Interview

“ထိုင်းအစိုးရ လုပ်ကွက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သိနေတဲ့ပုံပဲ မကြာခင်မှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ကွန်ရက်ဥက္ကဋ္ဌ ဦးစိန်ဌေးနှင့် တွေ့ဆုံခြင်း

 

“ဒီအမှုက တရားရုံးရောက်ဖို့ မရောက်ဖို့ ဆိုတာကတော့ ပြောလို့မရသေးဘူး။ မရောက်ဖို့ကတော့ များသွားပါပြီ။ ပြောမယ်ဆိုရင် အမှုပိတ်သိမ်းရမယ့် သဘောပေါ့” - ကင်ပွန်း ချောင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူရ

ကျိုက်ထီးရိုးသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွား ကိုရီးယား အမျိုးသမီး တစ်ဦးသည် ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ၄င်း၏မိန်းမကိုယ်အတွင်း ကွန်ဒုံးရောက်ရှိမှုနှင့် ပတ်သက်၍ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းနယ်မြေ ရဲစခန်းတွင် (ပ)၃၅/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ချက်များကို ကင်ပွန်းချောင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူရနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် တင်ပြလိုက်ပါသည်။

 

မေး။ ဆရာတို့ အနေနဲ့ ကိုရီးယား အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဆေးစာပို့ထားတယ်ဆိုတော့ အဖြေ ရပြီလား။

“ကဗျာရဲ့ အမျိုးသားကို ပြောချင်တာက သူ့အမျိုးသမီးရဲ့ဘ၀ကို သူပဲသတ်လိုက်တာပါ” - အဆိုတော် မေခလာ (ခ) ချစ်ငယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကိုယ့်ငွေပြန်ရဖို့ အရေးထက် တစ်ယောက်နဲ့တစ်ယောက် မျက်နှာနာစရာတွေ ဖြစ်မသွားအောင်ပါ။ မျက်နှာနာစရာတွေ ဖြစ်သွားရင်လည်း သူ့ရဲ့သားစဉ်မြေးဆက်အထိ သိက္ခာတရားတွေ ကျသွားမှာပါ ...

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများနှင့် အနုပညာလောကတွင် လူစိတ်ဝင်စားမှု အများဆုံး ဖြစ်နေသည့်  သတင်းမှာ အဆိုတော် ကဗျာဘွဲ့မှူးနှင့် ငွေကျပ်သိန်းတစ်သောင်းကျော် ကိစ္စ ဖြစ်သည်။ အဆိုပါ ငွေကျပ် သိန်းတစ်သောင်းကျော်နှင့် ပတ်သက်၍ ငွေရင်းနှီးမြှုပ်နှံခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သော အဆိုတော် မေခလာနှင့် အောက်ပါအတိုင်း မေးမြန်းဖြစ်ခဲ့ပါသည်။

“အဖွဲ့အစည်းရဲ့ စည်းကမ်းကို ဖောက်ဖျက်ရင် ထိုက်သင့်တဲ့ အရေးယူမှုကို သူတို့တွေလည်း နားလည်မှာပါ။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမှာတော့ မထိခိုက်နိုင်ပါဘူး” - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဋ္ဌေးနှင့် တွေ့ဆုံခြင်း

ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထားများကို သိရှိစေရန် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီသို့ အကြောင်းကြားခြင်း မရှိဘဲ “၀”ဒေသသို့ သွားရောက်ခဲ့သည့်အတွက် ကော်မတီမှ အထုတ်ခံရသည့်အပေါ် ကျေကျေနပ်နပ် လက်ခံပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် ဆက်လက်လုပ်ကိုင် သွားမည်ဟုဆိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဋ္ဌေးနှင့် Tomorrowဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့သည်။

Tomorrow ။ ။ ဘယ်လို ရည်ရွယ်ချက်နဲ့ “၀”ဒေသကို သွားခဲ့တာလဲ။

ကျောင်းသားသပိတ်နှင့် ပတ်သက်၍ စာရေးဆရာမခင်သန္တာ၏ ပြောကြားချက်အပေါ် သူတို့၏ ဝေဖန်သံများ

၂၀၁၅ နှစ်ဆန်းပိုင်းက စတင်ခဲ့သော အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားများ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ အကြောင်းကို စာရေးဆရာမ ခင်သန္တာက ထည့်သွင်းဟောပြောခဲ့သည်။ ထိုသို့ဟောပြောရာတွင် ဆန္ဒပြ ကျောင်းသားများ အနေဖြင့် ကျောင်းတက်ဘွဲ့ရပြီးမှသာ မိမိတို့ လိုချင်သည့် ပညာရေးစနစ်ကို တောင်းဆိုသင့်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးအတွက် သပိတ်မှောက်ပုံနှင့် နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။ ထိုသို့ပြောဆိုရာတွင် အချက်လက်တစ်ချို့ မှားယွင်းမှုများကြောင့် ဝေဖန်မှုများ ရှိနေပြီး ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကျောင်းသားများကလည်း မှားယွင်သည့် အချက်များကို ပြန်လည်ထောက်ပြခဲ့သည်။ ပြန်လည်ထောက်ပြခဲ့သူအချို့ အမြင်များကိ

“ပေးတဲ့သူက ပေးတယ်။ ယူတဲ့သူကလည်း ခပ်တည်တည်နဲ့ ရေအတွက်လှူလိုက်တယ်ဆိုတာ မလုပ်သင့်ပါဘူး” - မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ၀ါရင့်သတင်းစာ ဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး)နှင့် အင်တာဗျူး

ပြည်တွင်း မီဒီယာကြီးတစ်ခုက နှစ်သစ်ကူးလက်ဆောင် ပေးခဲ့သည့်အထုပ်အား စစ်ဆေးရာငွေ ကျပ်သိန်း၅၀ ဖြစ်နေသည့်အတွက် အစိုးရအဖွဲ့ အနေဖြင့် ယင်းငွေအား လက်ခံခြင်းမရှိဘဲ ပေးသည့် ကုမ္ပဏီအား အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ယင်းငွေကျပ်သိန်း ၅၀ကို ရေရှားပါး၍ လိုအပ်ချက်ရှိနေသည့် ဒေသသို့ လှူဒါန်းခဲ့သည့်အပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဖိုးသောကြာ (ခေတ်+မိုး)ကို Tomorrow ဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

Tomorrow။ ။ လုပ်ငန်းရှင် မဟုတ်ဘဲ မီဒီယာကြီးတစ်ခုက ငွေကျပ်သိန်း ၅၀ ပေးတဲ့အပေါ်မှာ ဘဘရဲ့အမြင်လေးကို ပြောပြပေးပါ။

တိုင်းရင်းသားဝန်ကြီးနေရာ အတွက် ပါတီခေါင်းဆောင်များ၏ မျှော်လင့်ပြောကြားချက်များ

ဦးခက်ထိန်နန် [စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ (ကချင်ပြည်နယ်)

လာမည့် အစိုးရသစ် လက်ထက်တွင် ၀န်ကြီးဌာနတစ်ခုဖြစ်သည့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနအား ထားရှိမည်ဖြစ်သည့် အတွက် ယင်းဌာနတွင် တာဝန်ယူရန် ပြည်ထောင်စုဝန်ကြီး တစ်ဦး ခန့်အပ်ရမည်ဖြစ်ရာ ခန့်အပ်လာမည့် ၀န်ကြီးအပေါ် တိုင်းရင်းသားများ အနေဖြင့် လက်ခံနိုင်မှု ရှိမရှိကို အခုလို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ဦးခက်ထိန်နန် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ (ကချင်ပြည်နယ်)

ခေတ္တရပ်နားခဲ့သော အပန်းဖြေ စခန်းကြီးနှင့် အခြားသော ထိန်းသိမ်းမှု လျော့နည်းနေသည့် အပန်းဖြေစခန်းများအပေါ် သူတို့၏ ပြောကြားချက်များ

နည်းပညာပိုင်းဆိုင်ရာနှင့် Operation ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ယခုလ လဆန်းပိုင်းက ခေတ္တရပ်နားထားခဲ့သော အပန်းဖြေ စခန်းကြီးနှင့် အခြားသော ထိန်းသိမ်းမှု လျော့နည်းနေသည့် အပန်းဖြေစခန်းများနှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့၍ စီးပွားရေး ပညာရှင်အချို့ ဧည့်လမ်းညွှန်များနှင့် ရောက်ရှိခဲ့ဖူးသော သူများ၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ရပါသည်။

ဦးတင်သန်းဦး (စီးပွားရေး ဥပဒေအကြံပေး)

“လွှတ်တော်သက်တမ်း ငါးနှစ်မှာ ဒီဖွဲ့စည်းပုံကို ပြင်နိုင်ဖို့အတွက် အချိန်လုံလောက်မှုရှိ၊ မရှိကိုတော့ ခန့်မှန်းလို့ မရသေးပါဘူး” - ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနှင့် အင်တာဗျူး

ဒုတိယအကြိမ်မြောက် လွှတ်တော်သက်တမ်း စတင်ချိန်တွင် ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးမန်းဝင်းခိုင်သန်းအား Tomorrow သတင်းဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။  

Tomorrow ။ ။ ၂၀၀၈ အခြေခံ ဥပဒေကို ပြည်သူများ လိုလားချက်အတိုင်း ပြင်ဆင်မယ်ဆိုရင် လွှတ်တော်သက်တမ်း ငါးနှစ်တာက လုံလောက်တဲ့ အချိန်ကာလတစ်ခုလို့ ထင်ပါသလား။

“ရဲလေးဆိုတာ လူပျိုလူလွတ်တစ်ယောက် ပြန်ဖြစ်သွားပြီ။ ကျွန်တော် အိမ်ထောင်သည် မဟုတ်တော့ဘူး” - အဆိုတော် ရဲလေးနှင့် တွေ့ဆုံခြင်း

ဝန်ကြီးဦးအောင်မင်း၏ သမီးနှင့် လက်ထပ်ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုနှင့် အတန်ငယ် ဝေးကွာခဲ့သည့် အဆိုတော်ရဲလေးက အနုပညာ လှုပ်ရှားမှုများ ပြန်လည်လုပ်ကိုင်တော့မည်ဟု ဆိုသည်။ နိုင်ငံရေးပြက်လုံးများကို အဓိကထား ပြက်လုံးထုတ်လေ့ရှိသည့် နှင်းဆီအငြိမ့် အဖွဲ့တွင်လည်း ၀န်ကြီး ဦးအောင်မင်းသမီးနှင့် လက်ထပ်ပြီး နောက်ပိုင်း ပါဝင်ခြင်း မပြုတော့ဘဲ ရပ်နားထားရာ ယခုအခါ နှင်းဆီအဖွဲ့တွင် ပြန်လည်ပါဝင်တော့မည်ဟု ရဲလေးက ပြောသည်။ ထိုကြောင့် ရှေ့ဆက် ၄င်းလုပ်ကိုင်မည့် အနုပညာလုပ်ငန်းများနှင့် ပတ်သက်ပြီး Tomorrow ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။  

Pages