Local News

ကျူးကျော်သက်သေခံစမတ်ကတ်များ ပြန်လည်ရောင်းချ၍မရအောင် ပြုလုပ်ထားဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကျူးကျော်သက်သေခံစမတ်ကတ်များကို ပြန်လည်ရောင်းချ၍ မရအောင်ပြုလုပ်ထားကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

“ကျူးကျော်စမတ်ကတ်တွေကို ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးရင် စမတ်ကတ်ထဲမှာ မပါဝင်တဲ့မိသားစုက မပိုင်ဆိုင်နိုင်ဘူး။ ဒီစမတ်ကတ်ထဲမှာ  ပိုင်ဆိုင်တဲ့မိသားစုရဲ့ လက်ဗွေတွေနဲ့ ပြုလုပ်ထားတာပါ”ဟု ဦးညီညီက ပြောသည်။

မြန်မာ့ရေပိုင်နက်သို့ ၀င်ရောက်လာသည့် ငါးဖမ်းလှေကို ပစ်ခတ်ခဲ့သည့်ကိစ္စ ဘင်္ဂလားဒေ့ရှ်၏ ကန့်ကွက်မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြန်လည်တုံ့ပြန်

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေကို မြန်မာ့တပ်မတော်က ပစ်ခတ်သည့်လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကန့်ကွက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြန်လည်တုံ့ပြန်ရာတွင် မြန်မာဘက်က သတိပေးခြင်းကို ယင်းလှေများသည် ဂရုမစိုက်သဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်၍ မိမိတို့ အမှားမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက တုံ့ပြန် ပြောကြားခဲ့သည်။

အဆိုပါ ကန့်ကွက်စာကို ဒါကာမြို့အခြေစိုက် မြန်မာသံရုံးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ပေးပို့ခဲ့ပြီး ယင်းကန့်ကွက်စာတွင် လက်နက်မဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေကို ပစ်ခတ်ခြင်းသည် အကြောင်းမဲ့ရန်စခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။

သွင်းကုန်လိုင်စင် အကောက်ခွန် ဖော်ပြချက်များနှင့် မကိုက်ညီသည့်ကားများ ယာဉ်မှတ်ပုံတင်ပြုလုပ်ခွင့် ဆုံးရှုံးမည်

သွင်းကုန်လိုင်စင် အကောက်ခွန်ဖော်ပြချက်များနှင့် မကိုက်ညီဘဲ ဘောင်အမှတ်၊ ကိုယ်ထည် အမှတ်ဖောက်ထည့်ထားသည့် ကားများကို ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ပြည်ပမှ တင်သွင်းလာသည့် ကားများကို ကနဦးယာဉ်စစ်ဆေးရာတွင် ထုတ်လုပ်သည့်ခုနစ်များ ကွဲလွဲခြင်း၊ ဘောင်အမှတ်၊ ကိုယ်ထည်အမှတ်မပါသော နေရာများအား ဖြုတ်၍ဖောက်ထည့်ခြင်း၊ မူလစက်ရုံထုတ် ဘောင်အမှတ်၊ ကိုယ်ထည်အမှတ်ပုံစံမျိုးမဟုတ်ဘဲ ပြန်ရိုက်ထားသည့် ပုံစံမျိုးဖြင့် ပြုလုပ်ထားသည့် မော်ဒယ်များကို ကညနမှ စစ်ဆေးတွေ့ရှိခဲ့သော်လည်း သတ်မှတ်ဒဏ်ကြေး ကောက်ခံ၍ ယာဉ်မှတ်ပုံတင်ခြင်း ကို ဆောင်ရွက်ပေးခဲ့သည်။

ဇန်န၀ါရီလအတွင်း မီးလောင်မှု ၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ မီးလောင် မှု ၂၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦး သေဆုံး၍ ဆုံးရှုံးမှုတန်ဖိုးကျပ် ၄၀၅၀၉၀၀၀ ခန့် ရှိခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန၏ ၂၀၁၇ ဇန်န၀ါရီ လချုပ်စာရင်း အရသိရသည်။

“ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ဇန်န၀ါရီလမှာ မီးပေါ့ဆမှုက အများဆုံးဖြစ်ပြီး မီးလောင်ကျွမ်းမှုအကြိမ်က ၂၇ ကြိမ်နဲ့ လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။ ခရိုင်လေးခု မီးလောင်မှု တန်ဖိုးစုစုပေါင်းက ၄၀၅၀၉၀၀၀ ရှိပါတယ်”ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကားမီးလောင်ခံရပြီး လူရှစ်ဦးသေဆုံးခဲ့သည့်ကိစ်္စနှင့်ပတ်သက်၍ CID ၏ဆောင်ရွက်မှုများကို စောင့်ကြည့်သွားမည်ဟု မိသားစုဝင်ကဆို

အမြန်လမ်းလေးမိုင် နှစ်ဖာလုံတွင် ကားမီးလောင်ခံရပြီး လူရှစ်ဦးသေဆုံးခဲ့သည့်ကိစ္စအား CID သို့ လွှဲပြောင်းခဲ့ပြီးဖြစ်သည့်အတွက် CID ၏ဆောင်ရွက်မှုများကို မီးလောင်ခံရသူများ၏ မိသားစုများအနေဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သေဆုံးသူ မသင်းသင်းမော်၏ အမျိုးသားကိုအောင်ကိုဦးက ပြောသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ လွတ်မြောက်မှုမရှိသေးဟု ABSDF မှ ပြော

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး ABSDF နှင့် ရခိုင်လွတ် မြောက်ရေးပါတီ ALP အဖွဲ့ဝင်များ သက်ဆိုင်ရာအာဏာပိုင်များ၏ ဖမ်းဆီးခံထားရခြင်းကြောင့် လွတ်မြောက်မှုမရှိသေးကြောင်း ABSDF မှ ရဲဘော်ဆလိုင်းယောအောင်က ပြောသည်။

အောင်စိုးမိုးကျော် ရေယာဉ်သည် နစ်မြုပ်မှု မဖြစ်ခင် ကပင် စည်းကမ်း ဖောက်ဖျက် ပြေးဆွဲ နေဟု တိုင်ကြားစာ ပို့ခဲ့သော်လည်း သက်ဆိုင်ရာက ဆောင်ရွက်ခြင်း မရှိခဲ့

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်း မြစ်ကြောင်းတွင် နစ်မြုပ် ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ကို ကျော်လွန် ပြေးဆွဲ နေသောကြောင့် ရေယာဉ် နစ်မြုပ်မှု မဖြစ်ပွားခင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက် ကတည်းက နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီး ဌာနသို့ တင်ပြ တိုင်ကြား ခဲ့ကြောင်း သိရှိ ရသည်။

 

သရုပ်ဆောင် လွင်မိုး အမှု ဖွင့်ခံရသည့် အပေါ် ကာယကံရှင် ပြန်လည် ရှင်းလင်း

လူသုံးဦးကို မတရား ဖမ်းဆီး ချုပ်နှောင် စေရန် စေခိုင်းမှုဖြင့် သရုပ်ဆောင် လွင်မိုး အပါအ၀င် အပေါင်းအပါ နှစ်ဦးအား  ကင်မွန်းချောင် နယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်တန်း ခံရမှု အပေါ် သရုပ်ဆောင် လွင်မိုးက ပြန်လည် ရှင်းလင်း ခဲ့သည်။

 

ငါးနှစ်အတွင်း ကျပ်ဘီလီယံ ၁၆၀ ကျော် အထိ အရှုံး ပြနေသော စက်မှုဝန်ကြီး ဌာန အကြီးစား လုပ်ငန်း စက်ရုံများအား ပိတ်ပစ်သင့်ဟု လုပ်ငန်းရှင်များ အကြံပြု

စက်မှု ၀န်ကြီး ဌာန၏ အကြီးစား စက်မှု လုပ်ငန်းမှ အမှတ်(၁) စက်ရုံ၊ အမှတ် (၂) စက်ရုံ၊ အမှတ် (၃) စက်ရုံများ အုပ်စုမှ ငါးနှစ် အတွင်း အရှုံးပြ ငွေကျပ်သန်း ၁၆၄ ၃၂၄ အထိ ရှိသည့် အတွက် ဆက်လက် လုပ်ကိုင်ရန် မသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂိ္ဂုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားသို့  တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင် များမှ ဆိုသည်။

ဧည့်စာရင်း တိုင်ကြားခြင်းကို ပယ်ဖျက်ပြီးနောက် ရန်ကုန်သို့ ဘင်္ဂါလီ စိမ့်ဝင်မှုများ ရှိလာ

ရပ်ကျေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဧည့်စာရင်း တိုင်ကြားရမည့် အချက်ကို ပယ်ဖျက် ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ဘင်္ဂါလီ စိမ့်ဝင်မှု  ပိုများလာကာ အောက်တိုဘာ ၂၂ ရက် တစ်ရက်တည်း မှာပင် အထောက် အထားမဲ့ ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။

အဆိုပါ အထောက် အထားမဲ့ ခိုးဝင် ဘင်္ဂါလီ ၂၂ ဦးအား တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့ နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ၂၂ ဦးစလုံးသည်  ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

Pages