Local News

ခေါင်းလောင်းအတုလုပ်နေကြောင်းပြောသူများကို မကြာခင်အစစ်ဖြင့် သက်သေပြမည်ဟု ဦးစံလင်းတုံ့ပြန်

ဓမ္မစေတီခေါင်းလောင်းအတုပြုလုပ်သည့်စရိတ်သည် ကျပ်သိန်းသောင်းနှင့် ချီကုန်ကျနိုင်ပြီး အတုလုပ်ခြင်းထက် အစစ်ကို ဆယ်ယူခြင်းမှာ ကုန်ကျစရိတ် ပိုမိုသက်သာသောကြောင့် အစစ်ကိုသာ ဆယ်ယူ၍ ပြည်သူလူထုရှေ့မှောက် ချပြသွားမည်ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် ကြိုးပမ်းနေသူ ဦးစံလင်းကပြောသည်။

တန်ဖိုးနည်းအိမ်ရာအချို့တွင် လျှပ်စစ်မီးမရရှိသေးသည့် တိုက်ခန်းအချို့ရှိနေသေးဟုဆို

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများကို လာမည့်သီတင်းပတ်အတွင်း မဲနှိုက်ရောင်းချရာတွင် အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးမရရှိသေးသည့် တိုက်ခန်းအချို့ရှိနေသဖြင့် ယင်းအခြေအနေများကို ပွင့်လင်းမြင်သာစွာချပြမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိမိတင်က ဇူလိုင် ၂၈ ရက်က Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

စည်းကမ်းမဲ့ယာဉ်လုပ်သားများအား ဥပဒေကြောင်းအရတရားစွဲဆိုသည်အထိ အရေးယူနိုင်ရန် စီစဉ်နေဟု YUPT ဆို

YBS စနစ်တွင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော YUPT ကုမ္ပဏီသည် ၄င်းတို့လက်အောက်ရှိ ယာဉ်လိုင်းပေါင်း၂၀ ကျော်တွင် လုပ်ကိုင်နေသည့် လုပ်သားများအနက် စည်းကမ်းမဲ့သော ယာဉ်လုပ်သားများအား ချမှတ်ထားသော ၁၃၈ ချက်နှင့် အရေးယူမည်မဟုတ်ဘဲ ဥပဒေကြောင်းအရသာ အရေးယူသွားမည်ဖြစ်ကြောင်း YUPT ကုမ္ပဏီမှ သိရသည်။

ရေလွှမ်းမိုးမှုကြောင့် တစ်နိုင်ငံလုံးရှိ မိုးစပါးစိုက်ဧက သုံးသောင်းဝန်းကျင် ပျက်စီး

ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှစ၍ မိုးရွာသွန်းမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ မိုးစပါးစိုက်ဧက ကိုးသောင်းခန့် ရေလွှမ်းမိုးခံရပြီး လယ်ဧကသုံးသောင်းဝန်းကျင ပျက်စီးဆုံးရှုံးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဂတိလိုက်စားမှုများတွင် တရားသူကြီး၊ ရှေ့နေနှင့် ရဲတပ်ဖွဲ့ဝင်များက အများဆုံးဖြစ်နေ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းပြီး သုံးနှစ်အတွင်း အဂတိလိုက်စားမှုများ ပြုလုပ်မှုကြောင့် အရေးယူဆောင် ရွက်ခဲ့သည့်အမှုများတွင် တရားသူကြီးများ၊ ရှေ့နေများနှင့် ရဲတပ်ဖွဲ့ဝင်များက အများဆုံး ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်မှု မှတ်တမ်းများအရ သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် စတင်ဖွဲ့စည်းချိန်မှ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သုံးနှစ်အတွင်း ကော်မရှင်က အရေးယူဆောင်ရွက်ခဲ့သည့် အမှုပေါင်း ၃၁ မှုထိ ရှိခဲ့ကြောင်းလည်း သိရသည်။

ကိုးဧကကျယ်ဝန်းသော ရန်ကုန်စစ်သမိုင်းပြတိုက်နေရာတွင် ဂျပန် Fujita ကုမ္ပဏီနှင့် မြန်မာဧရာ ဟင်္သာကုမ္ပဏီတို့၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောက်လုပ်ရန် MIC ၏ ခွင့်ပြုချက်ရရှိ

 

ရန်ကုန်မြို့၏ အချက်အချာကျသော စစ်သမိုင်းပြတိုက်ဟောင်း၏နေရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပေါ်ထွက်လာပြီးနောက် ပထမဦးဆုံး ခွင့်ပြုချက်ရရှိသော ယင်းစီမံကိန်းကို ဂျပန်နိုင်ငံမှ Fujita Corporation, Tokyo Tetemono နှင့် မြန်မာနိုင်ငံမှ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီ လီမိတက်၏ လက်အောက်ခံ YITC တို့က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရကခွင့်ပြုပါက ဓမ္မစေတီခေါင်းလောင်းအား ၁၀ ရက်အတွင်း ကြိုးချည်ပြီးဖြစ်ရမည်ဟု ဦးစံလင်းပြော

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်အတွက် အစိုးရက ခွင့်ပြုမည်ဆိုပါက ၁၀ ရက်အတွင်း ခေါင်းလောင်းအား ကြိုးချည်အပြီးဖြစ်ရမည်ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် ကြိုးစားနေသူ ဦးစံလင်းက တူမောရိုးသို့  ပြောကြားလိုက်သည်။

နယ်ကျော်မောင်းနှင်သည့် YBS ယာဉ်များအား ပြေးဆွဲခွင့်သုံးလပိတ်မည်

YBS ယာဉ်များ နယ်ကျော်မောင်းနှင်လာပါက လမ်းကြောင်းပြေးဆွဲခွင့်နှင့် CNG ၀ယ်ယူသုံးစွဲခွင့် သုံးလအထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

“YBS ဆိုတာက ရန်ကုန်တိုင်းထဲမှာပါပဲ။ ဒါကို စည်းကမ်းမဲ့ ရန်ကုန်နယ်ကျော်ဖြတ်ပြီး တခြားတိုင်းဒေသကြီးနဲ့ နယ်ကျော်လာတဲ့ YBS ယာဉ်တွေကို ပြေးဆွဲခွင့်ပိတ်သိမ်းပြီး CNG ၀ယ်ယူသုံးစွဲခွင့်မှာ သုံးလအထိ ပိတ်သိမ်းသွားမှာပါ” ဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။

လူခြောက်သန်း၏အမှိုက်များအား ၀န်ထမ်းလေးထောင်က သိမ်းဆည်းရန် ၀န်ထမ်းအင်အားမလောက်ဟု စည်ပင်ကဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သန့်ရှင်းရေးကဏ္ဍတွင် လူတစ်ထောင်ကျော်လျှင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးနှုန်းဖြင့် ၀န်ဆောင်မှုပေးနေရပြီး အမှိုက်များကိုလည်း တစ်နေကုန်ပစ်သဖြင့် လူအင်အားမမျှကြောင်း အဆိုပါကော်မတီ၏ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားလိုက်သည်။

ဟောင်ကောင်သို့ အိမ်အကူလုပ်သား တရားဝင်စေလွှတ်ခွင့် ပြန်လည်ပေးသင့်ဟု စစ်တမ်းတစ်ရပ်အရဆို

စင်ကာပူနိုင်ငံထက် လစာနှစ်ဆကျော်ရသည့်အပြင် အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိသဖြင့် ဟောင်ကောင်သို့ အိမ်အကူလုပ်သား တရားဝင်စေလွှတ်ခွင့် ပြန်လည်ပေးသင့်ဟုဆိုသည့် စစ်တမ်း ကောက်ယူရရှိခဲ့ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ သိရသည်။

Pages