Local News

သတိပေးချက်ကို မသိဟန်ပြု၍ တနင်္သာရီတိုင်း အတွင်းရှိ ကျွန်းသုံးကျွန်းအား မိုခမ် အင်တာနေရှင်နယ် ကုမ္ပဏီက ဆိုင်းဘုတ်များ စိုက်ထူ၍ ထပ်မံ သိမ်းပိုက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းသုံးကျွန်းအား စီမံကိန်းမြေ အဖြစ် သတိပေး ဆိုင်းဘုတ်များ စိုက်ထူ သိမ်းပိုက်သော မိုခမ် အင်တာနေရှင်နယ် ကုမ္ပဏီအား တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

မကြာမီ ဖွင့်လှစ်တော့မည့် Sule Square ဒဏ်ငွေ ကျပ် နှစ်ဘီလီယံ မဆောင်ပါက ဖျက်သိမ်းရမည်ဟု စည်ပင် တာဝန်ရှိသူ ပြောကြား

ပြည်တွင်း ဆောက်လုပ်ရေး လောကတွင် ပထမဦးဆုံး ပြင်းထန်သည့် ဒဏ်ကြေး ဖြစ်သည့် ကျပ်နှစ်ဘီလီယံကို Sule Square အဆောက်အအုံ ဆောက်လုပ်သူများအား ချမှတ်ခဲ့ပြီး ၄င်းတို့ အနေဖြင့် ယင်းဒဏ်ကြေးအား မဆောင်ပါက အဆောက်အအုံ ဖျက်သိမ်းရမည်ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

အိမ်နီးချင်းနိုင်ငံအချို့တွင် မရှိသေးသော မိုင်းရှင်းယာဉ်အား မြန်မာ့တပ်မတော် ထုတ်ဖော်ပြသ

တပ်မတော်(ကြည်း/လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် အိမ်နီးချင်း နိုင်ငံများတွင် မရှိသေးသည့် မိုင်းရှင်းယာဉ်အား မြန်မာ့ တပ်မတော်က ပထမဦးဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြသလိုက်သည်။

ထိုသို့ မိုင်းရှင်းလင်းရေးယာဉ်အား ထုတ်ဖော် ပြသမှုကို မြန်မာ့ တပ်မတော်က စက်တင်ဘာ ၂၄ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာ မြို့နယ်ရှိ မိတ္ထီလာ မုန်တိုင်း ဒေသကွင်းတွင် ကျင်းပ ပြုလုပ်သည့် တတိယ အကြိမ် တပ်မတော် (ကြည်း/လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်ရာတွင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားတချို့၏ စည်းကမ်း မလိုက်နာမှုများကြောင့် အခြေခံ လစာ ၃၆၀၀ ပေးရန် အသက်ဝင်မည် မဟုတ်ဟု အလုပ်ရှင်များဆို

အလုပ်သမား တချို့၏ သစ္စာ ချိုးဖောက်မှုများကို အလုပ်သမားရုံးက တာဝန်ယူ မဆောင်ရွက်လျှင် အလုပ်သမားများ အပေါ် အစိုးရ၏ သတ်မှတ်ချက်အရ အခြေခံလုပ်ခ ၃၆၀၀ ကျပ်ပေးရန်မှာ အသက်ဝင်မည် မဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“အလုပ်သမားတွေရဲ့ သစ္စာ ချိုးဖောက်မှုကိုကျတော့ အလုပ်သမားရုံးက ဘာမှမလုပ်ပေးဘူး။ တာဝန် မယူဘူး။ အဲဒီလို တာဝန်ယူမှု မရှိဘူးဆိုရင် အလုပ်ရှင်ဘက်ကလည်း အလုပ်သမား အပေါ်မှာ အစိုးရရဲ့ သတ်မှတ်ချက်နဲ့ ညီမညီ ပေးမပေး ဆိုတာ သူ့ရဲ့လုပ်ငန်းခွင်မှာပဲ မူတည်သွားတယ်လေ။ အဲတော့ သတ်မှတ်ချက်က အသက်မ၀င်ဘူး ဖြစ်သွားတာပေါ့”ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါ်စုစုလှိုင်က ထောက်ပြ ပြောဆိုသည်။

တောင်သမန်သစ္စာ ကုမ္ပဏီအား လုပ်ငန်းများ ရပ်ဆိုင်းထားရန် အမိန့် ထုတ်ပြန်

မန္တလေး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်းကြီးတွင် တောင်သမန် ကျေးလက် စီမံကိန်း ရေပေါ် အပန်းဖြေစခန်းကြီး တည်ဆောက်နေသော တောင်သမန်သစ္စာ ကုမ္ပဏီအား ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရန် မြို့တော်ဝန် အမိန့်ဖြင့် ညွန်ကြားထားကြောင်း သိရသည်။

မဖြစ်နိုင်သော မက်လုံးပေး လုပ်ကိုင်မှုများနှင့် အတုအယောင် MLM လုပ်ငန်းများအား နိုင်ငံတော်မှ ဖော်ထုတ် အရေးယူပေးသင့်ဟုဆို

MLM ဟုခေါ်သော ဆင့်ပွားနည်းဖြင့် ဈေးကွက် ဖြန့်ချိစနစ်သုံး စီးပွားရေး လုပ်ငန်းများသည် စီးပွားရေး မူဝါဒအရ မှန်မှန်ကန်ကန် လုပ်ကိုင်မှုများ အပေါ် လက်ခံပေးရန် ဖြစ်သော်လည်း အတု အယောင်များနှင့် မဖြစ်နိုင်သော မက်လုံးပေး လုပ်ကိုင်မှုများကို နိုင်ငံတော်က ဖော်ထုတ် အရေးယူမှုများ ပြုလုပ်သင့်ကြောင်း စီးပွားရေး ဥပဒေ ပညာရှင် တစ်ဦး Tomorrow ဂျာနယ်သို့ သုံးသပ် ပြောကြားသည်။

မြစ်ကမ်းပါး ပြိုခြင်းကြောင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အင်းဝမြို့ဟောင်းတွင် အရေးတကြီး ကာကွယ်စောင့်ရှောက်ရမည့် နေရာ ငါးနေရာခန့်ရှိ

မြစ်ကမ်းပါးပြိုခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အင်းဝမြို့ဟောင်းတွင် အရေးတကြီး ကာကွယ် စောင့်ရှောက်ရမည့် နေရာ ငါးနေရာခန့် ရှိနေပြီး ယင်းအခြေအနေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့်   မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဦးစီးဌာနမှ ဦးတိုင်းအောင်လင်းက ပြောသည်။

ကရင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ ပြည့်စုံသော်လည်း ဖျာနှင့် ခြင်ထောင်များစွာ လိုအပ်နေ

တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များကို မြိုင်ကြီးငူ ဆရာတော်ကျောင်းတွင် ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိကာ စားနပ်ရိက္ခာများ ပြည့်စုံသော်လည်း အခင်းဖျာနှင့် ခြင်ထောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီ ဆောင်ရွက်ပေးနေသော ဒေသခံ ကိုမြင့်အောင်က ပြောသည်။

အသေးစား အလတ်စား စီးပွားရေး လုပ်လိုသူများအတွက် ဒေါ်လာ ၁၀ သန်းကျော် ချထားပေးမည့် ချေးငွေ အစုစု အာမခံသည့် အစီအစဉ်သစ်တစ်ခု ထွက်ပေါ်လာတော့မည်

မြန်မာနိုင်ငံရှိ အသေးစား အလတ်စား လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးနိုင်ရန် ဒေါ်လာ ၁၀ သန်းကျော် ချထားပေးမည့် ချေးအငွေစုစု အာမခံသည့် အစီအစဉ်တစ်ခုဖြစ်သော Development Credit Authority (DCA) အား မြန်မာနိုင်ငံရှိ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကောင်အထည်ဖော်မည့် ချေးငွေအစုစု အာမခံ Development Credit Authority (DCA) အား အသေးစား ချေးငွေ လုပ်ငန်း အဖွဲ့အစည်း ငါးခုနှင့် ဆောင်ရွက်သွားမည် ဖြစ်ကာ ဒေါ်လာ ၁၀ သန်းကျော်ကို ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အား ဆန့်ကျင်မှုများသည် လူမျိုးရေး၊ ဘာသာရေး မဟုတ်ဘဲ နိုင်ငံရေး ရည်ရွယ်ချက်များ ပါဝင်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်းခဲ့သည့် အပေါ် ကော်မရှင်အား ဆန့်ကျင်သည့် သူများသည် လူမျိုးရေး၊ ဘာသာရေး မဟုတ်ဘဲ နိုင်ငံရေး ရည်ရွယ်ချက်များ ပါဝင်နေသည်ဟု မြင်ကြောင်းနှင့် ယင်းအတွက် အင်မတန်မှ ၀မ်းနည်းစရာ ကောင်းကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်မြို့ရှိ မြန်မာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Pages