Local News

မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်ချမှတ်မည်ဟု အီရစ်ထရေအာအစိုးရက အမျိုးသားများကို ပြောကြား

အီရစ်ထရေအာနိုင်ငံ၌ အိုင်းစ်ဆစ် - အက်ဝါကီ ဦးဆောင်သော အစိုးရက အမျိုးသားများအနေဖြင့် မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဟု အမိန့်ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် အဆိုပါမိန့်ခွန်းတွင် အမျိုးသမီးများအနေဖြင့် သူတို့၏ အမျိုးသားများအား နောက်ထပ်မိန်းမတစ်ယောက်ယူခြင်းကို ကန့်ကွက်တားဆီးမှုများပြုပါက တားဆီးသောအမျိုးသမီးများကိုလည်း     ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်မည်ဟု ပါဝင်သည်။

ကျောက်မီးသွေးစက်ရုံနှင့် ပက်သက်၍ ပြောဆိုနေသော သဘာဝပတ်ဝန်းကျင်ပညာရှင်များ ဘာမှမသိဟု ဖဒိုမန်းငြိမ်းမောင် ဝေဖန်

ဂျပန်နိုင်ငံတိုကျိုတွင် ကျောက်မီးသွေးစက်ရုံ ၂၈ ရုံရှိပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခုပြောဆိုနေသော သဘာဝပတ်ဝန်းကျင်ပညာရှင်များ ဘာမှမသိကြောင်း KNU မှ ဖဒိုမန်းငြိမ်းမောင်က ဇူလိုင် ၄ ရက်နေ့တွင် ပြောသည်။

အကြမ်းဖက်သမားများအား ပြတ်ပြတ်သားသား နှိမ်နင်းပါက စစ်အုပ်ချုပ်ရေးမလိုဟု ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောပြော

ရခိုင်ပြည်နယ် ယခုအခြေအနေသည် စစ်အုပ်ချုပ်ရေးမလိုဘဲ ပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့် အကြမ်းဖက်သူများကို ပြတ်ပြတ်သားသားနှိမ်နင်းရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

နိုင်ငံရေးပါတီ ၁၄ ခု ပူးပေါင်းကာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသည့်နေရာများတွင် စစ်အုပ်ချုပ်ရေးထားရှိရန် ဇူလိုင် ၆ ရက်က နိုင်ငံတော် သမ္မတထံ တောင်းဆိုသည့်အပေါ် ၄င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနှင့် မလေးရှားရှိ မြန်မာလုပ်သား ၈၀ ရာခိုင်နှုန်းကျော်သည် ရေလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေရ

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၈၀ ရာခိုင်နှုန်းကျော်မှာ ရေလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသူများဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက အဆိုပါအလုပ်သမားများကို ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်လာမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းအေးက သုံးသပ်ပြောကြားလိုက်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားအဆူ ၅၀ ကို ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားများ၏ ပျက်စီးဆုံးရှုံးမှုများကို အဆင့် ၃ ဆင့်ဖြင့် သတ်မှတ်၍ ဘုရားအဆူ ၅၀ ကို ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်ထိန်းသိမ်းရန် လျာထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

“ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းနယ်မြေအတွင်းက ပျက်စီးသွားတဲ့ဘုရားတွေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်ထားတဲ့ အဆင့်ထဲကမှ ဘုရားအဆူ ၅၀ ကို ဒီနှစ်ဘဏ္ဍာနှစ်ထဲမှာ ပြုပြင်ထိန်းသိမ်းဖို့ လျာထားပါတယ်” ဟု ၄င်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မဟာဗန္ဓုလအငှားအိမ်ရာ၌ နေထိုင်ခွင့်ရပြီး မဆက်သွယ်သူများ၏ အိမ်ခန်းများ ယခုလ ၈ ရက်တွင် ပြန်သိမ်းမည်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မဟာဗန္ဓုလအငှားအိမ်ရာ၌ နေထိုင်ခွင့်မဲပေါက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက အိမ်ခန်းများ ပြန်သိမ်းမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားခဲ့သည်။

လမ်းနယ်နိမိတ်ချဲ့ရန် သစ်ပင်များခုတ်လှဲရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ပါက သစ်တောဥပဒေဖြင့် အရေးယူမည်

လမ်းနယ်နိမိတ်ချဲ့ရန် သစ်ပင်များ ခုတ်လှဲရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ပါက သစ်တောဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန နေပြည်တော်မှ သိရသည်။

“ခွင့်ပြုချက်မယူဘဲ သဘာဝပေါက်နေတဲ့သစ်ပင်တွေ တားမြစ်ရာ ပါဝင်တဲ့သစ်ပင်တွေကို ခုတ်ရင်တော့ သစ်တောဥပဒေအရဖြစ်စေ၊ ပုဒ်မ၆(၁)နဲ့ဖြစ်စေ၊ အရေးယူခံရပါမယ်”ဟု သစ်တောဦးစီးဌာန၊ နေပြည်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်းများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် စတင်ဖော်ဆောင်မည်

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်  ပထမဆုံးအနေဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံဝန်ထမ်းအငှားအိမ်ရာစီမံကိန်းကို လာမည့်ဇူလိုင်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ပင်လယ်ရေမျက်နှာပြင် ၂၀ စင်တီမီတာ မြင့်တက်လာ၍ နိုင်ငံတကာရှိ မြစ်ဝကျွန်းပေါ်ဒေသများ ရေနစ်မြုပ်နိုင်

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲများအရည်ပျော်ကာ ကမ္ဘာမြေကြီး၏ ပင်လယ်ရေမျက်နှာပြင်၂၀ စင်တီမီတာ အမြင့်သို့ ရောက်ရှိလာသဖြင့် နိုင်ငံတကာရှိ မြစ်ဝကျွန်းပေါ်ဒေသများ ရေနစ်မြုပ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနတိုင်းတာရေးကိရိယာများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒုတိယစီမံကိန်းမန်နေဂျာ ဦးချစ်ကျော်က ပြောကြားခဲ့သည်။

(ခ) လိုင်စင်ရှိသူများ YBS အထူးယာဉ်မောင်းသင်တန်းသို့ တက်ရောက်နိုင်

အများပိုင်ဘတ်စ်ကားကုမ္ပဏီများတွင် ခန့်အပ်ရန် (ခ) လိုင်စင်ရှိသူများ YBS အထူးယာဉ်မောင်းသင်တန်းသို့ တက်ရောက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

“ဒီသင်တန်းကို တက်ရောက်မယ့်သူတွေက (ခ)လိုင်စင်အနည်းဆုံး သုံးနှစ်ရှိရမယ်။ သင်တန်းပြီးဆုံးရင်လည်း အများပိုင်ဘတ်စ်ကားကုမ္ပဏီတွေမှာ အနည်းဆုံး သုံးနှစ် မောင်းနှင်ပေးရပါမယ်။ သင်တန်းကတော့ အခမဲ့ဖြစ်တာကြောင့် သင်တန်းသားဦးရေကို ကန့်သတ်ထားပါတယ်”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Pages