News

အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မူကြောင့် ဘင်္ဂါလီတစ်ဦးမှ ပြန်မရောက်သေး

 ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ လက်ရှိအချိန်ထိ တစ်ဦးမှဝင်ရောက်လာခြင်းမရှိခြင်းမှာ မြန်မာနိုင်ငံဘက်မှ အားနည်းခြင်းကြောင့်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှ ကြန့်ကြာနေခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

သမ္မတကြီး ကျန်းမာနေကောင်းစွာဖြင့် ပြန်လည်ရောက်ရှိ

စင်​ကာပူနိုင်​ငံသို့​ ဆေးစစ်​ရန် ​ဇန်​နဝါရီ၂၃ရက်​​နေ့က ထွက်​ခွာသွား​သော နိုင်​ငံ​တော်သမ္မတကြီး   ဦးထင်​​ကျော်​သည်​ ကျန်းမာ​နေ​ကောင်းစွာဖြင့်​ ယ​နေ့ ဇန်​နဝါရီ ၂၆ရက်​​နေ့  ည​နေ ၃း၄၅ နာရီတွင်​အထူး​လေယာဉ်​ဖြင့်​​ နေပြည်​​တော်​သို့ြ ပန်​လည်​       ​ရောက်​ရှိ​ကြောင်း သတင်းရရှိသည်​။

ယာဉ်တိုက်မှုဖြစ်ရာမှ ဘင်္ဂါလီ ၁၂ ဦးအား တစ်ဦးလျှင် ကျပ် ၁၈ သိန်းဖြင့် ခိုးသွင်းလာမှုပေါ်ပေါက်

               မင်းဘူးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ပွတ်ချောင်းတံတားထိပ်တွင် ဇန်န၀ါရီ ၁၇ ရက် နံနက် ၄ နာရီ အချိန်ခန့်က မကွေးမှ မင်းတုန်းသို့ မောင်းနှင်လာသည့် ခရီးသည်တင် အားမာန်သစ်ယာဉ်နှင့် မင်းဘူးမှ မကွေး၊ ရန်ကုန်သို့သွားမည့်   ဟွန်ဒါဖစ်ကားတို့ တိုက်မိရာ ဟွန်ဒါဖစ်ကားဖြင့် ပါလာသည့် ဘင်္ဂါလီ ၁၂ ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်းကို သိရသည်။

တစ်ဖက်နိုင်ငံရောက် ဘင်္ဂလီများ ပြန်လည်လက်ခံမှု သုံးရက်ကြာသည်အထိ တစ်ဦးတစ်ယောက်ပင် ပြန်လာခြင်းမရှိ၊ နိုင်ငံသားဖြစ်ခွင့်ပေးရန်အပါအ၀င် အချက်သုံးချက် လိုက်လျောမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဟု ဘင်္ဂါလီများ တောင်းဆိုထားဟုဆို

      တစ်ဖက်နိုင်ငံရောက် ဘင်္ဂါလီများအား ဇန်န၀ါရီလ ၂၃ရက်တွင် ပြန်လည်လက်ခံနေသော်လည်း မြန်မာအစိုးရအနေဖြင့် ၄င်းတို့အား နိုင်ငံသားဖြစ်ခွင့်ပေးရန်အပါအ၀င် အချက်သုံးချက်ကို လိုက်လျောမှသာ ပြန်လည်ဝင်ရောက်မည်ဟု တောင်းဆိုထားကြောင်း သိရသည်။

သက်တမ်း နှစ်တစ်ရာရှိ ချင်းချောင်း နန်းတော်အား ပုဂ္ဂလိကသို့ ငှားရမ်းရန်စီစဉ်

သက်တမ်း နှစ်တစ်ရာရှိ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)အား ပုဂ္ဂလိကသို့ ငှားရမ်းရန်စီစဉ် လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ အနုပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ပုဂ္ဂလိကသို့ ငှားရမ်းရန်စီစဉ်နေသည့်  ချင်းချောင်းနန်းတော်သည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် တည်ရှိပြီး အဆိုပါနန်းတော်၏ မြေညီထပ်နှင့် ပထမထပ်အပါအ၀င် နန်းတော်ရှိ အလျား ၃၀ပေ၊အနံ ၃၀ပေရှိ ပန်းပုဆောင်ဟောင်း မြေနေရာအား ပုဂ္ဂလိကသို့ ဌာရမ်းရန်စီ        စဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ နန်းတော်သည် အရှေ့တိုင်းနှင့် အနောက်တိုင်းလက်ရာများဖြင့် တည်ဆောက်ထားသည့် ငါးထပ် အဆောက်အဦဖြစ်ကာ လင်ချင်းချောင်းဆိုသည့် တရုတ်လုပ်ငန်းရှင်တစ်

တနိုင်းတွင် ကောင်းကင်မှ ကျလာသောပစ္စည်းသည် ဂြိုဟ်တုပျက်အပိုင်းအစတစ်ခု ဖြစ်နိုင်ဟုဆို

         တနိုင်းမြို့နယ်၊ ဖားကန့်နှင့် တနိုင်းကြားတွင် ဇန်န၀ါရီ ၂၀ ရက်နေ့က ကောင်းကင်မှ ပေါက်ကွဲသံဖြင့် ပစ္စည်းအပိုင်းအစများ ကျလာခဲ့ခြင်းမှာ အိမ်နီးချင်းနိုင်ငံများမှ ဂြိုဟ်တုပျက်တစ်ခု ဖြစ်နိုင်ကြောင်း သိရသည်။

အင်္ဂလန်သံအမတ်ကြီး အင်ဒရူးပက်ထရစ် မြန်မာအမျိုးသမီးနှင့် စေ့စပ်ကြောင်းလမ်း

              မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန် သံအမတ်ကြီး အင်ဒရူးပက်ထရစ်သည် ၂၀၁၈ ဇန်န၀ါရီ ၂၀ ရက်က ပြုလုပ်သော သံအမတ်ကြီး နေအိမ်ပါတီပွဲ၌ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ နိုင်ငံတကာသံအမတ်ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များရှေ့မှောက်တွင် မြန်မာအမျိုးသမီး ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ မစန္ဒာဝင်းနှင့် စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့ရာ ဧည့်သည်တော်များ အနေဖြင့် အံ့အားသင့်ခဲ့ရသည်။

မြစ်ကြီးနား မြို့မဈေးရှိ KBZ ဘဏ် ကျပ်သိန်း ၉၀၀ လုယက်ခံရ

 

မြစ်ကြီးနား မြို့မဈေးရှိ KBZ ဘဏ်တွင် ဆိုင်ကယ်စီး ဦးထုတ်များဆောင်းထားသော အကြမ်းဖက် လူလေးဦးမှ တုတ်၊ဓါးများနှင့် သေနတ်ဟု ယူဆရသော လက်နက်ဖြင့် ဘဏ်သို့ဝင်ရောက် ဓားပြတိုက်ကာ ကျပ်သိန်း ၉၀၀ လုယူသွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၃ ရက် ညနေ ၃း ၀၅ နာရီအချိန် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လုယက်သူများကို ဘဏ်မန်နေဂျာ အမျိုးသမီးမှ ၀င်ရောက်လုံးထွေးသတ်ပုတ်၍ ခုခံခဲ့သော်လည်း လုယက်သူများသည် ဘဏ်မန်နေဂျာအား ရိုက်နှက်၍      စီစီတီဗွီ ကင်မရာများကို ဖျက်ဆီးကာစက်ကိုပါ ဖြုတ်ယူသွားခဲ့ကြောင်း သတင်းရရှိသည်။

အရှေ့တောင်အာရှတွင်ပထမဆုံး SU30SME တိုက်လေယာဉ်ဝယ်ယူလိုက်သည့်မြန်မာ့တပ်မတော်

ဇန်န၀ါရီလ၂၁ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး၏ မြန်မာခရီးစဉ်အတွင်းမြန်မာ့တပ်မတော်သို့ရုရှားထုတ်SU30 လေယာဉ် ၆စီးရောင်းချရန်လက်မှတ်ရေးထိုးလိုက်ကြောင်းရုရှားသတင်းဌာနRIAနှင့်ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြခဲ့သည်။SU 30 တိုက်လေယာဉ်တွင် မျိုးကွဲပေါင်း ၁၅ မျိုးရှိပြီးအ စီးရေ ၅၄၀ ကျော် ထုတ်လုပ်ထားသည့် အနက်မြန်မာနိုင်ငံက၀ယ်ယူလိုက်သည်မှာ SU 30 SM ကိုအဆင့်မြှင့်ထားသောနောက်ဆုံးထုတ် SU30 SME အမျိုးအ စားဖြစ်နိုင်ကြောင်းသိရသည်။အဆိုပါ SU 30 SME ကို၂၀၁၆ခုနှစ် စင်္ကာပူလေကြောင်းပြပွဲတွင်ရုရှားကမိတ်ဆက်ပြသခဲ့ပြီး၂၀၁၇ မလေးရှားလေကြောင်းပြပွဲတွင်အရှေ့တောင်အာရှနိုင်ငံတစ်ခုက၀ယ်ယူရန်စိတ်ဝင်စားကြောင်းကြေညာခဲ့သည်။SU30တို

နိုင်​ငံ​တော်သမ္မတ​ဆေးစစ်​ရန် ​စင်​ကာပူသို့ထွက်​ခွာ

နိုင်​ငံ​တော်​သမ္မတဦးထင်​​ကျော်​သည်​​ဆေးစစ်​ရန်​နှင့်​လိုအပ်​ပါက​ဆေးဝါးကုသမှုခံယူရန်​စင်​ကာပူနိုင်​ငံသို့ယ​နေ့ဇန်​နဝါရီ၂၃ရက်​မနက်​၉း၃၀နာရီက မြန်​မာအမျိုးသား​လေ​ကြောင်းအထူး​လေယာဉ်​ဖြင့်​ ​နေပြည်​​တော်​မှထွက်​ခွာသွား​ကြောင်းသိရသည်​။
သမ္မတနှင့်​အတူကျန်းမာ​ရေးနှင့်​အားကစားဝန်​ကြီး​ဒေါက်​တာမြင့်​​ထွေးလည်းလိုက်​ပါသွားပြီး လိုအပ်​ပါက သမ္မတ ဦးထင်​​ကျော်​သည် ​စင်​ကာပူတွင်​​ဆေးကုသမှုခံယူမည်​ဟုသိရသည်​။သမ္မတကြီးသည်​ကချင်​ပြည်​နယ်​တွင်​တံတားများသွား​ရောက်​ဖွင့်​လှစ်​အပြီးတွင် ​ကျန်းမာ​ရေးဆိုးဝါးလာကာ လာအို ၀န်​ကြီးချုပ်​ကို တည်​ခင်းသည့်​ညစာစားပွဲ ကိုလည်းတက်​​ရောက်​နိုင်​ခြင်းမရှိခဲ့​ပေ။

Pages