News

ကားမီးလောင်မှု ၁၅ကြိမ် ဖြစ်ပွားကာ လူ(၉)ဦးသေဆုံးခဲ့

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကားမီးလောင်မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကာ လူ(၉)ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် ကားမီးလောင်မှု ၁၅  ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၄၈,၆၅၂,၀၀၀ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် ခုနစ်ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုး ၂၀,၅၇၀,၀၀၀ ရှိခဲ့ကြောင်း သိရှိရသည်။  ကားမီးလောင် မတော်တဆမှုများတွင် ဘက်ထရီဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုနှင့်အင်ဂျင်အပူလွန်ကဲရာမှ မီး လောင်မှုတို့မှာ အများဆုံးဖြစ်သည်ဟု သိရသည်။

ဇနီးဖြစ်သူ ပြည့်တန်ဆာဖြစ်မှန်း ရုပ်သံသတင်းကြည့်မိ၍ သိခဲ့ရသည့်ခင်ပွန်း

ရုရှားနိုင်ငံတွင် အမျိုးသားတစ်ဦးသည် ပြည့်တန်ဆာအိမ်တစ်အိမ်အား ရဲများက ၀င်ရောက်စီးနင်းသည့် ရုပ်သံသတင်းကို ကြည့်မိရာမှ ၄င်း၏ဇနီးဖြစ်သူသည် ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေ သူဖြစ်မှန်း သိခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။
အီဂါအလက်ဇီအမည်ရှိ အမျိုးသားသည် သူ၏ဇနီးဖြစ်သူ ထိုအလုပ်လုပ်ကိုင်နေသည်ကို ထိုရုပ်သံသတင်း ပေါ်ထွက်လာချိန်မှသာ သိခဲ့ရသည်ဟု ဆိုသည်။

အိမ်ထောင်မပြုလို၍ စိတ်ဖိစီးပြီး သွားပွတ်တံခုနစ်ချောင်း မျိုချခဲ့သော တရုတ်အမျိုးသမီး

တရုတ်နိုင်ငံတွင် ဆေးရုံတစ်ရုံ၌ ဆရာဝန်များသည် အမျိုးသမီးတစ်ဦး၏ အစာချေလမ်းကြောင်း အူအတွင်းမှ သွားပွတ်တံခုနစ်ချောင်းကို ဖယ်ရှားပေးခဲ့ရကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြခဲ့သည်။

အမေဖြစ်သူက အိမ်ထောင်ချပေးရန် စီစဉ်သည်ကို လက်မခံလိုသော အသက် ၃၁ နှစ်အရွယ်ရှိ ထိုအမျိုးသမီး သည် စိတ်ဖိစီးမှုဖြစ်နေခဲ့ပြီး အစားစာချင်သည့်ရောဂါတစ်မျိုးရရှိခဲ့ကာ တစ်ချောင်းလျှင် အရှည် ၈ လက်မ ရှိသည့် သွားပွတ်တံများကို မျိုချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်မိနစ်အတွင်း လက်ဖြောက်အကြိမ် ၂၉၆ ကြိမ်တီးပြသော ဂျပန်ကျောင်းသား

ဂျပန်ရုပ်သံအစီအစဉ်တစ်ခုတွင် တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးသည် တစ်မိနစ်အတွင်း လက်ဖြောက် အကြိမ် ၂၉၆ ကြိမ် တီးပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စာအုပ်တွင် စံချိန်တင်ပြခဲ့သည်။

ဆာတိုယူကီဖူဂျီယာအမည်ရှိသော ဂျပန်လူငယ်သည် ယခင်ကမ္ဘာ့စံချိန်ဖြစ်သည့် ၂၇၈ ကြိမ်ကို စံချိန်ချိုးပြခဲ့ သည်။ စံချိန်ဟောင်းကိုတင်ခဲ့သောသူမှာ ဆွီဒင်လူမျိုးယန်းဂတ်မန်ဆင်ဆိုသူ ဖြစ်သည်။

၎င်းသည် စိတ်အာရုံစုစည်းမှုအပြည့်ဖြင့် နာကျင်မှုကို အာရုံဖျောက်ရန် ခန္ဓာကိုယ်ကို ကွေ့ဝိုက်လှုပ်ရှားပြီး တစ်မိနစ်အတွင်း အကြိမ် ၂၉၆ ကြိမ် လက်ဖြောက်တီးပြီး ကြည့်ရှုသူပရိသတ်ကို အံ့အားသင့်စေခဲ့သည်။

သမင်တစ်ကောင်ကြောင့် ပျံမတက်နိုင်ခဲ့သည့် လေယာဉ်

အမေရိကန်နိုင်ငံ၊ ရှားလော့ဒေါက်ကလပ်စ်လေဆိပ်တွင် ပြေးလမ်းမှ ပျံတက်ရန် အရှိန်ယူနေသည့် ခရီးသည်တင်လေယာဉ်တစ်စီးသည် သမင်တစ်ကောင်ကို တိုက်မိပြီး အရေးပေါ်ရပ်တန့်ခဲ့ရသည်။

သမင်ကိုတိုက်မိခဲ့ပြီးနောက် ပျံတက်ခြင်းမပြုတော့ဘဲ လေဆိပ်အဆောက်အအုံရှိရာသို့ ပြန်လှည့်လာခဲ့ရသည့် ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၄၄ ဦး ပါရှိခဲ့သည်ဟု လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။

ထိုဖြစ်ရပ်ကြောင့် ထိုလေယာဉ် အသုံးပြုခဲ့သော ပြေးလမ်းကို ခေတ္တပိတ်ခဲ့ရသည်။ သမင်ကို တိုက်မိပြီးနောက် လေယာဉ်မှာ လေယာဉ်ဆီများ စိမ့်ထွက်လာသဖြင့် မီးသတ်ကားများ ရောက်လာခဲ့ပြီး လေယာဉ်ပေါ်ရှိ ခရီး သည်များကို လေဆိပ်အဆောက်အအုံသို့ ပို့ပေးခဲ့ရသည်။

ကြက်သွန်စိုက်ပျိုးခွင့် တားမြစ်ခံရသော ရေနံချောင်းတောင်သူ ၂၀၀ ခန့်၏ စားဝတ်နေရေး အရေးပေါ် ဖြေရှင်းပေးရန် လိုအပ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာမှ တောင်သူများအား ချောင်းမြေနု ကြက်သွန်စိုက်ပျိုးခွင့် တားမြစ်ခံထားရမှုကြောင့် ဒေသခံတောင်သူ ၂၀၀ နီးပါးခန့်မှာ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုးဆုံးနှင့် နာမည်အပျက်ဆုံးယာဉ်လိုင်းများ တစ်လိုင်းလုံး ရပ်ဆိုင်းခံရမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း သတိပေး

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBSယာဉ်လိုင်းများအနက် အဆိုးဆုံးနှင့် နာမည်အပျက်ဆုံး ယာဉ်လိုင်းများအနေဖြင့် တစ်လိုင်းလုံး ရပ်ဆိုင်းသွားနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

“အခုလည်း ကျွန်တော်တို့ မှတ်တမ်းတင်ထားမှုတွေ ရှိပါတယ်။ အဆိုးဆုံးနဲ့ နာမည်အပျက်ဆုံး ယာဉ်လိုင်းတွေ ကိုလည်း ကျွန်တော် ဒီနေရာကသတိပေးပါရစေ။ တစ်လိုင်းလုံးရပ်ဆိုင်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့ပြောင်းလဲမယ့် ပြောင်းလဲမှုဝန်ဆောင်မှုဟာ ပြည်သူကိုပေးရမှာဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်နှစ်အတွင်းလာရောက်ကုသသည့် လူနာငါးသိန်းကျော်အနက် သေဆုံးသူ ဦးရေ ၁.၂ ရာခိုင်နှုန်းသာရှိခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ဒဏ်ရာအမျိုးမျိုး၊ ရောဂါအမျိုးမျိုးဖြင့် လာရောက်ပြသသည့် လူနာများအနက် သေဆုံးသူဦးရေ မှာ ၁.၂ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး ဆေးမှတ်တမ်းဌာနမှ သတင်းရရှိသည်။
ထိုသို့ ရန်ကုန်ဆေးရုံကြီးသို့ ဒဏ်ရာအမျိုးမျိုး၊ ရောဂါအမျိုးမျိုးဖြင့် လာရောက်ပြသသည့် လူနာဦးရေမှာ ၅၀၃၂၅၇ ဦးရှိခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီးဆေးမှတ်တမ်းဌာနမှ သိရသည်။

ဒုမြို့နယ်ပညာရေးမှူးပါဝင်သည့်အဖွဲ့၏ ခေါင်းစဉ်မဲ့ရန်ပုံငွေ ကောက်ခံခြင်းကို ရေနံချောင်း ဘော်ဒါကျောင်းများ ခံနေရ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ဘော်ဒါကျောင်းအချို့ထံမှ ဒုမြို့နယ်ပညာရေးမှူး ပါဝင်သည့်အဖွဲ့ က ခေါင်းစဉ်မဲ့ရန်ပုံငွေ ကောက်ခံမှုရှိနေသည်ဟု ဘော်ဒါကျောင်းဆရာအချို့ထံမှ သိရသည်။

ထိုသို့ ခေါင်းစဉ်မဲ့ရန်ပုံငွေကောက်ခံမှုအပေါ် ဘော်ဒါကျောင်းဆရာအချို့က ကျေနပ်မှုမရှိကြောင်းသိရပြီး လာ ရောက် ကောက်ခံစဉ်ကောက်ခံသည့်အဖွဲ့မှ ပါလာသည့် ကျောင်းဆရာတစ်ဦးက ခြိမ်းခြောက်မှုဆန်သည့် စကားအချို့ပါ ပြောကြားသွားကြောင်းလည်း သိရသည်။

ကမ်းနားလမ်းရှိ ညဈေးတန်းနေရာများ အရောင်းအ၀ယ်ပြုလုပ်ပါက အရေးယူမည်

ရန်ကုန်မြို့ကမ်းနားလမ်းရှိ ညဈေးတန်းမှ ဈေးသည်များ၏နေရာများ အရောင်းအ၀ယ်ပြုလုပ်ပါက အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သန်းဦးက ပြောသည်။

Pages