Local News

ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၆၀ ကြိမ် ဖြစ်ပွားပြီး ၆၄ ဦး သေဆုံး

၂၀၁၇ ဇန်န၀ါရီလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်တိုက်မှုအကြိမ် ၂၆၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၃၂၀ ဦးထိရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ပြီးခဲ့သည့် ဇန်န၀ါရီလက ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေကတော့ ကျား ၄၄ ဦးနဲ့ မ ၂၀ ဦး စုစုပေါင်း ၆၄ ဦးတို့ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုတွေ အခုလို ဖြစ်ပွားရတာက လူတွေက ယာဉ် စည်းကမ်းလမ်းစည်းကမ်းတွေ လိုက်နာတာ အင်မတန်မှ အားနည်းပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၅ မြို့နယ်တွင် ၀က်သက်ရောဂါ ဖြစ်ပွားနေသော်လည်း သေဆုံးမှုမရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် ၀က်သက်ရောဂါ (Measles) ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်အထိ သေဆုံးသူမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။

ယင်းနှင့်စပ်လျဉ်း၍ ဒေါက်တာဝင်းလွင်က “၀က်သက်ရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က မြို့နယ် ၅ မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အများဆုံးကူးစက်ပြန့်ပွားတာကတော့ လှိုင်သာယာမြို့နယ်ဖြစ်ပါတယ်။ လက်ရှိတော့ အသေ အပျောက်မရှိပါဘူး။ ရောဂါကို ထိန်းချုပ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဦးပိန်တံတားပြုပြင်မှု ရပ်ဆိုင်းထားရာမှ ရှေးမူမပျက် ပြန်လည်ပြင်ဆင်ရန် တိုင်းအစိုးရ ပြန်လည်ခွင့်ပြု

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာ တောင်သမန်အင်းကြီးအတွင်းရှိ ဦးပိန်တံတား ပြန်လည်ပြုပြင် ပြင်ဆင်ခွင့်ရရှိထားသည့် ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်ခြင်းလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားရာမှ ယခုအခါ မြန်မာနိုင်ငံဗိသုကာကောင်စီမှ ပညာရှင်များနှင့် ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်ကာ ရှေးမူမပျက် ပြန်လည်ပြင်ဆင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

Viber, Wechat နှင့် Telegram တို့ကို နိုင်ငံတော်အဆင့်အသုံးပြုရန် မသင့် ပညာရှင်အချို့ပြော

လူမှုကွန်ရက်များဖြစ်သည့် Viber, Wechat နှင့် Telegram စသည့် Software များကို နိုင်ငံတော်အဆင့် အသုံးပြုရန်မသင့်ကြောင်း ပြည်တွင်းနည်းပညာရှင်အချို့က အကြံပြုပြောကြားသည်။

အဆိုပါနက်ဝေါ့ခ် အသုံးပြုနေသည့်အကောင့်များကို အမေရိကန်၏ NSA (အမျိုးသားလုံခြုံရေးအဖွဲ့အစည်း)က အကြောင်းပြချက်မရှိဘဲ တောင်းယူကြည့်ရှုနိုင်သည့်အတွက် ပေးပို့ထားသော အကြောင်းအရာမှန်သမျှကို သိရှိ နိုင်ခြင်းကြောင့် ထိုလူမှုကွန်ရက် Software များကို နိုင်ငံတော်အဆင့်အနေဖြင့် သုံးစွဲရန်မသင့်ကြောင်း နည်းပညာရှင်ကိုရန်နိုင်မြင့်က အကြံပြုသုံးသပ်သည်။

ငါးလအတွင်း အကောက်ခွန်မဲ့ပစ္စည်းနှင့် သယ်ဆောင်လာသည့်ယာဉ်များအား ဖမ်းဆီးမှုတန်ဖိုး ကျပ်သန်း ၁၇၀၀ ကျော်ရှိခဲ့

အကောက်ခွန်ဦးစီးဌာန၊ အထူးကင်းအဖွဲ့က ၅ လတာ ကာလအတွင်း စာရွက်စာတမ်းအထောက်အထားမဲ့ တင်သွင်း/တင်ပို့လာသည့် အကောက်ခွန်မဲ့ပစ္စည်းများနှင့် ယင်းပစ္စည်းများကို သယ်ဆောင်လာသည့် ယာဉ်များ အပါအ၀င် စစ်ဆေးဖမ်းဆီးခဲ့မှုတန်ဖိုးမှာ ခန့်မှန်းကျပ်သန်း ၁၇၀၀ ကျော်ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အချက်အလက်အပြည့်အစုံ ဖော်ပြမထားသောစားသောက်ကုန်များ အရေးယူတော့မည်

ဈေးကွက်တွင်း ရောင်းချသည့် အစားအသောက်များ၌ အမှတ်တံဆိပ်ဖော်ပြချက်တွင် FDA ၏ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်အမှတ်အပါအ၀င် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များကို အပြည့်အစုံဖော်ပြထားခြင်း မရှိပါက လာမည့်မတ်လကုန်မှစ၍ ဥပဒေအရ စိစစ်အရေးယူတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သတိပေးကြေညာချက် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

တရားမ၀င်ဓာတ်အားသုံးစွဲမှုကြောင့် သုံးလအတွင်း ယူနစ်ပေါင်း နှစ်သိန်းနီးပါးဆုံးရှုံးခဲ့

၂၀၁၆ခုနှစ် နောက်ဆုံးသုံးလအတွင်း တစ်နိုင်ငံလုံးတွင် တရားမ၀င်ဓာတ်အားသုံးစွဲမှုကြောင့် ယူနစ်ပေါင်း နှစ်သိန်းနီးပါးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င်သုံးစွဲမှုများသည် ၂၀၁၆ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း ဖြစ်ပွားခဲ့သည့် စာရင်းများဖြစ်ပြီး တရားမ၀င်လျှပ်စစ်သုံးစွဲမှုပေါင်း၂၅၄ မှုရှိပြီး ယင်းသို့ တရားမ၀င်သုံးစွဲမှုကြောင့် ယူနစ်ပေါင်း ၁၉၇၀၈၄ ယူနစ်ဆုံးရှုံးခဲ့ကာနစ်နာကြေး ကျပ်သိန်း ၂၀၀၀ကျော် ရရှိခဲ့ကြောင်း  လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးမြင့်သူက ပြောသည်။

တနင်္သာရီဒေသ မြို့နယ်လေးခုကျွန်းအုပ်စုများပေါ်ရှိ ဇီဝစိုးငှက်သိုက်များ တစ်ဦးတည်းသိမ်းယူခွင့် လေလံတင် ရောင်းချမည်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်လေးခု၏ ကျွန်းအုပ်စုများအပေါ်ရှိ ဇီဝစိုးငှက်သိုက်များအား တစ်ဦးတည်း စုသိမ်းထုတ်ယူခွင့်ကို ထားဝယ်မြို့၌ လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုလေလံတင်ရောင်းချမည့် ကျွန်းလေးခုမှာ လောင်းလုံမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ကော့သောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့ရှိ ကျွန်းစုများဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရပြီး သစ်တော ဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူးယစ်ဆေးဝါးဈေးကွက်ရှိနေသောကြောင့် ရခိုင်တွင်မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိနေခြင်းဖြစ်ဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စိတ်ကြွဆေးပြားနှင့်ပတ်သက်သည့်ဈေးကွက်တစ်ခုရှိနေသော ကြောင့် ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိနေခြင်းဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ နယ်စပ်များတွင် မကြာခဏ ဖမ်းမိလေ့ရှိ သော်လည်းယခုအခါ ရခိုင်ပြည်နယ်အတွင်း မကြာခဏ ဖမ်းဆီးမှုများ ဖြစ်နေသည့်အပြင် လက် နက်များပါ ကိုင်ဆောင်မှုများ အထိရှိနေကြောင်း သတင်းဖော်ပြချက်များအရသိရသည်။

အင်းစိန်မြို့နယ်တွင် ရိုက်နှက်ခံခဲ့ရသည့် ထီသည် ကိုရဲရင့်နိုင်နှင့် သူ၏မိခင်အား အေးမေတ္တာ မသန်စွမ်းရိပ်မြုံက ခေါ်ယူစောင့်ရှောက်ထား

အင်းစိန်မြို့နယ်တွင် ရိုက်နှက်ခံရပြီး ဒဏ်ရာရရှိခဲ့သည့် ကိုရဲရင့်နိုင်နှင့် ၄င်း၏မိခင်တို့အား ဒဏ်ရာပျောက်သည်အထိ အေးမေတ္တာ မသန်စွမ်းရိပ်မြုံတွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲရင့်နိုင်မှာ မွေးကတည်းက လက်တစ်ဖက်မှာ တံတောင်ဆစ်နားထိတိုဝင်နေကာ ရိုက်နှက်ခံရမှုကြောင့် ကောင်းသည့်လက်မှာလည်း ကျိုးသွားသည့်အပြင် ဦးခေါင်းတွင်ပါ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံတက်ရောက်ခဲ့ရသည်။ ဒဏ်ရာများ အနည်းငယ် သက်သာလာပြီးနောက် ဖေဖော် ၀ါရီ ၆ ရက်တွင် ဆေးရုံမှဆင်းလာပြီး ယခုကဲ့သို့ အေးမေတ္တာ မသန်စွမ်းရိပ်မြုံက ခေါ်ယူစောင့်ရှောက်ထားခြင်း ဖြစ်သည်။

Pages