World Entertainment

ဒစ်စနေး၏ Star Wars ရုပ်ရှင်ဇာတ်ကားသစ်အတွက် အံ့သြဖွယ် အရောင်းမြှင့်တင်မှု ပုံစံသစ်

အသစ် ထွက်ရှိလာမည့် Star Wars၏ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကား လူကြည့်များစေရေး အတွက် ဒစ်စနေး အရောင်းမြှင့်တင်မှု ပုံစံသည် ပရိသတ်များအတွက် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရသည်။

ဒစ်စနေး ကုမ္ပဏီသည် Star Wars ဇာတ်ကားများထဲတွင် ပါဝင်သော Storm Trooper များကဲ့သို့ လူအယောက် ၅၀၀ကို ၀တ်ဆင်စေပြီး တရုတ်နိုင်ငံရှိ ဂရိတ်ဝေါပေါ်တွင် စီတန်း လမ်းလျှောက်စေကာ အရောင်းမြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်း Storm Trooperများ လမ်းလျှောက်ပြပွဲကို ပရိသတ်များ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး Storm Trooperများအဖြစ် ကြေးစား စစ်သားများကို ငှားရမ်း အသုံးပြုခဲ့သည်ဟုလည်း သိရသည်။

နာမည်ကြီး ဟာသ သရုပ်ဆောင် ဂျင်ကာရေး၏ ချစ်သူ မိန်းကလေး မိမိကိုယ်ကို အဆုံးစီရင်

ဟောလီးဝုဒ် နာမည်ကြီး ဟာသသရုပ်ဆောင် ဂျင်ကာရေး၏ ရည်းစားဖြစ်သူ ကက်သရီရိုနာဝှိုက်သည် စက်တင်ဘာ ၂၈ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့တွင် မိမိကိုယ်ကို အဆုံး စီရင်သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ အပျော်ရွှင်တတ်ဆုံး လူသားအဖြစ်လည်း သတ်မှတ်ခြင်း ခံရသော ဂျင်ကာရေး၏ ရည်းစား မိမိကိုယ်ကို အဆုံးစီရင်ခဲ့ ဟူ၍ သတင်းများတွင် ရေးသား ဖော်ပြခဲ့ကြပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုမှာ ဂျင်ကာရေးကြောင့် ဖြစ်သည်ဟု ပရိသတ်များကလည်း ဝေဖန်လျက်ရှိသည်။

ဂျင်ကာရေးနှင့် ၀ှိုက်တို့သည် ၂၀၁၂ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး ၄င်းတို့နှစ်ဦး၏ အချစ်ရေးသည် ပြတ်လိုက် တွဲလိုက်ဖြင့် ရှိနေခဲ့ခြင်း ဖြစ်သည်။

သမီးဖြစ်သူ၏ ၀တ်လစ်စလစ် ဓာတ်ပုံများကြောင့် ဖခင်ဖြစ်သူမှာ စိတ်ကျဝေဒနာ ခံစားရပြီး ကြိုးဆွဲချ သတ်သေ

ရိုမေနီးယားနိုင်ငံတွင် သမီးဖြစ်သူမှ အဖော်အချွတ် ပလေးဘွိုင်း မဂ္ဂဇင်း၌ မိမွေးတိုင်း ဖမွေးတိုင်းပုံများ ရိုက်ကူးခဲ့၍ ဖခင်ဖြစ်သူမှ ကာလရှည်ကြာ စိတ်ကျရောဂါ ခံစားခဲ့ရပြီး၊ နောက်ဆုံးတွင် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့ကြောင်း သိရသည်။

အဆိုပါ ပလေးဘွိုင်း မဂ္ဂဇင်း မော်ဒယ်လ်မှာ လော်ရီဒါနာဆိုသူ ဖြစ်ပြီး၊ အသက် ၁၈ နှစ်အရွယ် ကတည်းက စကာ ဓာတ်ပုံရိုက်ကူးခံခဲ့ခြင်း ဖြစ်ကာ အတန်ငယ် နာမည်ရပြီး ဖြစ်သူလည်း ဖြစ်သည်။

တက္ကဆက်မော်ဒယ် ဂျယ်ရီဟောက မစ်ဂျက်ကာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်

ကမ္ဘာပေါ်တွင် နာမည် အကြီးဆုံး ရော့ခ်အဆိုတော် ဖြစ်သည့် Rollind Stone အဖွဲ့မှ မစ်ဂျက်ကာသည် တက္ကဆက် စူပါမော်ဒယ် တစ်ဦးဖြစ်သည့် ဂျယ်ရီဟောနှင့် ဟိုတယ်တစ်ခုတွင် အချိန်ဖြုန်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။

ရီဟားနား ၀တ်စုံကြောင့် ဝေဖန်မှုများ ထွက်ပေါ်

ကမ္ဘာကျော် အဆိုတော် ရီဟားနား၏ ပွဲတက်ဝတ်စုံနှင့် ပတ်သက်၍ ၀တ်လစ်စလစ်နီးပါး  ဖြစ်ပေါ်ခဲ့မှု အပေါ်တွင် ကမ္ဘာ့ မီဒီယာ အသီးသီးက ဝေဖန်ခဲ့မှုကြောင့် ရီဟားနား ၀တ်စုံချုပ်လုပ် ပေးခဲ့သည့် ဒီဇိုင်နာ မဲလ် အော်တင်ဘတ်က ၀တ်လစ်စလစ်နီးပါး ဖြစ်ခဲ့ရကြောင်း ၀န်ခံခဲ့သည်။ သူက “ဒါဟာ တုန်လှုပ်စရာ ကောင်းတယ် ဆိုရင်တော့ ကျွန်တော် နားမလည်ပါဘူး ကျွန်တော် တစ်ချိန်လုံး ရီဟားနား နဲ့အတူ ရှိနေပါတယ်။

အစ္စလာမ်မစ်ကို ဆန့်ကျင်သော ရုပ်ရှင်အား You Tube၌ ဆက်လက်ထားရှိခွင့်ပေးရန် Google ကုမ္ပဏီ လျှောက်ထား

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Google သည် ၎င်းပိုင်ဆိုင်သော You Tube ၀က်ဘ်ဆိုက်ပေါ်တွင် ဖယ်ရှားရန် အမိန့်ပေး ခံထားရသော အစ္စလာမ်မစ် ဆန့်ကျင်ရေး ရုပ်ရှင်ကား တစ်ကားကို ပြန်လည် တင်ခွင့်ပေးရန် အမေရိကန် အယူခံ တရားရုံး တစ်ရုံးသို့ လျှောက်ထား ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် You Tubeပေါ်သို့ ရောက်ခဲ့သော Innocence of Muslim ရုပ်ရှင်ကားသည် သွေးထွက် သံယို အကြမ်းဖက် ကိစ္စများကို ဖော်ထုတ် တင်ပြထားသော ဇာတ်ကား ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ မွတ်ဆလင် အများစု၏ ဝေဖန်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုဖြစ်ပွားနေသော အမှုကိစ္စမှာ အဆိုပါ ရုပ်ရှင်ကား၌ ပါဝင်သော သရုပ်ဆောင်များ တစ်ဦးနှင့် ပတ်သက်၍ ဖြစ်ပွားနေခြင်း ဖြစ်သည်။