World News

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်ဝန်ကြီး နှစ်ဦးနေရာအတွက် လွှတ်တော်မှ ဆွေးနွေးရန် ရက်ရွှေ့ဆိုင်း

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လစ်လပ်နေသော ၀န်ကြီးနှစ်ဦး နေရာအတွက် ပြင်ပအရပ်သားနှစ်ဦး ထားရှိရန် အတွက် အဆိုတင်သွင်းမှုကို ဆွေးနွေးရန် အတွက် ယခင် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌမှ ဖေဖော်ဝါရီ ၂၆ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်းကို မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ၀ယ်ယူခွင့် လျှောက်လွှာများ စတင်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချမည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ဝယ်ယူခွင့် လျှောက်လွှာကို သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် စတင်ရောင်းချလျက်ရှိသည်။ ယင်းသို့ အိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာများအား ရုံးချိန်အတွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တိုင်းအစိုးရ အဖွဲ့မှရောင်းချမည့ှ်ပြည်သူ့အိမ်ရာများတွင် ယုဇနတန်ဖိုးနည်း အိမ်ရာ အပိုင်း(၁)၊ ကနောင် တန်ဖိုးနည်းအိမ်ရာ၊ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာအပိုင်း(၁)၊ အပိုင်း(၃) စသည့်အိမ်ရာများအပါအဝင် အိမ်ရာ ၁၀ခုမှ အခန်းပေါင်း ၈၆၄ခန်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ကို နှစ် ၅၀ စီမံကိန်းအတိုင်း လုပ်ဆောင်သွားမည်ဟု ဆို

ရန်ကုန်တိုင်းဒေသကြီး၏ အနာဂတ်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအား JICA မှ ၂၀၅၀ အထိ ရေးဆွဲပေး ထားသည့် စီမံကိန်းပါအတိုင်း အဆင့်မြှင့်တင်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရ သည်။

“ နှစ် ၃၀ Plan  ကို အခု အချိန်မှာ ဘာမှမလုပ်တော့ဘဲနဲ့ အခုလုပ်ထားတာက JICA  က နေ လုပ်ပေးထားတဲ့ ၂၀၅၀ အထိ Plan  အတိုင်းပဲ ဆက်လက်လုပ် ဆောင်သွားမှာပါ။ အဲဒီအထဲမှာ အနာဂတ်စီမံကိန်းတွေ အများ ကြီးပါဝင်ပါတယ် “ ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ သည်။

သားအမိနှစ်ဦးအားသတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့ကြောင်း ရဲအားဝန်ခံခဲ့သော သံသယတရားခံ တရားရုံး တွင် ပြန်လည်ငြင်းဆို

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင် ဇန်န၀ါရီလ ၁၉ ရက်ညနေပိုင်းအချိန်ခန့်က ဖြစ်ပွားခဲ့သော သားအမိနှစ်ဦးကို သတ်ကာ မီးရှို့အလောင်း ဖျောက်မှုတွင် စွဲချက်တင်ခံရသူက တရားရုံးထုတ်တွင် ၄င်း မသတ်ခဲ့ ဟု ငြင်းဆိုသွားခဲ့ကြောင်း သိရသည်။

အဆိုပါမှုခင်းဖြစ်ပွားချိန်က သေဆုံးသူ ဒေါ်နန်းခင်ထွေးဝင်း၏ အလောင်းကို ပလတ်စ တစ်ပုံးတစ်ခုတွင် ခွေခေါက်လျက်သားတွေ့ရှိရပြီး ကလေးငယ်၏ အလောင်းကို ခရီးဆောင်အိတ် တစ်ခုတွင် မီးလောင် လျက်တွေ့ရှိရပြီး သံသယတရားခံအဖြစ် ခိုင်ဝေအား  ရဲစခန်းက ဖမ်းဆီး စစ်ဆေးရာ သမ၀ါယမချေးငွေ များပေးဆပ်ရန်ရှိသည့်အတွက် သားအမိနှစ်ဦးအား သတ်မိကြောင်းဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

Omni Focus ကုမ္ပဏီမှ YBS ယာဉ်လိုင်းများအတွက် ယာဉ်မောင်းများခေါ်ယူ

Omni Focus ကုမ္ပဏီမှ ၄င်း တို့လက်အောက်ရှိ YBS ယာဉ် လိုင်းများတွင် မောင်းနှင်ရန် YBS ယာဉ်မောင်းများ ခေါ်ယူလျက်ရှိ ကြောင်းအဆိုပါ ကုမ္ပဏီမှ သိရသည်။

“ ယာဉ်မောင်းကတော့ အ ကန့်အသတ် မရှိဘူး။ ရရင်ရသ လောက်ခေါ်မယ်။ လစာကတော့ သုံးသိန်းပေးမယ်။ တခြားအချိန်ပို ကြေးတွေလည်းရဦးမယ်။ အလုပ် ဆင်းရက် တစ်လ ၂၅ ရက်၊ ယာဉ်ထိခိုက်မှု ကင်းရှင်းရမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာနိုင်ရမယ်။ အဲဒါတွေ ကို ကြည့်ပြီးတော့ ခေါ်ယူသွား မှာပါ “ ဟု Omni Focus ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးစန်းယုက ပြောသည်။

တောင်ဒဂုံမြို့နယ်အတွင်း ညပိုင်းပြန်သူများ အဆင်ပြေစေရန်YBS ၈၃ အား ည ၁၀ နာရီခွဲအထိ ပြေးဆွဲပေးနေ

တောင်ဒဂုံမြို့နယ်အတွင်း ညပိုင်းပြန်သူများ အဆင်ပြေစေ ရန်အတွက် YBS ၈၃ အား ည ၁၀ နာရီခွဲအချိန်ထိ ပြေးဆွဲပေးလျက် ရှိနေကြောင်း Omni Focus ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးထွန်းတောက်ဝင်းက ပြောသည်။

FDA အမျိုးသမီးဝန်ထမ်း အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူ အငှားယာဉ်မောင်းအား တိတ်တဆိတ်ရုံး ထုတ်မှုအပေါ် ဝေဖန်မှုများစွာ ဖြစ်ပေါ်

FDA အမျိုးသမီးဝန်ထမ်း အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန် ခဲ့သူအား ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ တိတ်တဆိတ်ရုံးထုတ်ခဲ့မှုအပေါ် လာရောက်ကြည့်ရှုသူများက မကျေမနပ်ဖြစ်လျက်ရှိကြောင်း သိရသည်။

တက်သစ်စ အက်ရှင်သရုပ်ဆောင်ဝါသနာပါသူများဖြင့်  Fighter Hero's အဖွဲ့ ဖွဲ့စည်းသွားမည်ဟု သရုပ်ဆောင် ရဲမင်းပိုင် ကြေညာ

မြန်မာဗွီဒီယိုလောကတွင် တစ်ခေတ်တခါက  အက်ရှင်မင်းသားအဖြစ် နာမည်ကြီးခဲ့သည့် သရုပ်ဆောင် ရဲမင်းပိုင်သည် အက်ရှင်အနုပညာပိုင်းတွင် ဝါသနာပါသည့် တက်သစ်များဖြင့် Fighter Hero's အမည်ဖြင့်အဖွဲ့ ဖွဲ့ကာ ယင်းအဖွဲ့တွင်ပါဝင်မည့်သူများအား သင်တန်းပေးလေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြောက်ဦးအုပ်ချုပ်ရေးမှုးဟောင်း ဦဘိုဘိုမင်း ဒဏ်ရာများဖြင့် သေဆုံး

ယခင်ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့သူ ဦးဘိုဘိုမင်းသည် ဇန်နဝါရီ ၃၀ရက် ညနေပိုင်းတွင် ပုဏ္ဏာကျွန်းမြို့နယ်အနီး၌ ဒဏ်ရာမျာဖြင့် သေဆုံးနေကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ထိုအပြင် ဦးဘိုဘိုမင်း စီနင်းလာသည့် မော်တော်ယာဉ်သည်လည်း ရန်ကုန်-စစ်တွေကားလမ်းမ မိုင်တိုင်အမှတ် ၁၆၉-၁၇၉ အနီး သရက်ချိုကျေးရွာလမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားနေသည်ကိုတွေ့ရှိရသည့်အတွက် သက်ဆိုင်ရာဝန်ရှိသူများက ကရိန်းကားဖြင့် လမ်းပေါ်သို့ပြန်လည်တင်ဆောင်ထားစဉ် ည ၈နာရီခန့်၌ မီးရို့ ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

အမရပူရ မြို့ပြစီမံကိန်းမှ လှူဒါန်းသောကျောင်းကို “ဒေါ်အောင်ဆန်းစုကြည်ကျောင်း”ဟု အမည်ပေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့သော ၀မ်းတွင်း မြို့နယ် မြေတိုင်ကန်ကျေးရွာမှ တောင်းဆိုခဲ့သော မူလတန်းလွန်ကျောင်းဆောင်မှာ ဆောက်လုပ်ပြီးစီးသွား ပြီဖြစ်သည်။ ယင်းကျောင်းဆောင်အသစ် ဆောက်လုပ်ရန် မန္တလေး အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(MBCCD)  ကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ပြီး ယင်းကျောင်းဆောင်ကို “ ဒေါ်အောင်ဆန်းစုကြည်ကျောင်း“ ဟု အမည် မှည့်ခေါ် ပေးခဲ့သည်။

Pages