Interview

NLDပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းနှင့် အင်တာဗျူး

“ပြည်သူတွေဆိုတာက ဝေဖန်မှုတွေကို အမျိုးမျိုးလုပ်တာက သူတို့ရဲ့အပိုင်းပါ။ ကိုယ်က ပါတီကလူ ဖြစ်နေတဲ့အတွက် ဝေဖန်မှု အမျိုးမျိုးကို ခံနိုင်ရည်ရှိအောင်တော့ ကြိုးစားပြီးနေရမှာပါ”

လိပ်ကျွန်လူသတ်မှု သေဒဏ်စီရင်ချက်အပေါ် မြန်မာဥပဒေပညာရှင်များ၏ ပြောကြားချက်များ - ပိုင်လေး

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းတရားစီရင်ရေး မဏ္ဍိုင်မှ မြန်မာနိုင်ငံသား နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့သည်။ အဆိုပါ အမိန့်မှာ မြန်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားက အံ့သြခဲ့ကြသည်။  မျက်မြင်သက်သေ မရှိခြင်းနှင့် ခိုင်လုံသည့် အထောက်အထား မပြနိုင်ခြင်းကြောင့် ဖြစ်သည်။  ယင်းအပေါ် မြန်မာနိုင်ငံ အတွင်းရှိ ဥပဒေ ပညာရှင်များက အမှုနှင့်ပတ်သက်၍ တရားမျှတမှု မရှိပါဘူးဟု ဆိုသည်။ ထိုကြောင့် အဆိုပါအမှုပေါ် ဥပဒေပညာ ရှု့ထောင့်မှ ၄င်းတို့၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။

ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

“ဒီနိုင်ငံကို ချစ်တဲ့အတွက် တစ်ချိန်ကျရင် ဒီနိုင်ငံမှာ လာနေဖို့ ဆုံးဖြတ်ထားပါတယ်” - တက်တူးပညာရှင် ကနေဒါနိုင်ငံသူ Kristin Grantနှင့် မေးခွန်း ငါးခု

Tomorrow။ ။ အစ်မရဲ့ နာမည်နဲ့ ဘယ်နိုင်ငံက လာသလဲ သိပါရစေ။
ကျွန်မနာမည်က Kristin Grantပါ။ ကနေဒါက လာတာပါ။

Tomorrow။ ။ တက်တူးရေးဆွဲဖြစ်ပုံကို ပြောပြပေးပါ။
ခနာကိုယ်မှာ ပန်းချီဆွဲတဲ့ အလုပ်ကို ကနေဒါမှာဘဲ စတင်လုပ်ဖြစ်ခဲ့တယ်။ သရဲပုံတွေ ဖုတ်ကောင်ပုံတွေ ဆွဲပါတယ်။ အခု အာရှကိုရောက်တော့ ပုံသစ်တွေ ဆွဲဖို့ရှိပါတယ်။

နိုင်ငံရေးပင်စင် ခံစားခွင့်အပေါ် သူတို့အမြင်

ယခုလွှတ်တော် သက်တမ်းအပြီး အနားယူရမည့် လွှတ်တော် ကိုယ်စားလှယ်များအား နိုင်ငံရေးပင်စင် ခံစားခွင့်ပေးမည့် အစီအစဉ်နှင့် ပတ်သတ်၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များကို ဖော်ပြလိုက်ရပါသည်။

သူရဦးအောင်ကို (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
နိုင်ငံရေး ပင်စင်ပေးခြင်း မပေးခြင်းနှင့် ပတ်သက်ပြီး သူရဦးအောင်ကိုက သူ၏ဖေ့ဘွတ်စာမျက်နှာတွင် ဒီဇင်ဘာ ၂၉ရက် နေ့နံနက်ပိုင်းက အောက်ပါအတိုင်း သဘောထားမှတ်ချက် ပေးထားသည်ကို ပြန်လည်ကူးယူ ဖော်ပြပါသည်။
ဘယ်သူ့ကိုမှ မတိုက်ခိုက်ပဲ စိတ်ထဲခံစားရတဲ့အတိုင်း ပြောရရင် လွှတ်တော်အမတ် ပင်စင်ကို မလိုချင်ပါဘူး။

“အမျိုးသားလွှတ်တော်ရော ပြည်သူ့လွှတ်တော်ရော ဥက္ကဋ္ဌတွေကို သူရွေးချယ်ရမှာပါ။ ဘယ်သူ့ကို ရွေးချယ်မယ် ဆိုတာတော့ မသိပါဘူး။ ကျွန်တော့်ကို တင်မယ်ဆိုတာလည်း ဒါထင်ကြေးနဲ့ ပြောနေကြတာပါ” အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ဖွယ်ရှိနေသော ဦးအေးသာအောင်နှင့် အင်တာဗျူး

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွယ်ရှိနေသည်။ ထိုသို့ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာ ပေးမည်ဆိုပါက မည်သို့ဆောင်ရွက်နိုင်မည်လဲ ဆိုသည်ကို သိရှိစေရန် လက်ရှိအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်အား တွေ့ဆုံ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု ကိစ္စများကို ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

 

အစိုးရအဟောင်းရဲ့ ကောင်းမွေဆိုးမွေကို အမွေဆက်ခံရမယ့် အစိုးရသစ်အပေါ် လွှတ်တော် ကိုယ်စားလှယ်နှင့် ပညာရှင်တို့၏ အမြင်

နိုဝင်ဘာလ ၁၇ရက်က ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရ အဖွဲ့က အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီထံ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကတိပြုထားပြီး ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့သည့် လုပ်ငန်း ၈၄ခု ပယ်ဖျက်ပေးရန် အစီရင်ခံစာ တင်သွင်းခဲ့သည်။ ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း  အာဏာရပါတီ နေရာအများဆုံး ရရှိထားသည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ပယ်ဖျက်ပေးရန် ထောက်ခံမဲ များခဲ့သည့်အတွက် စီမံကိန်းများ ပယ်ဖျက်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးမှု အချို့ကို ဖော်ပြလိုက်ပါသည်။

 

ရွေးကောက်ပွဲအပြီး လွှတ်တော်ပြင်ပ ရောက်ရှိသွားသည့် အမတ်တချို့ ဖွင့်ဟပြောကြားလာသော သူတို့၏ နိုင်ငံရေး အနာဂတ်ခရီး

ယခင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ် အများအပြားသည် ယခု ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်သွားကြောင်း အများသိပြီးဖြစ်သည်။ ထိုသို့ ရှုံးနိမ့်သွားသော လွှတ်တော် ကိုယ်စားလှယ်များတွင် အများပြည်သူ လက်ခံသည့် လွှတ်တော်ကိုယ်စားလှယ် တချို့လည်း ပါဝင်ခဲ့ရာ ၄င်းတို့ လွှတ်တော်  ငါးနှစ်သက်တမ်း အတွင်း လှုပ်ရှားဆောင်ရွက်မှုများမှာလည်း ယခုအခါ အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ယခုလွှတ်တော် သက်တမ်းတွင် ပြန်လည်အရွေးမခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်)၊ ဦးသိန်းညွန့် (အမျိုးသားလွှတ်တော်)နှင့် ဦးလှဆေ

“ဝန်ကြီးအနေနဲ့ ပေးတဲ့ကားကို ကျွန်တော်မစီးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်စီးတဲ့ ကားထက် နိမ့်လို့” - ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် တွေ့ဆုံခြင်း

ဝန်ကြီးဖြစ်ရတာ ဒုက္ခတွေ အများကြီးရှိပေမယ့် အဲဒါတွေကို ဒုက္ခလို့ မသတ်မှတ်ဘဲ ရခိုင်လူမျိုးတွေကို ပေးဆပ်ရတယ်လို့ပဲ သဘောထားပါတယ်။ ၀န်ကြီးဖြစ်ရတဲ့ သုခကတော့ မတက်ဖူးတဲ့ အခမ်းအနားတွေ တက်ရတယ်။ ရခိုင်လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ဒါက ၀န်ကြီး ဖြစ်ရတဲ့ သုခပါဟု ပြောကြားခဲ့သည့် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့သည်။

 

ပါတီတွင်း သဘောထားကွဲလွဲမှုများ မည်သို့ပင်ရှိနေပါစေ ဒေသခံပါတီကိုသာ မဲပေးသွားမည်ဟု ရခိုင်ဒေသခံအချို့ဆို

ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသားများ အဓိက အားထားသည့် ရခိုင်အမျိုးသား ပါတီအတွင်း အလုပ်အမှုဆောင် အဖွဲ့များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဒေသခံပြည်သူများ အနေဖြင့် ဒေသခံ ရခိုင်အမျိုးသား ပါတီအား မဲပေးခြင်း ရှိ/မရှိနှင့် အခြားပါတီများမှ မည်သည့် ပါတီများအား မဲထည့်ရန် စိတ်ဝင်စားမှု ရှိ/မရှိကို Tomorrow ဂျာနယ်မှ ဒေသခံ ပြည်သူများနှင့် ပါတီမှ  ကိုယ်စားလှယ်လောင်းတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

“ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ မတရားအသင်း မဟုတ်ဘူး။ ဘယ်တုန်းကမှ အကြမ်းဖက်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့တွေရဲ့ နိုင်ငံရေး ဘ၀ကို ပြန်ကြည့်ပါ” - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် အင်တာဗျူး

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၂တွင် အောက်တိုဘာ ၁၅ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါ လက်မှတ်ရေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ တက်ရောက် လက်မှတ်ရေးထိုးရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (ABSDF)လည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် ABSDF၏ အပစ်အခတ် လက်မှတ်ရေးထိုးခြင်း ဆိုင်ရာ သဘောထားများ၊ လုပ်ဆောင်ချက်များနှင့် အစိုးရနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်မည့် ကဏ္ဍများ စသည်တို့ကို သိရှိစေရန် ABSDFအဖွဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံ မေးမြန်းချက်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ရပါသ

Pages