Local News

ရွှေပြည်သာစက်မှုဇုန်(၁)တွင် ရေနုတ်မြောင်းများ ပိတ်ဆို့ အလုပ်လုပ်နေ၍ စက်ရုံ အဆောက်အအုံအချို့တွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်(၁)တွင် ရေနုတ်မြောင်းများ ပိတ်ဆို့ကာ အလုပ်လုပ် ကိုင်နေခြင်းများကြောင့် သကြားလုံးစက်ရုံ ၀န်ထမ်းအဆောက်အအုံများအတွင်းသို့ ရေဖုံးလွှမ်းမှုများ ဖြစ်နေပြီး သွားလာမှု ခက်ခဲနေကြောင်း ဆက်ကပ် စားသောက်ကုန်ထုတ် သမအသင်းလီမိတက် သကြားလုံးစက်ရုံ မန်နေဂျာ ဦးအေးဝင်းက ပြောသည်။

ပုဇွန်တောင်တွင် ညဈေးတန်းသစ် ဖွင့်လှစ်တော့မည်

ပုဇွန်တောင်မြို့နယ် (၁၀) ရပ်ကွက်တွင် ညဈေးတန်းသစ်တစ်ခုကို ယခုလအတွင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောကြားခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက “ဒီညဈေးတန်းကို ဒီလထဲမှာ ဖွင့်ပေးနိုင်အောင် ပြင်ဆင်နေပါတယ်။ ဆိုင်ခန်း အရေအတွက် ၁၃၈ ခန်း ပါဝင်မှာပါ”ဟု ပြောကြားခဲ့သည်။

မကွေးမြို့သို့ ပြည်တွင်းလေကြောင်း ခရီးစဉ် ပျံသန်းမှုမရှိသည့်အတွက် ဒေသခံများ စိတ်ပျက်နေကြရဟုဆို

မကွေးတိုင်းဒေသကြီး အစိုးရ ရုံးစိုက်ရာ မကွေးမြို့တွင် ရန်ကုန်သို့ ပုံမှန် ပျံသန်းသည့် လေယာဉ် ခရီးစဉ် မရှိသည့်အတွက် မြို့ခံပြည်သူလူထုအနေဖြင့် စိတ်ပျက်နေကြရသည်ဟု ဆိုသည်။

ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)ခေတ်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်များတစ်လျှောက် မကွေးမြို့သည် အနည်းဆုံး တစ်ပတ်တစ်ကြိမ် လေယာဉ်ပျံသန်းမှုများ ရှိခဲ့သော်လည်း ယခင်ဦးသိန်းစိန် အစိုးရလက်ထက်နှင့် လက်ရှိ အစိုးရသစ်လက်ထက်များတွင် မကွေးမြို့သို့ ခရီးသည်တင် လေယာဉ် ဆင်းသက်မှုမရှိတော့ကြောင်း သိရသည်။

ရေနံချောင်းမြို့တွင် ငွေကြေးကိစ္စနှင့် ပတ်သက်၍ ပညာရေးမှူးအား တိုင်းအဆင့် စစ်ဆေးဆောင်ရွက်မှု ပြီးစီးသဖြင့် ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြထားဟုဆို

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပညာရေးမှူးအား ငွေကြေးကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး အဆင့် စစ်ဆေးဆောင်ရွက်မှု ပြီးဆုံးသဖြင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ ဆက်လက် တင်ပြထားဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက  Tomorrow ဂျာနယ်သို့ ပြောသည်။

“အဲဒါကို ကတ်ဘိနက်အစည်းအဝေးမှာတော့ ကျွန်တော်ဆွေးနွေးပြီးပြီပေါ့။ ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာတော့ ပြည်ထောင်စုဝန်ကြီးဆီ တင်ထားတာပေါ့။ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်လို့ မရသေးပါဘူး။ ဒါကို မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက်ပြီး မှန်မှန်ကန်ကန် တင်ပြထားပါ တယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

သုံးနှစ်ခန့် အေးစက်နေသော အိမ်ခြံမြေဈေးကွက် ၂၀၁၇ နှောင်းပိုင်း ပြန်လည်အားကောင်းလာနိုင်

သုံးနှစ်နီးပါးကာလထိ အေးစက်နေဆဲဖြစ်သည့် အိမ်ခြံမြေဈေးကွက်သည် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ပြည်သူ့အစိုးရသက်တမ်း တစ်နှစ်ကျော်မှစ၍ အရှိန်ရလာမှုနှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု အနေအထားပေါ် မူတည်၍ ပြန်လည်ကောင်းမွန်သည့် အလားအလာများရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းချုပ်ထံမှ သိရသည်။

ကျောင်းသားများဆန္ဒပြမှုအပေါ် ရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်ပုံမှာ အမြဲလို ရုပ်ပျက်ဆင်းပျက်ဖြစ်နေဟု ဗကသအဖွဲ့ ဝေဖန်

တက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသားများ အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒပြ တောင်းဆိုရာတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့မှ ဖမ်းဆီးပုံမှာ အမြဲလိုပင် ရုပ်ပျက်ဆင်းပျက်နိုင်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသ) မှ ဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်က ဝေဖန်ပြောကြားလိုက်သည်။

ရွှေတိဂုံစေတီတော်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ပဏာမအချက်နှင့် ကိုက်ညီကြောင်း အဆိုတင်သွင်းမည်

ရွှေတိဂုံစေတီတော်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် မည်သည့်အချက်များနှင့် ကိုက်ညီကြောင်း ပဏာမ အဆိုပြုချက်ကို ယခုနှစ်အတွင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ သိရသည်။

ကုမ္ပဏီမှ သိန်း ၁၅၀၀ နီးပါးဖြင့် ဈေးဖြတ်ခဲ့သော ရေမဆေးကျောက်စိမ်းတုံး စတင်တွေ့ရှိသူ ကျပ်သိန်း ၄၂၀ ရရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တွေ့ရှိခဲ့သော ရေမဆေးကျောက်စိမ်းတုံးကြီးအား ငွေဆင်ကုမ္ပဏီမှ ကျပ်သိန်း ၁၅၀၀ နီးပါးခန့် ဈေးဖြတ်၍ ပေးဝယ်ခဲ့သော်လည်း ကျောက်စိမ်းတုံးကြီးကို စတင်တွေ့ရှိခဲ့သောသူမှာ ကျပ်သိန်း ၄၂၀ ဖြင့် ကျေနပ်ခဲ့ရသည်ဟု ဖားကန့်ဒေသမှ ဒေသခံတစ်ဦးက ပြောသည်။

YBS ယာဉ်လိုင်းတွင် တိုင်းအစိုးရမြှုပ်နှံထားသည့် ငွေကျပ် ဘီလီယံ ၇၀ ကို ကားများ ၀ယ်ယူထားဟုဆို

YBS အများပိုင်ယာဉ်လိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီးရန်ပုံငွေထဲမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေကျပ်ဘီလီယံ ၇၀ အား အပ်နှံထားသည့် ဧရာဝတီဘဏ်မှ ထုတ်ယူကာ ကားများ ၀ယ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ အခုအဲဒီပိုက်ဆံနဲ့ တရုတ်အစိုးရဆီမှာ G to G စနစ်နဲ့ ကားအစီးရေ ၁၀၀၀ ၀ယ်ယူထားတယ်။ မေလလောက်ဆိုရင် YBS ယာဉ်လိုင်းတွေမှာ ထည့်သွင်းပြေးဆွဲနိုင်လိမ့်မယ်လို့  မျှော်မှန်းထားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စံပြဈေးရှေ့ လူကူးခုံးကျော်တံတားတစ်စင်း နှစ်လအတွင်း အပြီးတည်ဆောက်သွားမည်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးရှေ့ ၌ လူကူးခုံးကျော်တံတားတစ်စင်းအား နှစ်လအတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။

“အမြန်ဆုံး နှစ်လလောက်အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အရင်အစိုးရ စီမံကိန်းကတည်းက ချထားခဲ့ တာကို မလုပ်ဖြစ်ဘဲနဲ့ အခုကျမှ လုပ်ဖြစ်တာပါ။  သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာတော့ လောလောဆယ် လူကူးခုံးကျော် တံတားတစ်စင်းပဲ ဆောက်ဖြစ်ဦးမှာပါ”ဟု ၄င်းက ပြောသည်။

Pages