Local News

ပြင်ဦးလွင်မြို့အား အာဆီယံပန်းမြို့တော်အဖြစ် ကူးပြောင်းရန်စတင်

ပြင်ဦးလွင်မြို့အား အာဆီယံပန်းမြို့တော်အဖြစ် ကူးပြောင်းပြီး ပန်းစိုက်တောင်သူများ ဝင်ငွေတိုး ဆောင်ရွက်နိုင်ရန်အတွက် စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့အား ပန်းမြို့တော်အဖြစ် ကူးပြောင်းရန် နယ်သာလန်နိုင်ငံမှ ထိပ်တန်းအရည်အသွေးမြင့် ပန်းမျိုးစေ့များ မြန်မာနိုင်ငံသို့ ပထမဦးဆုံး တင်သွင်းစိုက်ပျိုးပြီး ပန်းစိုက်တောင်သူများအား နည်းပညာပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရှိရသည်။

ဒဂုံတောင် ခြင်းလုံးအားကစားရုံနေရာတွင် မီးသွေးလုပ်ငန်း လုပ်ကိုင်နေခြင်းအား မြေပိုင်ဆိုင်မှု ခိုင်မာစွာမပြနိုင်က ဖယ်ရှားရှင်းလင်းမည်ဟု ရန်ကုန်မြို့တော်ဝန်ပြောကြား

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၉ ရပ်ကွက်၊ ဇေယျမြိုင်လမ်းရှိ မူလမြို့မြေကွက်ဖော်စဉ် သတ်မှတ်ထားသည့် ခြင်းလုံး အားကစားရုံ မြေနေရာတွင် မီးသွေးလုပ်ငန်း လုပ်ကိုင်တည်ရှိနေမှုနှင့် ပတ်သက်၍ မြေပိုင်ဆိုင်မှု အထောက်အထား ပြသနိုင်ခြင်းမရှိပါက ဥပဒေကြောင်းအရ ဖယ်ရှားရှင်းလင်းခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ပုဂံတွင် လက်ပန်းချီရေးဆွဲသူများ ၀င်ငွေကောင်း

ပုဂံရှေးဟောင်းဘုရားများ အနီးတွင် လက်ပန်းချီ ရေးဆွဲသူများမှာ ပွဲတော်ရက်များတွင် တစ်ရက် ကျပ်တစ် သိန်းကျော်အထိ ၀င်ငွေရရှိကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အစိုးရမှသံတမန်ရေးအရ ယခင်ထက် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်နေဟုဆို

Photo - arakanagyo.bolgspot

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် နောက်ဆုံးအယူခံ တင်ပြီးသော်လည်း အစိုးရအဖွဲ့၏ သံတမန်ရေးအရ ဆောင်ရွက်မှု ယခင်ထက် ပိုမိုဆောင်ရွက်ပေးနိုင်ပါက အောင်မြင်မှုရှိနိုင်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

“အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ” စာအုပ်မိတ်ဆက်ပွဲ နိုဝင်ဘာ ၁၂ ရက်တွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်မည်

ဂန္ထ၀င်လူမိုက်ကြီးများထဲမှ သက်ရှိထင်ရှားကျန်နေသူများ၊ တစ်ချိန်က စကော်ပီယံအဖြစ် ထောင်ကျခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်မည်

ထောင်ကျ နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ဇော်သက်ထွေးရေးသားသည့် အင်းစိန်ထာင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် လာမည့်နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

မန္တလေးရမ်အတုများ(၁၃၂ဖာ)ဖမ်းဆီးရမိ

မန္တလေးမြို့တွင် မန္တလေးရမ်အတုအကြီးအကျယ် ထုတ်လုပ်နေသောသူအား အောက်တိုဘာ ၂၄ ရက်နေ့ညတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာမန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးရမ်အတုများထုတ်လုပ်နေကြောင်းသတင်းအရ မန္တလေးရမ်မှ တာဝန်ရှိသူများနှင့်ရဲတပ်ဖွဲ့ဝင်များကစောင့်ဆိုင်းဖမ်းဆီးရာရမ်အတုများ ထည့်သွင်းထားသောအရက်ဖာ၃ဖာနှင့်လေးပုလင်း ၊အရည်မထည့်ရသေးသော တံဆိပ်ကပ်ထားသည့်ပုလင်းပါ ဖာပေါင်း ၁၃၂ ဖာ(စုစုပေါင်း၁၂၄၂)ပုလင်းနှင့်အတူ အရက်တုပြုလုပ်သူဦးသန်းထိုက် (အသက်၄၆နှစ်) ၊ငွေတော်ရပ်ကွက်၊ အကွက်အမှတ်၈၊ ၇၃လမ်း၊ပြည်ကြီးတံခွန်မြို့နယ်နေသူအား အရက်တုများ သယ်ဆောင်ကါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း) အား ယခုနှစ်အတွင်း တရားဝင်မှတ်ပုံတင်မည်

၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အား ယခု ၂၀၁၇ ခုနှစ်အတွင်း၌ တရားဝင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ ဦးဂျင်မီက ပြောသည်။
“ကျွန်တော်တို့ အခု မှတ်ပုံတင်ဖို့အတွက် ပြင်ဆင်တာတော့ ပြင်ဆင်နေပါပြီ။ ဒီနှစ်အတွင်းမှာ မှတ်ပုံတင်သွားမှာပါ”ဟု ဦးဂျင်မီက ပြောသည်။

တန်ဖိုးနည်းအိမ်ရာများ၏ ဘဏ်ချေးငွေ ပြန်ဆပ်ရမည့် ကာလကို ၁၅ နှစ်အထိ သက်တမ်းတိုးပေး

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် စာရင်းဖွင့်၍ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူရန် ချေးယူသူများအနေဖြင့် ဘဏ်သို့ ချေးငွေ ပြန်ဆပ်ရမည့်ကာလကို ၁၀ နှစ်အစား ၁၅ နှစ်အထိ သက်တမ်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။

“ခုလုပ်နေပါပြီ။ ပြီးသွားတဲ့ဟာကတော့ မဆိုင်တော့ဘူး။ ဒီလာမယ့် နောက်ထပ်ချေးမယ့် သူတွေကို ၁၅ နှစ် ကာလထိ တိုးပေးတော့မယ်။ အရင်က ဆယ်နှစ်။ ခုလာမယ့်ဟာတွေအတွက် ဆယ့်ငါးနှစ်ပေါ့”ဟု CHDB ဘဏ်၏ ဥက္ကဋ္ဌ ဦးဝင်းဇော်က တူမောရိုးသို့ ပြောသည်။

အစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်သည်များအား စနစ်တကျ ဗျူဟာမြောက်သော ပြန်ကြားရေးစနစ်မျိုးဖြင့် ပြန်ကြားဖို့ လိုအပ်ဟု ဦးမင်းကိုနိုင် အကြံပြု

အစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်သည်များအား စနစ်တကျ ဗျူဟာမြောက်သော ပြန်ကြားရေး စနစ်မျိုးဖြင့် ပြန်ကြားဖို့ လိုအပ်ကြောင်းနှင့် သတင်းများ ထုတ်ပြန်ရာတွင် နိုင်ငံတကာက နားလည်နိုင်သည့် ဘာသာစကားများကို အသုံးပြုသင့်ကြောင်း ဦးမင်းကိုနိုင်က အကြံပြုပြောကြားခဲ့သည်။

Pages