News

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း တစ်ရက်လျှင် အမှိုက်တန်ချိန် သုံးထောင်နီးပါးထွက်ရှိ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များနှင့် စက်မှုဇုံများမှ ထွက်ရှိသော အမှိုက်တန်ချိန်သည် တစ်ရက်လျှင် တန်ချိန် သုံးထောင်နီးပါး ထွက်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

“စည်ပင်သာယာနယ်နိမိတ်နဲ့ စက်မှုဇုံတွေကထွက်ရှိတဲ့ အမှိုက်က တစ်ရက်ကို တန်ချိန်သုံးထောင်နီးပါး ရှိပါတယ်။ အဲဒီထွက်ရှိလာတဲ့အမှိုက်တွေနဲ့ အမှိုက်သိမ်းဝန်ထမ်းတွေက မလုံလောက်သေးတော့ ပုံမှန်ထက် ပိုလုပ်ရတာတွေ ရှိပါတယ်”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နှစ်လကျော်ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးရှိပြီး ၁၀ ဦး သေဆုံး

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ဧပြီလမှ ဇွန် ၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးခန့်ရှိပြီး သေဆုံးသူ ၁၀ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယင်းနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက  “၂၀၁၇ ဧပြီလကနေ ဇွန်လ ၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ ၁၀ ဦးထိ ရှိလာပါတယ်။ ရောဂါဖြစ်ပွားသူကတော့ ၅၉၄ ဦးရှိပါတယ်”ဟု ပြောကြားခဲ့သည်။

အိမ်ခြံမြေအရောင်းအ၀ယ်နှင့် အငှားဈေးကွက်များ သုံးလအတွင်း ပြန်လည်လှုပ်ခတ်လာဟုဆို

သုံးနှစ်နီးပါးကာလထိ အေးစက်နေခဲ့သည့် အိမ်ခြံမြေဈေးကွက်သည် သုံးလအတွင်း အရောင်းအ၀ယ်နှင့် အငှား အားလုံး ပြန်လည်လှုပ်လာခဲ့ကာ ယခုကာလသည် အိမ်ခြံမြေဈေးကွက် ပြန်လည်အားကောင်းရန် တာဆူနေပြီ ဖြစ်ကြောင်း ရန်ကုန်အိမ်ခြံမြေအသင်းချုပ်ထံမှ သိရသည်။

မသန်စွမ်းသူများ အကျိုးခံစားခွင့် ပိုမိုရရှိရန် မသန်စွမ်းမှတ်ပုံတင်ကတ်များ ထုတ်ပေးရန်စီစဉ်

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင်ပါရှိသည့် မသန်စွမ်းသူများ သက်သေခံမှတ်ပုံတင်ကတ်များထုတ်ပေးရန် နိုင်ငံတော်က စီစဉ်နေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းကွန်ရက်မှ သိရသည်။
အဆိုပါ မသန်စွမ်းသူများသက်သေခံကတ်(မသန်စွမ်းမှတ်ပုံတင်)များ ထုတ်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်တို့ ပူးပေါင်းစီစဉ်နေကြောင်း သိရသည်။

ငှက်ပျောတောမြေကိစ္စ လာရောက်ညှိနှိုင်းသူများအား ပါးငါးချက်စီရိုက်ချင်ကြောင်း ဆိပ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောခဲ့ဟုဆို

အထက်မြန်မာပြည် တရားဥပဒေစိုးမိုးရေးနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်သိန်းအား ခွင့်ပြုချက်ရှိလျှင် ပါးငါးချက်ရိုက်ချင်ဟု ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက မကွေး-ကံပြားလမ်း၊တိုင်း (CSO) ရုံးခန်းတွင် ပြောဆိုချက်အပေါ် မကျေနပ်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသော Y8 လေယာဉ်ကို ပင်လယ်ပြင်တွင်တွေ့ရှိ

တပ်မတော်(လေ)မှ ပျောက်ဆုံးနေသော Y8 လေယာဉ်ကို ထားဝယ်မြို့အနောက်မြောက်ဘက် ၁၃၅ မိုင်အကွာ ပင်လယ်ပြင်တွင် ၅း၃၀ မိနစ်အချိန်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
လေယာဉ်အပျက်အစီးများကို တပ်မတော်(လေ) ရှာဖွေရေး လေယာဉ်များမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ တပ်မတော်(ရေ)မှ စစ်သင်္ဘောများ ကယ်ဆယ်ရေးအတွက် သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။

 Y8 လေယာဉ်မှာ ၁း၀၀ နာရီတွင် မြိတ်မှတက်လာပြီး ၁း၃၀ တွင် ထားဝယ်လေကြောင်းထိန်းမျှော်စင်ဖြင့် အဆက်အသွယ်ပြုလုပ်သွားခဲ့ကြောင်း လေယာဉ်ပေါ်တွင် တပ်မတော်(လေ) မှ လေယာဉ်အမှုထမ်း ၁၄ ဦး၊ ကလေး ၁၅ ဦးအပါအ၀င် ခရီးသည် ၉၀ ဦး စုစုပေါင်း ၁၀၄ ဦးပါသွားကြောင်း သိရသည်။

 

Y8 လေယာဉ်နှင့် ပတ်သက်၍ ထပ်မံသိရသည့်သတင်း

ပျောက်ဆုံးနေသော Y8 လေယာဉ်မှာ ၁း၀၀ နာရီတွင် မြိတ်မှတက်လာပြီး ၁း၃၀ တွင် ထားဝယ်လေကြောင်းထိန်းမျှော်စင်ဖြင့် အဆက်အသွယ်ပြုလုပ်သွားခဲ့ကြောင်း လေယာဉ်ပေါ်တွင် တပ်မတော်(လေ) မှ လေယာဉ်အမှုထမ်း ၁၄ ဦး၊ ကလေး ၁၅ ဦးအပါအ၀င် ခရီးသည် ၉၀ ဦး စုစုပေါင်း ၁၀၄ ဦးပါသွားကြောင်း သိရသည်။

လေယာဉ်မှူးများမှာ ဗိုလ်မှူးငြိမ်းချမ်းနှင့် ဗိုလ်မှူးစည်သူဝင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် လေဖိအားစနစ်ပါဝင်သည့် ခရီးသည်တင်ဆောင်နိုင်သော လေယာဉ်အမျိုးအစားဖြစ်ပြီး လေယာဉ်မှာ အသစ်ဖြစ်ကာ ၀ယ်ယူထားသည့်ကာလ တစ်နှစ်သာရှိသေးကြောင်း သိရသည်။

တပ်မတော်(လေ)မှ Y-8 လေယာဉ်တစ်စီး ခရီးသည် ၁၀၀ ခန့်နှင့်အတူ ပျောက်ဆုံး

ယနေ့နံနနက်ပိုင်းက မြိတ်လေတပ်စခန်းဌာနချုပ်မှ ရန်ကုန်သို့ထွက်ခွာလာသော တပ်မတော်(လေ)မှ Y-8 လေယာဉ်တစ်စီးသည် ထားဝယ်အကျော်တွင် အဆက်သွယ်ပျက်တောက်သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ပါသည်။

လေယာဉ်ပေါ်တွင် တပ်မတော်သား မိသားစု ၁၀၀ ခန့် လိုက်ပါလာကြောင်း သိရှိရပါသည်။ လေယာဉ်တွင် ပါရှိသော ဆီမှာလည်း ယခုသတင်းရရှိချိန်တွင် ကုန်ဆုံးသွားပြီဖြစ်သဖြင့် ရှာဖွေကယ်ဆယ်မှုများကို
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဇနီးဟောင်း၏လည်ပင်းကို ကြိုးဖြင့်ချည်ပြီး ကားဖြင့်တရွတ်တိုက်ဆွဲခဲ့သော ခင်ပွန်း

ဂျာမန်မြို့တစ်ခုတွင် ဇနီးဟောင်း၏လည်ပင်းကို ကွင်းလျှောလုပ်ထားသောကြိုးဖြင့် ချည်နှောင်ပြီး ကားဖြင့် တရွတ်တိုက်ဆွဲခဲ့သော အမျိုးသားတစ်ဦးမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဂျာမန်နိုင်ငံ အနောက်မြောက်ဘက် ဟဲမီလင်းမြို့တွင် “နူရင်တင်းဘီ”ဟု သိရှိရသော အမျိုးသားသည် ဇနီးဟောင်း၏လည်ပင်းကို ကွင်းလျှောလုပ်ထားသောကြိုးဖြင့် မချည်နှောင်မီရင်ဘတ်နှင့် ၀မ်းဗိုက်တို့အား ဓားဖြင့်ထိုးခဲ့ပြီးနောက် ၄င်းတို့၏ ၂ နှစ်အရွယ် ကလေးငယ်လေးရှေ့၌ပင် ကားကိုအရှိန်ပြင်းစွာမောင်းကာ ဇနီးဖြစ်သူကို တရွတ်တိုက်ဆွဲခဲ့သည်။ ကြိုးပြတ်သွားသည့်အချိန်မှသာ အနီးအနားရှိလူများက သူမထံ ကူညီရန် ပြေးသွားခဲ့ကြသည်။

အင်တာဗျူးပြုလုပ်နေစဉ် အမျိုးသမီးသတင်းထောက်ကို နမ်းခဲ့သော ပြင်သစ်တင်းနစ်ကစားသမား ပြိုင်ပွဲမှ ပိတ်ပင်ခံရ

ပြင်သစ်လူမျိုး တင်းနစ်ကစားသမာ မက်ဆီးမ်ဟာမိုသည် အမျိုးသမီးသတင်းထောက်တစ်ဦးကို အလိုမတူဘဲ အတင်းအဓမ္မ နမ်းရှုပ်ခဲ့သောကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ ပိတ်ပင်ခြင်းခံခဲ့ရသည်။ လွန်ခဲ့သော အပတ်တနင်္လာနေ့၌ ပြင်သစ်အိုးပင်း၏ ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲအပြီး ပြုလုပ်ခဲ့သော တိုက်ရိုက် ရုပ်သံမေးမြန်းခန်းတစ်ခုတွင် ဟာမိုသည် ယူရိုစပို့စ်၏ အမျိုးသမီးသတင်းထောက်မာလီသောမတ်စ်ကို အလိုမတူဘဲ အကြိမ်ကြိမ် နမ်းရှုပ်ခဲ့သည်။ အမျိုးသမီးသတင်းထောက်သည် နမ်းရှုပ်ခံရမှုမှ ရုန်းထွက်ရန် ကြိုးပမ်းစဉ် ဟာမိုသည် သူမလည်ပင်းနှင့်ပခုံးတို့ကို ချုပ်ကိုင်ပြီး အကြိမ်ကြိမ်နမ်းရှုပ်ခဲ့သေးသည်။ အသက် ၂၁ နှစ်အရွယ် ဟာမိုသည် ယခုနှစ် ပြင်သစ်အိုးပင်း ပထမအဆင်

Pages