News

အကြွေစေ့ ဂိမ်းစက်မှ ဒေါ်လာ ၄၃သန်း အနိုင်ရမှုကို ငြင်းပယ်ခံရသည့် အမျိုးသမီး

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ကွင်းစ်မြို့တွင် အမျိုးသမီးတစ်ဦးသည် ကာစီနိုတစ်ခု၌ အကြွေစေ့ ဂိမ်းစက်မှ ဒေါ်လာ ၄၃သန်း အနိုင်ရရှိခဲသော်လည်း စက်၏ချို့ယွင်းမှုကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ၄င်းအနိုင်ရငွေကို ရရှိခံစားရခြင်းမရှိဘဲ ထိုကာစီနိုက ကမ်းလှမ်းခဲ့သော အသားကင်ပါသည့် ညစာတစ်ပွဲနှင့်သာ ကျေနပ်ခဲ့ရသည်ဟု စီအန်အန် သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

မုဒိမ်းကျင့်ခံရ၍ တိုင်ကြားသော အမျိုးသမီးကို ညစ်ညမ်းမေးခွန်း မေးသည်ဟု အန္ဒိယရဲ စွပ်စွဲခံရ

အိနိ္ဒယနိုင်ငံ တောင်ပိုင်းတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရ၍ ရဲထံ လာရောက်တိုင်ကြားရန် ကြိုးစားခဲ့သော အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ညစ်ညမ်းသော မေးခွန်းများ မေးမြန်းသည်ဟု စွပ်စွဲခံရသည်။

ချေမှုန်းရေး ရိုင်ဖယ်ကိုင်ပြီး တန်ဖိုးရှိနွားများကို ကာကွယ် စောင့်ရှောက်နေရသည့် မျိုးနွယ်စု

တောင်ဆူဒန်သည် ကမ္ဘာတွင် အနုပျိုဆုံး နိုင်ငံဖြစ်သည်။ ၂၀၁၁ တွင် လွတ်လပ်ရေး ရရှိပြီးကတည်းက ကြီးမားသော ပြောင်းလဲမှုများကို  ကြုံတွေ့နေရသော နိုင်ငံဖြစ်သည်။ ပြည်တွင်းစစ်၊ လူမျိုးစုများ၏  သဘောကွဲလွဲမှုကြောင့်ဟု မြင်ရသလို ဖရိုဖရဲဖြစ်ရပ်များက နိုင်ငံရေး ပြဿနာများကို နက်နက်နဲနဲ ဆက်လက် မြင်နေဆဲ ဖြစ်သည်။

မူးယစ်ဆေးဝါးကို ၀င်ရောက်ရှာဖွေရာမှ လက်နက်စက်ရုံငယ် တွေ့ရှိ

ကယားပြည်နယ်တွင် သတင်းအရ မူးယစ်ဆေးဝါးကို ၀င်ရောက် ရှာဖွေရာ လက်နက်ငယ်များနှင့် လက်နက် ထုတ်လုပ်သည့် စက်ရုံငယ်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှုများအရ သိရသည်။

 

အဆိုပါစက်ရုံငယ်ကို ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စုရှိ ဆော်ပထန်းကျေးရွာတွင် အောက်တိုဘာ ၂၇ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်နက်များ ထုတ်လုပ်နေသူကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲရောင်းချမှုဖြင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးကို ပုဒ်မသုံးခုဖြင့်အမှုဖွင့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ နမ့်ဟူးတောင်းအောက်ရွာရှိ အမက(မူလွန်)ကျောင်းအုပ်ဆရာကြီးနှင့်သုံးစွဲရောင်းချသူတစ်ဦးတို့အား မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုဖြင့် ကျောက်မဲမြို့မရဲစခန်းမှ ဖမ်းဆီးကာ ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
"အခု မူးယစ်ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ထားတာ ရှိပါတယ်။ နောက်ပညာရေး ဌာနကလည်း သူသည်ဝန်ထမ်း ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်း၊ ၀န်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူခံရဖို့ ရှိပါတယ်"ဟု မြန်မာနိုင်ငံမူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ကျောက်မဲခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက
ပြောကြားသည်။

ယာဉ်လိုင်းများ စည်းကမ်းမဲ့မှုမှာ အားနည်းသည့် ဥပဒေကြောင့်ဟု မထသ(ဗဟို)ဥက္ကဋ္ဌပြောကြား

ရန်ကုန်မြို့တွင်း  ပြေးဆွဲလျက် ရှိသောယာဉ်လိုင်းများ စည်း ကမ်းမဲ့နေမှုများမှာ အားနည်းသည့် ဥပဒေကြောင့်ဟု မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်ကပြောသည်။

အောင်စိုးမိုးကျော် ရေယာဉ်သည် နစ်မြုပ်မှု မဖြစ်ခင် ကပင် စည်းကမ်း ဖောက်ဖျက် ပြေးဆွဲ နေဟု တိုင်ကြားစာ ပို့ခဲ့သော်လည်း သက်ဆိုင်ရာက ဆောင်ရွက်ခြင်း မရှိခဲ့

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်း မြစ်ကြောင်းတွင် နစ်မြုပ် ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ကို ကျော်လွန် ပြေးဆွဲ နေသောကြောင့် ရေယာဉ် နစ်မြုပ်မှု မဖြစ်ပွားခင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက် ကတည်းက နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီး ဌာနသို့ တင်ပြ တိုင်ကြား ခဲ့ကြောင်း သိရှိ ရသည်။

 

သရုပ်ဆောင် လွင်မိုး အမှု ဖွင့်ခံရသည့် အပေါ် ကာယကံရှင် ပြန်လည် ရှင်းလင်း

လူသုံးဦးကို မတရား ဖမ်းဆီး ချုပ်နှောင် စေရန် စေခိုင်းမှုဖြင့် သရုပ်ဆောင် လွင်မိုး အပါအ၀င် အပေါင်းအပါ နှစ်ဦးအား  ကင်မွန်းချောင် နယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်တန်း ခံရမှု အပေါ် သရုပ်ဆောင် လွင်မိုးက ပြန်လည် ရှင်းလင်း ခဲ့သည်။

 

ငါးနှစ်အတွင်း ကျပ်ဘီလီယံ ၁၆၀ ကျော် အထိ အရှုံး ပြနေသော စက်မှုဝန်ကြီး ဌာန အကြီးစား လုပ်ငန်း စက်ရုံများအား ပိတ်ပစ်သင့်ဟု လုပ်ငန်းရှင်များ အကြံပြု

စက်မှု ၀န်ကြီး ဌာန၏ အကြီးစား စက်မှု လုပ်ငန်းမှ အမှတ်(၁) စက်ရုံ၊ အမှတ် (၂) စက်ရုံ၊ အမှတ် (၃) စက်ရုံများ အုပ်စုမှ ငါးနှစ် အတွင်း အရှုံးပြ ငွေကျပ်သန်း ၁၆၄ ၃၂၄ အထိ ရှိသည့် အတွက် ဆက်လက် လုပ်ကိုင်ရန် မသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂိ္ဂုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားသို့  တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင် များမှ ဆိုသည်။

ဧည့်စာရင်း တိုင်ကြားခြင်းကို ပယ်ဖျက်ပြီးနောက် ရန်ကုန်သို့ ဘင်္ဂါလီ စိမ့်ဝင်မှုများ ရှိလာ

ရပ်ကျေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဧည့်စာရင်း တိုင်ကြားရမည့် အချက်ကို ပယ်ဖျက် ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ဘင်္ဂါလီ စိမ့်ဝင်မှု  ပိုများလာကာ အောက်တိုဘာ ၂၂ ရက် တစ်ရက်တည်း မှာပင် အထောက် အထားမဲ့ ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။

အဆိုပါ အထောက် အထားမဲ့ ခိုးဝင် ဘင်္ဂါလီ ၂၂ ဦးအား တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့ နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ၂၂ ဦးစလုံးသည်  ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

Pages