News

အော်တစ်ဇင်ခံစားနေရသော သားရှေ့၌ ဓားပြများ၏ သတ်ဖြတ်ခြင်းခံရသော အမျိုးသမီး

မော်ရီတက်စ်နိုင်ငံ၌ အင်္ဂလိပ်လူမျိုး အမျိုးသမီးတစ်ဦးသည် သူမ၏ အော်တစ်ဇင်ရောဂါခံစားနေရသော ကလေးငယ်ရှေ့၌ပင် ဓားပြများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သောအပတ် သောကြာနေ့ နံနက် ၁ နာရီခန့်က ဓားပြသုံးဦးသည် ဂျန်နီစ်ဖာမန်အမည်ရှိ အမျိုးသမီး၏နေအိမ်သို့ ကျူးကျော်ဝင်ရောက်ပြီး သူမကို သူမ၏ အသက် ၁၀ နှစ်အရွယ်ကလေးငယ်ရှေ့၌ပင် သတ်ကာ နေအိမ်အတွင်းရှိ ပိုက်ဆံများနှင့် စိန်ရွှေရတနာများကို ယူဆောင်ကာ သူမ၏ကားဖြင့် ထွက်ပြေးသွားသည်။

ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်း မြန်နှုန်းနှစ်ဆ ခုတ်မောင်းနိုင်ရန် အဆင့်မြှင့်တင်

ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းကို တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်းမှ ၁၀၀ နှုန်းဖြင့် ခုတ်မောင်း သွားနိုင်ရန် အဆင့်မြင့်တင်မှုများ ပြုလုပ်နေကြောင်း မြန်မာ့မီးရထား (နေပြည်တော်) မှ သိရသည်။

ဆန္ဒပြခံရခြင်းမှာ ရိုးသားမှုမရှိဟု ကျောက်ပန်းတောင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၌ အမျိုးသမီးတစ်ဦးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်တို့အား အမွေကိစ္စ မဖြေရှင်းပေး၍ မကျေနပ်ဟုဆိုကာ ဆန္ဒပြခဲ့ခြင်းမှာ ရိုးသားမှုမရှိနိုင်ဟု တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က တူမောရိုးဂျာနယ်သို့ပြောသည်။

မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်ချမှတ်မည်ဟု အီရစ်ထရေအာအစိုးရက အမျိုးသားများကို ပြောကြား

အီရစ်ထရေအာနိုင်ငံ၌ အိုင်းစ်ဆစ် - အက်ဝါကီ ဦးဆောင်သော အစိုးရက အမျိုးသားများအနေဖြင့် မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဟု အမိန့်ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် အဆိုပါမိန့်ခွန်းတွင် အမျိုးသမီးများအနေဖြင့် သူတို့၏ အမျိုးသားများအား နောက်ထပ်မိန်းမတစ်ယောက်ယူခြင်းကို ကန့်ကွက်တားဆီးမှုများပြုပါက တားဆီးသောအမျိုးသမီးများကိုလည်း     ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်မည်ဟု ပါဝင်သည်။

ကျောက်မီးသွေးစက်ရုံနှင့် ပက်သက်၍ ပြောဆိုနေသော သဘာဝပတ်ဝန်းကျင်ပညာရှင်များ ဘာမှမသိဟု ဖဒိုမန်းငြိမ်းမောင် ဝေဖန်

ဂျပန်နိုင်ငံတိုကျိုတွင် ကျောက်မီးသွေးစက်ရုံ ၂၈ ရုံရှိပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခုပြောဆိုနေသော သဘာဝပတ်ဝန်းကျင်ပညာရှင်များ ဘာမှမသိကြောင်း KNU မှ ဖဒိုမန်းငြိမ်းမောင်က ဇူလိုင် ၄ ရက်နေ့တွင် ပြောသည်။

အကြမ်းဖက်သမားများအား ပြတ်ပြတ်သားသား နှိမ်နင်းပါက စစ်အုပ်ချုပ်ရေးမလိုဟု ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောပြော

ရခိုင်ပြည်နယ် ယခုအခြေအနေသည် စစ်အုပ်ချုပ်ရေးမလိုဘဲ ပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့် အကြမ်းဖက်သူများကို ပြတ်ပြတ်သားသားနှိမ်နင်းရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

နိုင်ငံရေးပါတီ ၁၄ ခု ပူးပေါင်းကာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသည့်နေရာများတွင် စစ်အုပ်ချုပ်ရေးထားရှိရန် ဇူလိုင် ၆ ရက်က နိုင်ငံတော် သမ္မတထံ တောင်းဆိုသည့်အပေါ် ၄င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနှင့် မလေးရှားရှိ မြန်မာလုပ်သား ၈၀ ရာခိုင်နှုန်းကျော်သည် ရေလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေရ

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၈၀ ရာခိုင်နှုန်းကျော်မှာ ရေလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသူများဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက အဆိုပါအလုပ်သမားများကို ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်လာမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းအေးက သုံးသပ်ပြောကြားလိုက်သည်။

အလွန်အန္တရာယ်များသော ကျွန်းတစ်ကျွန်း အမေရိကန်၌ ပေါ်လာ

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၌ အလွန်ထူးဆန်းပြီး အန္တရာယ်များသော ကျွန်းတစ်ခု ပေါ်လာခဲ့သည်။

တစ်မိုင်အရှည်ခန့်ရှိသော ကျွန်းသစ်သည် ဟက်တာရက်စ်ကျွန်း၏ အငူထိပ်နားတွင် ပေါ်ထွန်းလာခြင်းဖြစ်ပြီး ကျွန်းပေါ်တွင် ခရုခွံများ ပေါများသောကြောင့် ဒေသခံများက အဆိုပါကျွန်းကို ရှယ်လီ(ခရု)ဟု အမည်ပေးထားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားအဆူ ၅၀ ကို ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားများ၏ ပျက်စီးဆုံးရှုံးမှုများကို အဆင့် ၃ ဆင့်ဖြင့် သတ်မှတ်၍ ဘုရားအဆူ ၅၀ ကို ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်ထိန်းသိမ်းရန် လျာထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

“ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းနယ်မြေအတွင်းက ပျက်စီးသွားတဲ့ဘုရားတွေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်ထားတဲ့ အဆင့်ထဲကမှ ဘုရားအဆူ ၅၀ ကို ဒီနှစ်ဘဏ္ဍာနှစ်ထဲမှာ ပြုပြင်ထိန်းသိမ်းဖို့ လျာထားပါတယ်” ဟု ၄င်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မဟာဗန္ဓုလအငှားအိမ်ရာ၌ နေထိုင်ခွင့်ရပြီး မဆက်သွယ်သူများ၏ အိမ်ခန်းများ ယခုလ ၈ ရက်တွင် ပြန်သိမ်းမည်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မဟာဗန္ဓုလအငှားအိမ်ရာ၌ နေထိုင်ခွင့်မဲပေါက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက အိမ်ခန်းများ ပြန်သိမ်းမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားခဲ့သည်။

Pages