Local Entertainment

သရုပ်ဆောင် ရဲတိုက် ပါဝင်သည့် ဇာတ်ကားများ ဈေးကွက်သို့ ဖြန့်မည်

ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးထားပြီး ဖြန့်ချိခြင်း မပြုရသေးသည့် ရဲတိုက် ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားများကို မကြာမီ ဈေးကွက်သို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ဆာတိုရီ ထုတ်လုပ်ရေး၏ ပရိုဂျူဆာ ဦးမျိုးဇော်က ပြောသည်။

“ဘာလို့ ထုတ်လုပ်ဖြန့်ချိဖို့ မလုပ်တာလဲဆိုတော့ အရင်နှစ်တွေက ဗီဒီယိုဈေးကွက်ဟာ ဆိုးရွားတဲ့ အခြေအနေတွေကြောင့်မို့လို့ ခေတ္တ ဆိုင်းငံ့ ထားလိုက်တာပါ။ ခုလို ဖြန့်ချိဖို့ ဆုံးဖြတ်တာကလည်း  ဗီဒီယို ဈေးကွက်က မကြာခင်မှာ ပြန်ကောင်းလာမယ့် အနေအထားမှာ ရှိတယ်။ ကျိန်းသေးတာတော့ နောက်နှစ်လ အကြာမှာ ထုတ်လုပ်သွားမယ်” ဟု ၄င်းက ပြောသည်။

သရုပ်ဆောင်ရဲတိုက် လွတ်ငြိမ်းခွင့်ရရန် နိုင်ငံတော် သမ္မတထံ အသနားခံစာတင်

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ရန် အတွက် ရုပ်ရှင်လောကသား ၁၀၀ခန့် ပါဝင်သည့် စုပေါင်း လက်မှတ်ရေးထိုး တင်ပြထားသော အသနားခံစာနှင့်အတူ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရေးပေးထားသည့် အသနားခံစာတို့ကို စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း ဆာတိုရီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော်က ပြောသည်။

အကယ်ဒမီအတွက် ဘုတ်အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်း (အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများစာရင်း ထုတ်ပြန်)

၂၀၁၄-၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုကို ၂၀၁၆နှစ်အတွင်း နှစ်နှစ်စာပေါင်း၍ ကျင်းပပေးအပ်သွားမည် ဖြစ်ပြီး အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများကို အကဲဖြတ်နိုင်ရန် ဘုတ်အဖွဲ့ဝင် ခုနစ်ဦး ပါဝင်သည့် အဖွဲ့ကို ဘာသာရပ် တစ်ခုချင်းစီအလိုက် ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်နှစ်စာအတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၇ကားကို ထွက်ပေါ်လာခဲ့သည်။ ယင်းဇာတ်ကားများ စာရင်းကို ဖော်ပြပေးလိုက်ပါသည်။

 

နှစ်နှစ်စာပေါင်း၍ ကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ၂၀၁၆ မတ်လအတွင်း ပြုလုပ်မည်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို  နှစ်နှစ်စာပေါင်း၍ ၂၀၁၆ မတ်လအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

“ကျွန်တော်တို့ လောလောဆယ်မှာ ဆုတွေကို ရွေးချယ်အကဲဖြတ်မယ့် ဘုတ်အဖွဲ့ဝင်တွေတော့ မဖွဲ့စည်းရသေးပါဘူး။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ နှစ်နှစ်စာအတွက် ထူးချွန်ဆု ၂၂ဆုထဲက နေပြီးတော့ အကယ်ဒမီဆုတွေကို ရွေးချယ်ချီးမြှင့်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

သင်္ကြန်တွင် ဦးနှောက် အအေးပက်ရာမှ သွေးတွင်းဆဲလ်ရည် ပျက်စီးသဖြင့် သရုပ်ဆောင် သဇင်သင်း ကွယ်လွန်

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် သဇင်သင်းသည် သွေးတွင်းဆဲလ်ရည် ပျက်စီးခြင်း ရောဂါဖြင့် ဇွန်လ ၃ရက်နေ့ နံနက် ၁ နာရီ ၂၀တွင် နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

“သင်္ကြန်မှာ သီချင်းဆို ရေကစားရင်းနဲ့ ဦးနှောက်အအေး ပတ်တာ။ သူ့မှာ နဂိုကတည်းက  နှလုံးရောဂါ အခံရှိတယ်။ သွေးကင်ဆာတော့ မဟုတ်ဘူး။ သွေးဆဲလ်တွေ ခဲပြီး ပျက်စီးကုန်တာ။ ဒီကြားထဲမှာ ဆေးရုံတက်ပြီး ပြန်ဆင်းလာသေးတယ်။ ဆုံးတာတော့ အိမ်မှာပဲဆုံးတာပါ”ဟု ဒါရိုက်တာ ရဲမြင့်လွင်မှ ပြောကြားသည်။

“ဝေဖန်နေတဲ့ Sexy ပုံစံဆိုတာ သဏ္ဌာန်တူအောင် လုပ်နေတာ သူ့စည်းမျဉ်းအတိုင်း လုပ်သလို ဖြေရှင်းဖို့လည်း အဖြေရှိတယ်” ဟောလိဝုဒ်ထိ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပြနိုင်တဲ့အထိ ကြိုးစားသွားမယ်.. - ဗီယက်နမ် အလှမယ် နန်းဝေေ၀ထွန်း

Sexy ပုံစံ အသားပေး ရိုက်ကူးမှုကြောင့် လူအများက ဝေဖန်နေသည့် ဗီယက်နမ် အလှမယ်ဘွဲ့ရထားသူ မော်ဒယ် နန်းဝေေ၀ထွန်းက Sexyပုံစံ ရိုက်ကူးခြင်းနှင့် ပတ်သက်၍

ပထမဦးဆုံးအကြိမ်အဖြစ် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဇာတ်လမ်းတွဲ မြန်မာ့ရုပ်မြင်သံကြားတွင် ဗိုလ်ချုပ်မွေးနေ့မှ စတင်ပြသမည်

မြန်မာနိုင်ငံတွင် တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး အကြောင်းအား ပထမဆုံးအကြိမ် အဖြစ် ရိုက်ကူးထားသည့် နေရယ် လရယ် အမှန်တရားရယ် အမည်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲအား ဖေဖော်ဝါရီလ ၁၃ရက်နေ့ (ဗိုလ်ချုပ်မွေးနေ့)မှ စတင်ကာ အပတ်စဉ် သောကြာနေ့ ညတိုင်း မြန်မာ့ ရုပ်မြင်သံကြားတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေကြိုကျင်းပရေးအဖွဲ့ကနေ ဖိအားတွေပေးလို့ ရွှေကြိုအဖြစ်ကနေ ဆန္ဒမပါဘဲ နှုတ်ထွက်လိုက်တယ်” ဆိုတဲ့ အောင်ထွဋ်စံ

“ကျွန်တော်ရွှေကြိုအဖြစ် နှုတ်ထွက်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ရွှေကြိုရွေးချယ်ရေး အဖွဲ့ကို “ပစ်စာ” ရောက်လို့ပါပဲ။ ရွှေကြိုကျင်းပရေး အဖွဲ့က တိုင်ထားတဲ့ စာအကြောင်း လာရှင်းပါလို့ ခေါ်ပါတယ်။ ပစ်စာရဲ့ အကြောင်းအရာကို အန်တီ ဒေါ်ရွှေစင်ထိုက်နဲ့ တွေ့တော့မှ သိခဲ့ရပါတယ်။ ပစ်စာထဲမှာ မချိုချို (တောင်ဒဂုံ) ဆီက သိန်း ၄၀ ချေးထားပါတယ်။ သက်သေလက်မှတ် နေရာမှာ ကျွန်တော့်မိန်းမ မဂျူးဂျူးဆိုသူက လက်မှတ်ထိုးထားတယ်။

“နှုတ်ထွက်ဖို့ အတွက် ဘာတစ်ခုမှ အတင်းအကြပ် ဆောင်ရွက်တာမျိုး မရှိပါဘူး ကိုယ့်အထင်ကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စကနေ ကိုယ်တို့ဘက်ကို လှည့်တယ်ထင်တာပဲ” ရွှေကြိုအဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုမျိုး(မြန်မာစာ) ပြောကြား

“ရွှေကြို တစ်ဦး နှုတ်ထွက်ခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အခြေအနေကြောင့် ထွက်ရတာပါလို့ ပြောထားတာ ဦးမြတ်ခိုင် ဆီမှာ အသံဖိုင်ရှိပါတယ်။ ဒီစကားတွေက အစ်ကိုတို့တွေ ပြောလည်း မပြောဘူး။ တစ်ခုတော့ရှိတယ်။ အစ်ကိုတို့ ဂျာနယ်က အမြဲတမ်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ သတင်းတစ်ခု ထူးတိုင်း သွားယူတိုင်း အမြဲတမ်း ရှိတတ်ပါတယ်။ ရှိတဲ့အတွက် အောက်မှာ သတင်းသမားတွေ ရှိပါတယ်။ ဖြေချင်ရင် ဖြေလို့ရတယ်လို့ ပြောတာပါ။

ရတနာမိုင်အတွက် တေးရေးဆရာ ဖြစ်ခဲ့ရတဲ့ နေတိုး

ရုပ်ရှင် ဇာတ်ကားကြီးတိုင်းမှာ သဘာဝ ဇာတ်ရုတ်ပီပြင်အောင် ဖန်တီးနိုင်တဲ့ အကယ်ဒမီ နေတိုးနဲ့ တွေ့ဆုံခိုက် . . .

Pages