Local Entertainment

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖိတ်ကြားချက်ဖြင့် “ငါသည်အောင်ဆန်း” ပြဇာတ်ကို မန္တလေးမြို့၌ ဂုဏ်ပြုကပြ ဖျော်ဖြေမည်

ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဇာတ်ညွှန်းနှင့် ဒါရိုက်တာ မြို့တော် မောင်ယဉ်အောင် ရေးသားထားသည့် “ငါသည်အောင်ဆန်း” ပြဇာတ်ကို မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံ၌ မေ ၁၃ရက်မှ ၁၅ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ အနုပညာပွဲတော်ကို မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖိတ်ကြားချက်ဖြင့် ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ်ကို ကြိုဆိုဂုဏ်ပြုရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်းသိရပြီး မင်းသားဖိုးချစ် ဦးဆောင်၍ အနုပညာရှင်များစွာ ပါဝင်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသား ဇေရဲထက်နှင့် ဇာတ်ကားတွဲရိုက်သည်ကို ဝေဖန်သူများမှာ အလုပ်သဘောကို နားမလည်သူများဟု ရွှေရေးထင်ထင် ပြောကြား

စာရေးဆရာမ ရွှေရေးထင်ထင်သည် ဇာတ်လမ်းဇာတ်ညွန်း ကိုယ်တိုင်ရေးသားထား၍ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူးသည့် “ချစ်သူအလိုရှိသည်” ရုပ်ရှင်ဇာတ်ကားကို မင်းသား ဇေရဲထက်နှင့်အတူ တွဲဖက်ရိုက်ကူးနေမှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဝေဖန်မှုများ ရှိခဲ့သည်။

“ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဝေဖန်ပြောဆိုနေကျတာတွေက အလုပ်သဘောကို နားမလည်ဘဲ လုပ်ငန်းအကြောင်းကို သေချာမသိတဲ့သူတွေ ပြောကြတာ ဖြစ်ကောင်းဖြစ်မယ်။ ရွှေရေးအနေနဲ့က သရုပ်ဆောင်လုပ်တဲ့ အပေါ်မှာ နားလည်မှုရှိထားတော့ ဒီအပေါ်မှာ ဘာမှပြောစရာ မရှိပါဘူး။ ဒီဇာတ်ကားကို ပရိသတ်လက်ထဲကို ရောက်ဖို့ ခြောက်လလောက်တော့ ကြာဦးမယ်”ဟု ရွှေရေးထင်ထင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်ကြောင့် နားလည်မှု လွဲခဲ့ရသည့် အနုပညာရှင်များ

မြန်မာနိုင်ငံ၌ လူအများ တစ်နေ့တခြား ဖေ့စ်ဘွတ်ခ် အသုံးပြုသူ များပြားလာပြီး တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ရေးသားတိုက်ခိုက်မှုများ ပိုမိုအဖြစ်များလာသည်။

ထို့အထဲတွင် ပရိသတ်အချစ်တော် အနုပညာရှင်များလည်း ပါဝင်လာပြီး Status တစ်ခုကြောင့် အချင်းချင်း နားလည်လွဲသည်များလည်း ရှိခဲ့သည်။ သရုပ်ဆောင် ခင်ဇာခြည်ကျော် တရားဝင် အသုံးပြုသော အကောင့်မှ ဧပြီ ၂၇ ရက်နေ့ Status တစ်ခု တင်ခဲ့ရာမှ အနုပညာရှင် အချင်းချင်း နားလည်မှု လွဲခဲ့ကြောင်းသိရသည်။

တက်တူးများကြောင့် သာသာနာညှိုးနွမ်းမည်စိုး၍ ရဟန်းခံရှင်ပြု လုပ်ဖြစ်တော့မည် မဟုတ်ဟု ခင်လှိုင်ပြော

သရုပ်ဆောင် လူရွှင်တော် ခင်လှိုင်သည် တစ်နှစ်ခြားတစ်ခါ နှစ်စဉ် မွေးနေ့အလှူရောက်တိုင်း ရဟန်းခံရှင်ပြု လုပ်ခဲ့သော်လည်း ယခုနှစ်တွင် တက်တူးများ များပြားလာမှုကြောင့် ရဟန်းခံရှင်ပြု မလုပ်ဖြစ်တော့ကြောင်း ၄င်းကပြောသည်။

သဘင်ပညာရှင်များ အစည်းအရုံးဗဟိုမှ သတိပေးချက်အပေါ် လူရွှင်တော်များ အနေဖြင့် ပြဿနာမရှိဟု 5 Star အဖွဲ့သားများဆို

သဘင်အနုပညာရှင်များနှင့် ဟာသလူရွှင်တော်များ အနေဖြင့် ပြက်လုံးထုတ်ရာ၌ ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြင့် ပြက်လုံးများ ထုတ်နိုင်သော်လည်း စည်းကမ်းချက်သုံးချက်အား သဘင်ပညာရှင်များ အစည်းအရုံး ဗဟို ရန်ကုန်မှ သတိပေးထားကြောင်း သိရသည်။

ဇာတ်ကားကြီးသုံးကားအတွက် သရုပ်ဆောင်သစ်များ ရွေးချယ်

Dana Chan Thar ကုမ္ပဏီလီမိတက်မှ ရိုက်ကူးထုတ်လုပ်မည့် ရုပ်ရှင်ဇာတ်ကား သုံးကားအတွက် သရုပ်ဆောင် မျက်နှာသစ်များနှင့်အတူ ၀ါရင့်သရုပ်ဆောင်များဖြင့် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။  

ပထဆုံး ရုပ်ရှင်ဇာတ်ကားကြီး၏ ကန်တော့ပွဲ အခမ်းအနားကို ဧပြီ ၂၈ရက်၌ ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotelတွင် ပြုလုပ်မည်ဖြစ်ပြီး သရုပ်ဆောင်သစ် ရွေးချယ်မှုကိုလည်း ယင်းနေ့တွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

SIRအဖွဲ့ ပြိုကွဲနေခြင်းမဟုတ်ပဲ သီချင်းများအတူတွဲဆိုလျက်ရှိကြောင်း ဟန်ထူးလွင်ပြော

Band လေး Band ဖြင့် ဖွဲ့စည်းထားသော SIRအဖွဲ့ အနေဖြင့် ယခုနောက်ပိုင်း ရှိုးပွဲသီဆိုမှု ကျဲပါးလာပြီး Bandများကြားတွင်လည်း ပလေယာ အပြောင်းအလဲများကြောင့် SIRအဖွဲ့ ကွဲသွားပြီဆိုတော့ ကောလာဟလ သတင်းများကို မဟုတ်မှန်ကြောင်း Big Bagအဖွဲ့မှ ဟန်ထူးလွင်က ပြောသည်။
ထို့အပြင် မကြာခင်က ကျင်းပခဲ့သည့် Big Bagအဖွဲ့၏ WADGAF ရှိုးပွဲတွင်လည်း တခြား SIR အဖွဲ့သားများကို မတွေ့ရသောကြောင့် ပရိသတ်များ၏ သို့လောသို့လော သတင်းများကို ဟန်ထူးလွင်က အဆုံးသတ်လိုက် ခြင်းဖြစ်သည်။

 

သူတို့အကယ်ဒမီ ရနိုင်တယ်

လာမည့် ဧပြီ သုံးရက်နေ့မှာ အများပြည်သူ စောင့်စားမျှော်လင့်နေတဲ့ အကယ်ဒမီ ပေးပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ယခုနှစ်က တခြားနှစ်များနဲ့ မတူဘဲ နှစ်နှစ်စာ ပေါင်းပေးမှာ ဖြစ်ပါတယ်။ အကယ်ဒမီပေးမယ့်  MEP ခန်းမကိုလည်း ထူးခြားလှပစွာ ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ၁၆ကားနဲ့ ၂၀၁၅ခုနှစ် အတွက် အကယ်ဒမီ စာရင်းဝင် ၁၃ကား ရှိပါတယ်။ အဲဒီအထဲကမှ ၂၀၁၅ ခုနှစ် စာရင်းဝင် “မောင့်အိမ်သူ”၊ “ကျွန်တော့်ရည်းစား ဘုရားမှာနေသည်”၊ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား” ဇာတ်ကား သုံးကားမှာ ယနေ့အထိ ရန်ကုန်၊ မန္တလေးရုံကြီးတွေမှာ ရုံတင်ပြသခြင်း မရှိသေးပါဘူး။ နှစ်နှစ်စာ ပေါင်းပေးမယ့် ဒီအကယ်ဒမီဆုတွေကို ရုပ်ရှင်

ရန်ကုန်တွင် အောင်မြင်ခဲ့သည့် “ငါသည်အောင်ဆန်း” ပြဇာတ် မန္တလေးတွင်လည်း ထပ်မံကပြဖျော်ဖြေမည်

ယခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ အနုပညာရှင် များစွာဖြင့် အောင်မြင်စွာ ကပြဖျော်ဖြေခဲ့သော “ငါသည်အောင်ဆန်း” ပြဇာတ်အား မန္တလေးမြို့တွင်လည်း ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ဖိုးချစ်ကပြောသည်။

ဖျော်ဖြေမှုပုံစံမှာ ရန်ကုန်တွင် ကပြဖျော်သည့် ပုံစံအတိုင်း တစ်ပုံစံထဲ ဖျော်ဖြေမည်ဖြစ်ပြီး ဖျော်ဖြေမည့်ရက် အတိကျ မသိသေးကြောင်း ၄င်းကပြောသည်။

ယခုနှစ် အကယ်ဒမီ ရွှေကြိုလျှောက်လွှာ လျှောက်ထားသူ ၅၀၀ ခန့်ရှိ

မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအခမ်းအနားအတွက် အကယ်ဒမီဗန်းကိုင် ရွှေကြိုလျှောက်လွှာ လာရောက်လျှောက်ထားသူ ၅၀၀ခန့်ရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ သိရသည်။

Pages