News

မက္ကဆီကိုနိုင်ငံ၏ ဘိန်းဘုရင် ဂျိုအာကွင်း ဂတ်ဇ်မန်း ဖမ်းဆီးခံရ

မက္ကဆီကိုနိုင်ငံ၏ ဘိန်းဘုရင် ဂျိုအာကွင်း ဂတ်ဇ်မန်း ဖမ်းဆီးခံရ

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့များ အလိုရှိနေကြသည့် မူးယစ်ရာဇာကြီး ဂျိုအာကွင်း ဂတ်ဇ်မန်း ဆိုသူအား မက္ကဆီကိုတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မက္ကဆီကိုရှိ မူးယစ်ဆေးဝါး အရောင်းအ၀ယ် ပြုလုပ်ရေးအဖွဲ့ ဆီနာလိုအာ အဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဂျိုအာရှော်တီကွင်းသည် အမေရိကန် ပြည်ထောင်စုသို့ တရားမ၀င် မူးယစ်ဆေးဝါးများ မြောက်များစွာ ခိုးသွင်းခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ ၄င်းသည် ၂၀၀၁ ခုနှစ်အတွင်းက ထောင်ဖောက်ပြေးခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။

အခြေအနေများ ကောင်းမွန်လာနေသည့် ဒမတ်စကတ်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်း

အခြေအနေများ ကောင်းမွန်လာနေသည့် ဒမတ်စကတ်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်း

ဆီးရီးယားနိုင်ငံ၏ မြို့တော် ဒမတ်စကတ်တွင် တည်ရှိသော ပါလတ်စတိုင်း ဒုက္ခသည်များအတွက် တည်ထောင် ထားသည့် ရာမောက် ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၃၀၀၀ သည် သူပုန်များလက်မှ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ စခန်း၏ အခြေအနေသည်လည်း အစားအသောက် အထုပ် ၇၀၀၀ ခန့် ထောက်ပံ့ပြီးနောက်ပိုင်း ကောင်းမွန်လာပြီဖြစ်ကြောင်း ဒမတ်စကတ်အခြေစိုက် ပါလက်စတိုင်း အစိုးရအရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ မြို့တော်မှ ထွက်ခွာ

ယူကရိန်းနိုင်ငံ သမ္မတ မြို့တော်မှ ထွက်ခွာ

ယူကရိန်းနိုင်ငံ သမ္မတ ဗစ်တာရာနူကိုဗစ်အား ရာထူးမှ နှုတ်ထွက်ပေးရန် ယူကရိန်း ပါလီမန်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြို့တော်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီတာလီကလစ်ရှ်ကိုက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗစ်တာရာနူကိုဗစ်သည် နိုင်ငံရေး အကြပ်အတည်းများ အဆုံးသတ်ရန် ငြိမ်းချမ်းရေး သဘောတူညီချက်အား လိုက်လျောခဲ့ပြီး နောက်တစ်နေ့တွင် ပါလီမန်က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မိုးဇေညိမ်းဟု နာမည်ကြီးနေသောကိစ္စ ပြည်ထဲရေး ရုံးအဖွဲ့မှူးဟောင်း မိမိမဟုတ်ဟုငြင်းဆို

အင်တာနက်စာမျက်နှာများပေါ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အတွင်းသတင်းများတင်နေသော မိုးဇေညိမ်းဆိုသူမှာ ပြည်ထဲရေးဝန် ကြီးဌာန၊ရုံးအဖွဲ့မှူးဟောင်းအငြိမ်း စားဒုတိယဗိုလ်မှူးကြီးနေမျိုး ဖြစ်နိုင်သည်ဟူသော သတင်းနှင့်ပါတ်သတ်၍ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး နေမျိုးမှ သူမဟုတ် ကြောင်း Tomorrowဂျာနယ်သို့ ယတိပြတ် ငြင်းဆိုလိုက်ကြောင်းသိရသည်။

         မိုးဇေညိမ်းဆိုသူမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ အတွင်းသတင်းများ၊အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပါဝင်ပတ်သတ်မှု့ အတွင်း သတင်းများအားအင်တာနက် စာမျက်နှာပေါ်တွင်အကျယ်တ၀င့် ဖော်ပြခဲ့ခြင်းကြောင့်သက်ဆိုင်သူများအပြင် လူအများစု စိတ်ဝင်စားခြင်းခံနေရ သူတစ်ဦး လည်းဖြစ်သည်။

မော်ဒယ်အေဂျင်စီတစ်ချို့ လိင်ဖျော်ဖြေရေးလုပ်ငန်းပါ တွဲဖက်လုပ်ဆောင်နေဟုဆို

နိုင်ငံ၏ စီးပွားရေးပွင့်လင်းလာ သည်နှင့်အမျှ ပြည်တွင်းသို့ ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ ပိုမို ၀င်ရောက်လာချိန်တွင် ထိပ်သီးမော်ဒယ် အေဂျင်စီတစ်ချို့သည် သူတို့အေဂျင်စီ ရှိ မော်ဒယ်များကို လိင်ဖျော်ဖြေမှုလုပ်ငန်း ပါ တွဲဖက်လုပ်ကိုင်စေသည်ဟုသိရ သည်။ နာမည်ကြီးမော်ဒယ်အေဂျင်စီ၏ တာဝန် ရှိသူက ဆိုလျှင် စီးပွားရေးသမားများ အကြားတွင်သူတို့အနေဖြင့် ယင်းလုပ်ငန်း ကို လုပ်ကိုင်နိုင်သည့်အတွက် လိုအပ်ပါက ခေါ်ယူနိုင်ပါ ကြောင်း လိုက်လံပြောဆိုမှု များရှိနေသည် ဟု ဆိုသည်။ အေဂျင်စီ တစ်ခုဆိုလျှင် သူတို့ထံဆက်သွယ်လာသူ များကိုပွဲစားခမပေးပဲ အဆိုပါလုပ်ငန်း ဆက်သွယ်ပေးပြီး ၀င်ငွေရရှိစေသည် ဟုသိရသည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပတ္တမြားထွက်ရှိနေသည်ဟူသည့် သတင်းများအပေါ် ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူငြင်းဆို

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှ တူးဖော်လိုက်သော မြေကြီး များအတွင်းတွင် ပါလာသော စကျင် ကျောက်များအတွင်း ထိုးစိုက် နေသောပတ္တမြားပုံဆောင်ခဲများကို တွေ့ရှိရသည်ဟူသော ဓာတ်ပုံများ ၊ သတင်းများနှင့်ပတ်သက်၍ ဦးပိုင်ကုမ္ပဏီမှ လက်ပံတောင်း တောင်စီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်တင်မှ အဆိုပါ သတင်းသည် မဟုတ်မှန်ကြောင်း၊ ကောလဟလ သက်သက်သာဖြစ်ကြောင်း Tomorrowဂျာနယ်၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသွားခဲ့သည်။

အင်ဘာလာသို့ဝင်ထွက်နေ သော မလေးရှားလူမျိုး သုံးဦး OIC ကဟုဆို

စစ်တွေမြို့အင်ဘာလာသို့ ၀င်ထွက်နေသော မလေးရှားလူ မျိုးသုံးဦးသည်(OIC) (မလေး ရှား) အဖွဲ့များဖြစ်ကြောင်း ဒေသခံများထံမှသိရ သည်။

ကျူးကျော် အဆောက်အအုံ ဖျက်သိမ်းအမိန့် ဥပဒေ တစ်သားတည်း မရှိဟုဆို

ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၃၃) ရပ်ကွက် ရှိ ကျူးကျော် အဆောက်အအုံများ ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ရာတွင်လူနေအိမ်များနှင့် ဆိုင်ခန်းများ အပေါ်သတ်မှတ်ထုတ်ပြန်သည့် ဥပဒေ တစ်သားတည်း မရှိ ကြောင်း ဒဂုံအရှေ့ ပိုင်နေပြည်သူအချို့၏ပြောကြားချက်များမှ သိရ သည်။

မလေးရှားနိုင်ငံသို့သွား ရောက် အလုပ်လုပ်ကိုင်သူ များအားအရေးကြီး သ တင်း များတိုက်ရိုက်ထုတ် လွှင့်နိုင်ရန် မလေးရှားနိုင်ငံ သုံးဆင်းကဒ်များ အခမဲ့ ပေးမည်

မလေးရှားနိုင်ငံသို့ သွား ရောက် အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များအား မြန်မာနိုင်ငံတော် အစိုးရမှ ထုတ်ပြန်လိုသည့် အရေးကြီးသတင်းများအား ထုတ် လွှင့်နိုင်ရန်အတွက် မလေးရှား နိုင်ငံသုံးGSMဆင်းကဒ်များ အား မတ် ၁ ရက်နေ့မှစတင်၍ အခမဲ့ပေးဆောင်သွားမည် ဖြစ် ကြောင်း မြန်မာပြည်အလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များ အသင်းမှသိရသည်။

အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ အဂတိကင်းရှင်းစွာဖြင့် စီရင်ဆုံးဖြတ်မှသာ ပြည်သူများက ယုံကြည်လာမည်ဟု တိုင်းတရားသူကြီးချုပ်ဆို

ပြည်သူအချင်းချင်းဖြစ် ပွားသည့်အမှု့ခင်းများကို ဥပဒေနှင့် အညီ မှန်ကုန်မြန်ဆန်စွာ အဂတိကင်း ရှင်းစွာဖြင့် စီရင်ဆုံးဖြတ်မှသာလျှင် ပြည်သူများက မိမိတို့၏တရားစီရင် ရေးကိုယုံကြည် အားကိုးလာမှာဖြစ် ကြောင်းတနင်္သာရီတိုင်း တရားလွှတ် တော်၊အစည်းဝေးခမ်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး တရားသူကြီးချုပ်မှပြောကြားသွားခဲ့ သည်။

Pages