News

လူခြောက်သန်း၏အမှိုက်များအား ၀န်ထမ်းလေးထောင်က သိမ်းဆည်းရန် ၀န်ထမ်းအင်အားမလောက်ဟု စည်ပင်ကဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သန့်ရှင်းရေးကဏ္ဍတွင် လူတစ်ထောင်ကျော်လျှင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးနှုန်းဖြင့် ၀န်ဆောင်မှုပေးနေရပြီး အမှိုက်များကိုလည်း တစ်နေကုန်ပစ်သဖြင့် လူအင်အားမမျှကြောင်း အဆိုပါကော်မတီ၏ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားလိုက်သည်။

ဟောင်ကောင်သို့ အိမ်အကူလုပ်သား တရားဝင်စေလွှတ်ခွင့် ပြန်လည်ပေးသင့်ဟု စစ်တမ်းတစ်ရပ်အရဆို

စင်ကာပူနိုင်ငံထက် လစာနှစ်ဆကျော်ရသည့်အပြင် အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိသဖြင့် ဟောင်ကောင်သို့ အိမ်အကူလုပ်သား တရားဝင်စေလွှတ်ခွင့် ပြန်လည်ပေးသင့်ဟုဆိုသည့် စစ်တမ်း ကောက်ယူရရှိခဲ့ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ သိရသည်။

တက္ကသိုလ်တက်မည့် အကျဉ်းကျကျောင်းသားများအား ထောင်တွင်းစာစစ်ဌာန ဖွင့်လှစ်ကာသင်ကြားပေးမည်

၂၀၁၆-၂၀၁၇ ပညာသင်နှစ်က တက်္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းကျကျောင်းသား ကျောင်းသူများကို တက္ကသိုလ်၌ ကျောင်းတက်ရောက်ခွင့်မရှိဘဲ အကျဉ်းထောင်အတွင်း စာစစ်ဌာနဖွင့်လှစ်ကာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းမင်းစိုးက ပြောသည်။

“သူတို့ကို ကျောင်းတက်ရောက်ခွင့်ပေးမှာမဟုတ်ဘဲ ထောင်ထဲမှာ စာစစ်ဌာနဖွင့်လှစ်ပေးမှာပါ။ ပြင်ပဆရာတွေအပါအ၀င်၊ တက္ကသိုလ်က ဆရာတွေလာသင်ပေးကြမယ်။ သူတို့ တက်ရောက်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်။ သူတို့အတွက် ပြင်ပအလှူရှင်တွေရဲ့ ရန်ပုံငွေ လုံလောက်မှုတော့ရှိပါတယ်”ဟု ၄င်းကပြောသည်။

BARMCO-1 သင်္ဘောမှ မြန်မာဝန်ထမ်းများ လစာမရ၍ တရားစွဲထားမှု ကိုးလကြာသည်အထိ ထူးခြားမှုမရှိသေး

တရုတ်နိုင်ငံ ကွမ်ကျိုးရှိ ဒေါက်တင်ထားသော BARMCO-1 သင်္ဘောတွင် မြန်မာဝန်ထမ်းများ တာဝန်ထမ်းဆောင်ခဲ့သော်လည်း လစာမရရှိသဖြင့် တရားစွဲဆိုထားမှုမှာ ယခုကိုးလကျော်ကြာချိန်အထိ ထူးခြားမှုမရှိသေးကြောင်း သင်္ဘောသားများက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သုံးယောက် ပြန်လာတာပါ။ ခုပြန်လာတဲ့ ၂၀၁၇ ဇူလိုင်လအထိ လစာဆိုရင် လ ၂၀ စာ လစာရရမှာဖြစ်ပါတယ်။ ဟိုမှာ မြန်မာသင်္ဘောသား သုံးယောက်ကျန်ခဲ့ပါတယ်။ အဲ့ဒီသုံးယောက်က ဟိုမှာနေရင် နေသလောက်လစာရရမှာပါ”ဟု မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အင်ဂျင်နီယာကိုရဲလင်းထွန်းက တူမောရိုးသို့ ပြောခဲ့သည်။

ဝန်ကြီးသာရှိပြီး ဌာနမရှိသည့်အတွက် လုပ်ငန်းမတွင်ကျယ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ညည်းညူ

ဝန်ကြီးရှိပြီး ဌာနမရှိသည့်အတွက် လုပ်ငန်း မတွင်ကျယ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဇူလိုင် ၂၃ ရက်က Melia ဟိုတယ်တွင် ကျင်းပသည့် အခမ်းအနားတွင် တူမောရိုးဂျာနယ်သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ မနိုင်မနင်းဖြစ်နေတယ်ဆိုတာထက် ဖွဲ့စည်းပုံ နည်းနည်းလိုနေတယ်။ လူမှုရေးဝန်ကြီးဆို သူ့အောက်မှာ ဘာဝန်ထမ်း၊ ဘာဌာနမှမရှိဘူး။ ထွေအုပ်ဝန်ထမ်းလောက်နဲ့ ကျွန်တော်တို့ အဆင်မပြေဘူး။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဆိုရင် ကျွန်တော်ကိုယ်တိုင် ၀န်ထမ်းခန့်အပ်ပိုင်ခွင့် ရှိရမယ”ဟု ၀န်ကြီးက ပြောသည်။

ရန်ကင်းမြို့နယ်ရှိ နိုင်ငံပိုင်တိုက်ခန်းများ၏ မြေညီထပ်များ ကျူးကျော်ဆောက်လုပ်၍ စီးပွားဖြစ် ငှားစားနေ

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်အတွင်းရှိ အိုးအိမ်ဦးစီးဌာနက အငှားချထားသည့် လူနေတိုက်ခန်းများတွင် မြေညီထပ်နေသူများက နိုင်ငံပိုင်မြေပေါ် ကျူးကျော်ဆောက်လုပ်၍ စီးပွားဖြစ်ငှားရမ်းနေမှုများ ရှိနေကြောင်း သိရသည်။

“ဒီအခန်းတွေရဲ့ မြေညီထပ်မှာ နေသူတွေက ရှေ့ကိုရော နောက်ကိုပါ အခိုင်အမာ ကျူးကျော် ဆောက်လုပ်ထားတယ်။ ပြီးတော့ ဆေးခန်း၊ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေကနေ ကုမ္ပဏီရုံးခန်းတွေအထိ တစ်ဆင့် ပြန်လည်ငှားစားကြတယ်။ ငှားရမ်းခကတော့ လမ်းမပေါ်မှာဆိုရင် တစ်လကို ၂၅ သိန်းကနေ သိန်း ၅၀ အထိရှိတယ်”ဟု ရန်ကင်းမြို့နယ်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အာဇာနည်နေ့ အထိမ်းအမှတ်ရင်ပြင်နီနှင့် ဗိုလ်ချုပ်ရုပ်တု ဖွင့်လှစ်

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ရင်ပြင်နီနှင့် ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲကို ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် ကံသာယာပန်းခြံတွင် ကျင်းပခဲ့သည်။

ပြည်ပချေးငွေများရမည်ဟုဆိုကာ လိမ်လည်မှုများရှိနေဟု ဗဟိုဘဏ်ညွှန်ကြားရေးမှုးချုပ် သတိပေး

ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့က သက်သာသောနှုန်းထားဖြင့် ပြည်ပချေးငွေရရှိရေး ဆောင်ရွက်ပေးမည်ဟူသော မက်လုံးများပေးကာ လိမ်လည်မှုများ လုပ်ဆောင်နေသောကြောင့် အထူးသတိထားကြရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းသော်က သတိပေးပြောကြားခဲ့သည်။

“ဘယ်ဘဏ်ကချေးပေးမယ်၊ အတိုးဘယ်လောက်နဲ့ deposit ဘယ်လောက် အရင်ထည့်ဆိုပြီး သတင်းထွက်လာတယ်။ တာဝန်ယူမယ် ဘာညာပေါ့။ မန္တလေးပလာဇာမှာလို့ ပြောတယ်။ အမေရိကားက တိုက်ရိုက်ချေးပေးမယ်ဆိုပြီးပေါ့။ နားမလည်တဲ့သူတွေကို လိမ်သွားရင်ခံရမယ်”ဟု ၄င်းကပြောကြားခဲ့သည်။

ရေနံချောင်းမြို့နယ်တွင် အသက်၁၂နှစ်အရွယ်မိန်းကလေးငယ်အား အသက်၅၂နှစ်အရွယ်အမျိုးသားမှ မုဒိမ်းကျင့်မှု့ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု သပြေစမ်းကျေးရွာတွင် အသက်၁၂နှစ်အရွယ် အမျိုးသမီးငယ်အား အသက်၅၂နှစ်အရွယ်အမျိုးသားတစ်ဦးမှမု ဒိမ်းကျင့်မှု့ဖြစ်ပွားခဲ့ကြောင်း
ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၁၆ ရက်နေ့ ည၁၁နာရီအချိန်ခန့်တွင် အမျိုးသမီးငယ်သည် ဖခင်နှင့်အတူ ရွာလယ်ရှိ ဗွီဒီယိုရုံ၌ ဗွီဒီယိုကြည့်နေစဉ် အပြင်သွားချင်သဖြင့် ဖခင်ဖြစ်သူထံမှ ဓာတ်မီးတောင်းကာ ရွာပြင်သို့သွားရာ
ရွာစည်းရိုးနားအရောက်တွင် အမျိုးသားတစ်ဦးမှ ပါးစပ်ပိတ်ကာ မုဒိမ်းကျင့်ခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးအပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိငါးဦးအား ဖမ်းဆီး

ယခင်ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးဖြစ်သူ လက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူ ဦးပြုံးချိုအပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က
ယခုလ ၁၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ၄င်းတို့အား ယခုလ ၁၇ရက်နေ့တွင် တရားရုံးသို့တင်ပို့၍ အဂတိလိုက်စားမှုပုဒ်မဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Pages