News

၈၈ငြိမ်းပွင့်မှ အဖွဲ့ဝင်တစ်ဦးကို ဥပဒေအရဆောင်ရွက်သွားမည်ဟု ရွှေတူးဖော်ရေးကုမ္ပဏီဆို

၈၈ငြိမ်းပွင့်မှ အဖွဲ့ဝင်တစ်ဦးက သိဒ္ဓိအောင်ရွှေမိုးနှင့် ထာဝရကံကောင်းသောကုမ္ပဏီတို့အား လူမှုကွန်ရက်တွင် ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရကိုတင်ပြ၍ ဥပဒေအရဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိဒ္ဓိအောင်ရွှေမိုးနှင့် ထာဝရကံကောင်းသောကုမ္ပဏီမှ အထူး တာဝန်ခံမန်နေဂျာ ဦးကျော်ကျော်လွင်က ပြောကြားခဲ့သည်။

ဒဂုံတောင် ခြင်းလုံးအားကစားရုံနေရာတွင် မီးသွေးလုပ်ငန်း လုပ်ကိုင်နေခြင်းအား မြေပိုင်ဆိုင်မှု ခိုင်မာစွာမပြနိုင်က ဖယ်ရှားရှင်းလင်းမည်ဟု ရန်ကုန်မြို့တော်ဝန်ပြောကြား

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၉ ရပ်ကွက်၊ ဇေယျမြိုင်လမ်းရှိ မူလမြို့မြေကွက်ဖော်စဉ် သတ်မှတ်ထားသည့် ခြင်းလုံး အားကစားရုံ မြေနေရာတွင် မီးသွေးလုပ်ငန်း လုပ်ကိုင်တည်ရှိနေမှုနှင့် ပတ်သက်၍ မြေပိုင်ဆိုင်မှု အထောက်အထား ပြသနိုင်ခြင်းမရှိပါက ဥပဒေကြောင်းအရ ဖယ်ရှားရှင်းလင်းခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ပုဂံတွင် လက်ပန်းချီရေးဆွဲသူများ ၀င်ငွေကောင်း

ပုဂံရှေးဟောင်းဘုရားများ အနီးတွင် လက်ပန်းချီ ရေးဆွဲသူများမှာ ပွဲတော်ရက်များတွင် တစ်ရက် ကျပ်တစ် သိန်းကျော်အထိ ၀င်ငွေရရှိကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အစိုးရမှသံတမန်ရေးအရ ယခင်ထက် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်နေဟုဆို

Photo - arakanagyo.bolgspot

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် နောက်ဆုံးအယူခံ တင်ပြီးသော်လည်း အစိုးရအဖွဲ့၏ သံတမန်ရေးအရ ဆောင်ရွက်မှု ယခင်ထက် ပိုမိုဆောင်ရွက်ပေးနိုင်ပါက အောင်မြင်မှုရှိနိုင်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

“အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ” စာအုပ်မိတ်ဆက်ပွဲ နိုဝင်ဘာ ၁၂ ရက်တွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်မည်

ဂန္ထ၀င်လူမိုက်ကြီးများထဲမှ သက်ရှိထင်ရှားကျန်နေသူများ၊ တစ်ချိန်က စကော်ပီယံအဖြစ် ထောင်ကျခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်မည်

ထောင်ကျ နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ဇော်သက်ထွေးရေးသားသည့် အင်းစိန်ထာင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် လာမည့်နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကျောင်းထွက်နှုန်းအများဆုံးဖြစ်နေ ကျောင်းထွက်နှုန်းလျော့ကျစေရန် ဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း ပညာရေးဝန်ကြီးတိုက်တွန်း

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကျောင်းထွက်နှုန်း အများဆုံးနိုင်ငံဖြစ်သောကြောင့် ကျောင်းထွက်နှုန်း လျော့ကျစေရန် ဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြောကြားလိုက်သည်။
အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ပညာရေးတက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် ၂ဝ၁၇-၁၈ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် ရွှေတူးသမားများက အစိုးရရုံးခန်းများကို မီးရှို့ဖျက်ဆီး

ဘရာဇီးနိုင်ငံမြောက်ပိုင်း Humaita မြို့တွင် လက်နက်များကိုင်ဆောင်ထားသော လူရာပေါင်းများစွာသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီများပိုင်ဆိုင်သော ရုံးခန်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်သားများနှင့် ရဲတပ်ဖွဲ့အများအပြားကို အဆိုပါမြို့တွင် တပ်ချထားရကြောင်းသိရသည်။ တိုက်ခိုက်မှုသည် အောက်တိုဘာ ၂၇ ရက်၊ သောကြာနေ့က ဘရာဇီးနိုင်ငံ၏ အမေဇုန်နယ်မြေတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ငါးနာရီခန့်ကြာမြင့်ခဲ့သည်။ အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်သူများသည် ရွှေတူးသမားများဖြစ်ပြီး သူတို့၏တရားမဝင်ရွှေတူးလုပ်ငန်းများကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့မှုနှင့်ပတ်သက်ပြီး လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်

အီရန်နျူကလီးယားသိပ္ပံပညာရှင်များ လုပ်ကြံရာတွင် ပါဝင်ခဲ့သော မော့(စ်)ဆက် သူလျှိုကို သေဒဏ်ချမှတ်

အီရန်နျူကလီးယားသိပ္ပံပညာရှင်များကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခဲ့သာ အစ္စရေးထောက်လှမ်းရေး မော့(စ်) ဆက်အဖွဲ့၏ သူလျှိုတစ်ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း တီဟီရန်ရှိ အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ တီဟီရန်ရှေ့နေ Abbas Jafari Dolatabadi က ‘’တရားခံက နိုင်ငံတော်အဆင့် သုတေသနလုပ်ငန်းတွေမှာပါတဲ့ အရေးကြီးဆုံးပုဂ္ဂိုလ် ၃ဝ ရဲ့ အချက်အလက်တွေ လိပ်စာတွေ၊ စစ်တပ်နှင့် နျူကလီးယား စီမံကိန်းနှင့် အီရန်နျူကလီးယားသိပ္ပံပညာရှင်Shahriari နှင့် Ali Mohammadi တို့ရဲ့ အချက်အလက်တွေကို အစ္စရေး မော့(စ်)ဆက် ထောက်လှမ်းရေးအရာရှိ များထံပေးပို့ခဲ့ပြီးနောက် နျူကလီးယား ပညာရှင်များ လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သောဆ

ဂေးဖြစ်နေသော ကမ္ဘာ့အသက်ကြီးဆုံးလိပ်ကြီး

အသက် ၁၈၆နှစ်အရွယ် Jonathan အမည်ရှိ ကမ္ဘာ့အကြီးဆုံး လိပ်ကြီးသည် ဂေးဖြစ်နေသည်ကို သိပ္ပံပညာရှင်များက စစ်ဆေးတွေ့ရှိခဲ့သည်။ Jonathan သည် ၁၉ရာစုနှစ်ကပင် St Helena ကျွန်းတွင် နေထိုင်နေပြီး သူ့တွင် Frederica အမည်ရှိ ချစ်သူလိပ်တစ်ကောင်ရှိ သည်။ သူတို့သည် ၁၉၉၁ခုနှစ်တွင် စတင်တွေ့ခဲ့ကြပြီး ချစ်သူ့သက်တမ်းမှာ ၂၆ နှစ်ရှိပြီဖြစ်သည်။ Jonathan နှင့် Frederica တို့သည် အစာစားခြင်း၊ အိပ်စက်ခြင်းနှင့် မိတ်လိုက်ခြင်းတို့ကို အတူတကွ ပြုလုပ်ကြောင်း သိရသည်။ Frederica နှင့် မတွေ့ဆုံမီ Jonathan သည် အထီးကျန်စွာနေထိုင်ရသောကြောင့် နေ့စဉ်စိတ်ဆိုးဒေါသထွက်နေပြီး ခုံများကို တွန်းလှဲရန် ကြိုးစားခြင်း၊  Croquet (မြေတွင်းစိုက်ထားသေ

မန္တလေးရမ်အတုများ(၁၃၂ဖာ)ဖမ်းဆီးရမိ

မန္တလေးမြို့တွင် မန္တလေးရမ်အတုအကြီးအကျယ် ထုတ်လုပ်နေသောသူအား အောက်တိုဘာ ၂၄ ရက်နေ့ညတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာမန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးရမ်အတုများထုတ်လုပ်နေကြောင်းသတင်းအရ မန္တလေးရမ်မှ တာဝန်ရှိသူများနှင့်ရဲတပ်ဖွဲ့ဝင်များကစောင့်ဆိုင်းဖမ်းဆီးရာရမ်အတုများ ထည့်သွင်းထားသောအရက်ဖာ၃ဖာနှင့်လေးပုလင်း ၊အရည်မထည့်ရသေးသော တံဆိပ်ကပ်ထားသည့်ပုလင်းပါ ဖာပေါင်း ၁၃၂ ဖာ(စုစုပေါင်း၁၂၄၂)ပုလင်းနှင့်အတူ အရက်တုပြုလုပ်သူဦးသန်းထိုက် (အသက်၄၆နှစ်) ၊ငွေတော်ရပ်ကွက်၊ အကွက်အမှတ်၈၊ ၇၃လမ်း၊ပြည်ကြီးတံခွန်မြို့နယ်နေသူအား အရက်တုများ သယ်ဆောင်ကါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Pages