး စဉ်းစားတာမျိုး မရှိဘဲ ပရိသတ်များ ကြားနေသည့်အတိုင်း ၀ါဆိုရဲ့အချစ်ရေးပါဟု ၄င်းက တူမောရိုးသို့ ပြောကြားခဲ့သည်။

အဆိုတော်ရဲရင့်အောင်နှင့် သတင်းထွက်နေသည့် သရုပ်ဆောင် ဧငြိမ်းဖြူက အချစ်ရေးအား အချိန်တန်မှ ဖွင့်ပြောမည်ဟုဆို

ဧငြိမ်းဖြူသည် လတ်တလော အွန်လိုင်းပေါ်တွင် ပြောဆိုနေကြသည့် အချစ်ရေးသတင်းများ ထွက်ပေါ်မှုကို မေးမြန်းရာ၌ မိဘများ၏ သဘောထားမှာ ရည်းစားမထားစေချင်သော စိတ်ဆန္ဒရှိနေပြီး အချစ်ရေးကို အသိပေးသင့်သည့် အချိန်ရောက်မှသာလျှင် အသိပေးမည်ဟု ၄င်းကပြောသည်။

“ဒီကိစ္စကို မပြောသေးတာကလည်း အနုပညာလုပ်ငန်း စတင်လုပ်နေချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက်ကြောင့်ပါ။ သူ့ရဲ့အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့လည်း သိထားပါတယ်။ သူဖြစ်သွားတဲ့ အချိန်တုန်းကလည်း ဖြေသိမ့်ပေးခဲ့တာမျိုးတော့ ရှိပါတယ်။ လက်ရှိအချစ်ရေးကိုတော့ အသိပေးသင့်တဲ့ အချိန်ကျရင်တော့ အားလုံးကို အသိပေးမှာပါ”ဟု ဧငြိမ်းဖြူက ပြောသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် သရုပ်ပျက်ဝတ်စားဆင်ယင်ပါက ခြုံထည်ပ၀ါဖြင့် ဖုံးအုပ်သွားမည်

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ရွှေတိဂုံဘုရားနောက်ခံထား၍ ကျင်းပ ပြုလုပ်မည်ဖြစ်သောကြောင့် ထူးချွန်ဆုပေးပွဲတက်ရောက်လာကြသည့် အနုပညာရှင်များ သရုပ်ပျက်ဝတ်စား ဆင်ယင်မှုမဖြစ်စေရန် သတိပေးထားပြီး  ၀တ်စားဆင်ယင်မှုဖြစ်ပေါ်လာပါက အသင့်ဆောင်ထားသော ခြုံထည်ပ၀ါဖြင့် ဖုံးအုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ထိုင်းဒါရိုက်တာနှင့် ထိုင်းမင်းသမီးတို့ တက်ရောက်မည်

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ဆုပေးပွဲသို့ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားသည့် From Bangkok to Mandalay ဇာတ်ကားကို ပုံဖော်ရိုက်ကူးသူ ထိုင်းဒါရိုက်တာဖြစ်သည့် Chartchai Ketnust နှင့် ထိုင်းမင်းသမီး Nann Wagn တို့တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါဇာတ်ကားကို မြန်မာနိုင်ငံဘက်မှ ထုတ်လုပ်သူတစ်ဦးဖြစ် သော မိုးကောင်းကင်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစူဝမ်းက ပြောသည်။

Pages