News

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း) အား ယခုနှစ်အတွင်း တရားဝင်မှတ်ပုံတင်မည်

၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အား ယခု ၂၀၁၇ ခုနှစ်အတွင်း၌ တရားဝင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ ဦးဂျင်မီက ပြောသည်။
“ကျွန်တော်တို့ အခု မှတ်ပုံတင်ဖို့အတွက် ပြင်ဆင်တာတော့ ပြင်ဆင်နေပါပြီ။ ဒီနှစ်အတွင်းမှာ မှတ်ပုံတင်သွားမှာပါ”ဟု ဦးဂျင်မီက ပြောသည်။

တန်ဖိုးနည်းအိမ်ရာများ၏ ဘဏ်ချေးငွေ ပြန်ဆပ်ရမည့် ကာလကို ၁၅ နှစ်အထိ သက်တမ်းတိုးပေး

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် စာရင်းဖွင့်၍ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူရန် ချေးယူသူများအနေဖြင့် ဘဏ်သို့ ချေးငွေ ပြန်ဆပ်ရမည့်ကာလကို ၁၀ နှစ်အစား ၁၅ နှစ်အထိ သက်တမ်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။

“ခုလုပ်နေပါပြီ။ ပြီးသွားတဲ့ဟာကတော့ မဆိုင်တော့ဘူး။ ဒီလာမယ့် နောက်ထပ်ချေးမယ့် သူတွေကို ၁၅ နှစ် ကာလထိ တိုးပေးတော့မယ်။ အရင်က ဆယ်နှစ်။ ခုလာမယ့်ဟာတွေအတွက် ဆယ့်ငါးနှစ်ပေါ့”ဟု CHDB ဘဏ်၏ ဥက္ကဋ္ဌ ဦးဝင်းဇော်က တူမောရိုးသို့ ပြောသည်။

အစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်သည်များအား စနစ်တကျ ဗျူဟာမြောက်သော ပြန်ကြားရေးစနစ်မျိုးဖြင့် ပြန်ကြားဖို့ လိုအပ်ဟု ဦးမင်းကိုနိုင် အကြံပြု

အစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်သည်များအား စနစ်တကျ ဗျူဟာမြောက်သော ပြန်ကြားရေး စနစ်မျိုးဖြင့် ပြန်ကြားဖို့ လိုအပ်ကြောင်းနှင့် သတင်းများ ထုတ်ပြန်ရာတွင် နိုင်ငံတကာက နားလည်နိုင်သည့် ဘာသာစကားများကို အသုံးပြုသင့်ကြောင်း ဦးမင်းကိုနိုင်က အကြံပြုပြောကြားခဲ့သည်။

ဂေါက်ရိုက်လွန်းသဖြင့် ခင်ပွန်း၏ငယ်ပါကိုဖြတ်ခဲ့သော ဇနီး

တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ဂေါက်ရိုက်လွန်းသော ခင်ပွန်းဖြစ်သူ၏ငယ်ပါကို ဖြတ်ပြီး နောက်အိမ်သာထဲထည့်ကာ ရေဆွဲချခဲ့သည်။ ဇနီးဖြစ်သူသည် အသက် ၅၀ အရွယ်ခင်ပွန်း အိပ်ပျော်နေစဉ် သူ၏ငယ်ပါကို ကတ်ကြေးဖြင့်ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းများက အဆိုပါ လင်မယားသည် တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ခင်ကြသဖြင့် ယခုကဲ့သို့ဖြစ်သွားခြင်းမှာ အံ့သြထိတ်လန့်ဖွယ် ကောင်းကြောင်းပြောကြားခဲ့သည်။ သို့သော် အသက် ၅၄ နှစ်အရွယ်ဇနီးဖြစ်သူ ကင်မ်ကမူ သူမ၏ ယောက်ျားသည် သူမကို မသိကျိုးကျွံပြုနေသည်မှာကြာပြီဖြစ်ကြောင်း၊ သူမအပေါ်တွင်လည်း ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့က သူမအားစစ်ဆေးသည့်အခါ ပြောကြားခဲ့သည်။

ဘရပ်ဆဲ(လ်)မြို့၌ စစ်သားများကို ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား

ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ(လ်)မြို့လယ်၌ ဓားကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးသည် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်သားများကို ဓားဖြင့်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါအမျိုးသားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုမှာ ဒေသစံတော်ချိန် နံနက် ၈း၁၅ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အရေးသည် လ၀ကပြဿနာဖြစ်ပြီး ခိုးဝင်သည့်အတိုင်း ကိုင်တွယ်ရန်လိုဟု ဦးသိန်းညွန့်ပြော

ရခိုင်ပြည်နယ်အရေး သည် လ၀ကပြဿနာဖြစ်ပြီး ခိုးဝင်ဘင်္ဂါလီများကို ခိုးဝင်သည့်အတိုင်း ကိုင်တွယ်ရန် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်းညွန့်က သြဂုတ်လ ၂၆ ရက်က ပြောကြားလိုက်သည်။

“အရင်ဆုံးပြောရရင် ရခိုင်ပြည်နယ်အရေးမှာ အမြင်က အရေးကြီးတယ်။ ပြဿနာက လ၀ကပြဿနာ ဖြစ်တယ်။ တစ်ဖက်နိုင်ငံက သူတို့ဆီမှာ လူဦးရေ ပေါက်ဖွားမှုများလာလို့ နယ်မြေကျဉ်းပြီး ရခိုင်ပြည်နယ်ကို ခိုးဝင်လာတာဖြစ်တယ်။ ကျူးကျော်လာတာဖြစ်တယ်။ ခိုးဝင်လာတဲ့ သူတွေကို ခိုးဝင်လာတဲ့သူတွေ ကိုင်တွယ်တဲ့အတိုင်း ကိုင်တွယ်ရမှာဖြစ်တယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

အလုပ်သမားအရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်ဝင်စားမှုမရှိဟု အလုပ်သမားရှေ့နေက ဝေဖန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အလုပ်သမားအရေးကို စိတ်ဝင်စားမှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေးက သြဂုတ်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

မြန်မာ့ဂန္ထ၀င်ကဗျာကို ခေတ်အခြေအနေအရ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးပြော

မြန်မာ့ဂန္ထ၀င်ကဗျာကို ခေတ်အခြေအနေအရ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက သြဂုတ်လ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော မြန်မာ့ဂန္တွဝင်ကဗျာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၂၀ ကျော်ပြီ

မြန်မာနိုင်ငံတွင် ယခုနှစ်ဇန်န၀ါရီမှ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ နှစ်သောင်းကျော်နှင့် သေဆုံးသူ ၁၀၀ ကျော်အထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ဒီရောဂါက ၂၀၁၆ ခုနှစ်မှာ တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီး ဒီနှစ် ဇန်န၀ါရီကနေ သြဂုတ်ထိကို ဖြစ်ပွားတဲ့ လူဦးရေက ၁၉၈၂၈ ဦးနဲ့ သေဆုံး ၁၂၅ ဦးဖြစ်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေး စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်းက ပြောသည်။

Pages