World News

ခေါင်းကိုက်သဖြင့် ဆေးရုံသွားပြရာမှ နားအတွင်းမှ အလွန်ကြီးမားသော ပင့်ကူထွက်လာ

အသက် ၄၉ နှစ်အရွယ် လက်ခ်ရှမ်အမည်ရှိ အမျိုးသမီးသည် သူမ၏နေအိမ် ၀ရန်တာ၌ အိပ်ပျော်နေစဉ် သူမ၏ ညာဘက်နားအတွင်း၌ စပ်ဖျဉ်းဖျဉ်းနှင့် မသက်မသာခံစားရသဖြင့် နိုးလာခဲ့သည်။ ထို့နောက် သူမသည် နားအတွင်းသို့ ထိုးကြည့်ရုံမက သမီးဖြစ်သူကို လက်နှိပ်ဓာတ်မီးဖြင့် နားအတွင်း ကြည့်ခိုင်းခဲ့သည်။

ဇနီးဟောင်း၏လည်ပင်းကို ကြိုးဖြင့်ချည်ပြီး ကားဖြင့်တရွတ်တိုက်ဆွဲခဲ့သော ခင်ပွန်း

ဂျာမန်မြို့တစ်ခုတွင် ဇနီးဟောင်း၏လည်ပင်းကို ကွင်းလျှောလုပ်ထားသောကြိုးဖြင့် ချည်နှောင်ပြီး ကားဖြင့် တရွတ်တိုက်ဆွဲခဲ့သော အမျိုးသားတစ်ဦးမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဂျာမန်နိုင်ငံ အနောက်မြောက်ဘက် ဟဲမီလင်းမြို့တွင် “နူရင်တင်းဘီ”ဟု သိရှိရသော အမျိုးသားသည် ဇနီးဟောင်း၏လည်ပင်းကို ကွင်းလျှောလုပ်ထားသောကြိုးဖြင့် မချည်နှောင်မီရင်ဘတ်နှင့် ၀မ်းဗိုက်တို့အား ဓားဖြင့်ထိုးခဲ့ပြီးနောက် ၄င်းတို့၏ ၂ နှစ်အရွယ် ကလေးငယ်လေးရှေ့၌ပင် ကားကိုအရှိန်ပြင်းစွာမောင်းကာ ဇနီးဖြစ်သူကို တရွတ်တိုက်ဆွဲခဲ့သည်။ ကြိုးပြတ်သွားသည့်အချိန်မှသာ အနီးအနားရှိလူများက သူမထံ ကူညီရန် ပြေးသွားခဲ့ကြသည်။

အင်တာဗျူးပြုလုပ်နေစဉ် အမျိုးသမီးသတင်းထောက်ကို နမ်းခဲ့သော ပြင်သစ်တင်းနစ်ကစားသမား ပြိုင်ပွဲမှ ပိတ်ပင်ခံရ

ပြင်သစ်လူမျိုး တင်းနစ်ကစားသမာ မက်ဆီးမ်ဟာမိုသည် အမျိုးသမီးသတင်းထောက်တစ်ဦးကို အလိုမတူဘဲ အတင်းအဓမ္မ နမ်းရှုပ်ခဲ့သောကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ ပိတ်ပင်ခြင်းခံခဲ့ရသည်။ လွန်ခဲ့သော အပတ်တနင်္လာနေ့၌ ပြင်သစ်အိုးပင်း၏ ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲအပြီး ပြုလုပ်ခဲ့သော တိုက်ရိုက် ရုပ်သံမေးမြန်းခန်းတစ်ခုတွင် ဟာမိုသည် ယူရိုစပို့စ်၏ အမျိုးသမီးသတင်းထောက်မာလီသောမတ်စ်ကို အလိုမတူဘဲ အကြိမ်ကြိမ် နမ်းရှုပ်ခဲ့သည်။ အမျိုးသမီးသတင်းထောက်သည် နမ်းရှုပ်ခံရမှုမှ ရုန်းထွက်ရန် ကြိုးပမ်းစဉ် ဟာမိုသည် သူမလည်ပင်းနှင့်ပခုံးတို့ကို ချုပ်ကိုင်ပြီး အကြိမ်ကြိမ်နမ်းရှုပ်ခဲ့သေးသည်။ အသက် ၂၁ နှစ်အရွယ် ဟာမိုသည် ယခုနှစ် ပြင်သစ်အိုးပင်း ပထမအဆင်

ဂျူပီတာဂြိုလ်ပေါ်၌ ကမ္ဘာအရွယ်ရှိ ဆိုက်ကလုန်းမုန်တိုင်းကြီးတွေ့ရှိ

နာဆာမှ အာကာသယာဉ်တစ်စီးသည် ဂျူပီတာဂြိုလ်၏ ၀င်ရိုးစွန်းပေါ်တွင် ကမ္ဘာအရွယ်ရှိ ဆိုက်ကလုန်းမုန်တိုင်းကြီးတစ်ခု ရွေ့လျားနေသည်ကို တွေ့ရှိခဲ့သည်။ လွန်ခဲ့သောနှစ်မှစ၍ ဂျူပီတာဂြိုလ်ပေါ်ရှိတိမ်များကို စူးစမ်းလေ့လာမှုပြုလုပ်နေသော ဂျူနိုအာကာသ စူးစမ်းလေ့လာရေးယာဉ် (Juno Probe)သည် ဂျူပီတာ၏ ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော ရာသီဥတုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဂြိုလ်၏ ၀င်ရိုးစွန်း၌ စုဝေးနေသော ဆိုက်ကလုန်းမုန်တိုင်းများကို ပေါင်းကြည့်လျှင် ကမ္ဘာအရွယ်ပင်ရှိကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ အကြီးဆုံးဆိုက်ကလုန်းမုန်တိုင်းတစ်ခု၏ အချင်းမှာ ၈၇၀ မိုင်ပင် ရှိကြောင်း သိရသည်။

သီရိလင်္ကာ၌ ရေကြီးမှုများကြောင့် လူ ၉၀ ကျော် သေဆုံးပြီး အများအပြားပျောက်ဆုံးနေ

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်နေသော သီရိလင်္ကာနိုင်ငံတွင် လူ ၉၀ ကျော်သေဆုံးပြီး မြေပြိုမှုများကြောင့် လူပေါင်းတစ်ရာကျော်မှာလည်း ပျောက်ဆုံးနေသဖြင့် အစိုးရသည် နိုင်ငံတကာမှ အကူအညီတောင်းခံထားသည်။

မိကျောင်းငယ်တစ်ကောင်အား အတင်းအဓမ္မ ဘီယာသောက်စေခဲ့သော လူငယ်နှစ်ဦး အရေးယူခံရ

မိကျောင်းငယ်တစ်ကောင်၏ ပါးစပ်အတွင်းသို့ ဘီယာများ လောင်းချနေသည့် ဓာတ်ပုံများ Snapchat တွင် တက်လာပြီးနောက် ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူ လူငယ်နှစ်ဦးကို အရေးယူခဲ့သည်။ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်၊ ရစ်ခ်ျလန်းမှ အသက် ၂၀အရွယ် လူငယ်နှစ်ဦးတို့သည် ဟားဒ်ဗီလီမှ တစ်လ်မန်းသို့သွားရာ လမ်းခရီးတစ်ဝက်တွင် မိကျောင်းတစ်ကောင် လမ်းဖြတ်ကူးနေသည်ကို တွေ့ရှိခဲ့သည်။ ၄င်းတို့နှစ်ဦးသည် ကားကိုရပ်ပြီး မိကျောင်းပါးစပ်အတွင်းသို့ ဘီယာများ လောင်းချနေသည့်ပုံများကို ဓာတ်ပုံရိုက်ကာ မိကျောင်းကို အနီးရှိ ရေကန်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း ရဲအရာရှိများထံတွင် ၀န်ခံထွက်ဆိုခဲ့သည်။ ဖလွိုက်ဒ်နှင့် ဗီလီတို့ကို တိရစ္ဆာ

အဓမ္မပြုကျင့်သူ၏ ငယ်ပါကို ဖြတ်ခဲ့သော အိန္ဒိယအမျိုးသမီး

အိန္ဒိယအမျိုးသမီးငယ်တစ်ဦးသည် ၄င်းအား အဓမ္မပြုကျင့်သူ၏ ငယ်ပါကို ဖြတ်ပစ်ခဲ့သဖြင့် သူမ၏သတ်္တိကို တာဝန်ရှိသူများက ချီးမွမ်းခဲ့ကြသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာမှ အသက် ၂၃ နှစ်အရွယ် ဥပဒေကျောင်းသူတစ်ဦးသည် ၄င်းအား အဓမ္မပြုကျင့်သူ၏ အမျိုးသား အင်္ဂါ ၉၀ ရာခိုင်နှုန်းကို ဖြတ်ပစ်ခဲ့ပြီး သူမသည် ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူ အသက် ၅၄ နှစ်အရွယ် ဆွာမီဂန်နီရှ်အန်ဒါအမည်ရှိ အမျိုးသားသည် မိမိကိုယ်ကိုယ် ဘာသာရေးဆရာဂုရုအဖြစ် ခံယူထားပြီး ၄င်းသည် ရရှိထားသော ဒဏ်ရာများကြောင့် ဒေသအစိုးရဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

ကွန်ပျုတာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကင်းဝေးစေရန် ဘုန်းကြီးများက ကွန်ပျူတာများကို ပရိတ်ရေများ ပက်ဖျန်းပေး

Wannacry အမည်ရှိ Ransomware  အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးသည် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျုတာပေါင်း ခုနစ်သောင်းကျော်ကို ကူးစက်ပျံ့နှံ့နေသဖြင့် ရုရှားအစိုးရသည် ၄င်းတို့၏ ကွန်ပျုတာများကို ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန် Orthodox ဘုရားကျောင်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် ဘုန်းကြီးများသည် ရုရှားပြည်ထဲရေးဝန်ကြီးဌာန၏ ပင့်ခေါ်မှုဖြင့် ၀န်ကြီးဌာနသို့ လာရောက်ပြီး ကွန်ပျုတာများနှင့် ဆာဗာများ ဗိုင်းရပ်စ်အန္တရာယ်များ ကင်းဝေးစေရန် ပရိတ်ရေများ ဖြန်းပေးခဲ့သည်။

အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီးကို ရင်ခွဲရုံ၌ ၂ နှစ်တိတိ လူသေအလောင်းများ ဆေးကြောရန် အီရန်တရားရုံး အမိန့်ချ

အိမ်ထောင်ရေးဖောက်ပြန်သော အီရန်အမျိုးသမီးတစ်ဦးကို တရားရုံးက ကြာပွတ်ဖြင့် အရိုက်ခံရန်နှင့် ရင်ခွဲရုံ၌ လူသေအလောင်း များကို ဆေးကြာသန့်စင်ပေးရသည့် တာဝန်ကို ၂ နှစ်ခန့် ထမ်းဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည် အစောပိုင်း၌ သူမအနေဖြင့် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိကြောင်း ငြင်းဆန်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးသမားများက သက်သေအထောက်အထားများနှင့် ပြသသည့်အခါ ၀န်ခံခဲ့သည်။

ဘုရားကျောင်းဟူ၍ မှတ်ပုံတင်ထားသော်လည်း အတွင်း၌ လိင်ဖျော်ဖြေရေးကလပ် ဖွင့်ထားကြောင်း တွေ့ရှိ

အမေရိကန်နိုင်ငံ တန်နန်စီးပြည်နယ် နက်ရှ်ဗီလီမြို့၌ စုံစမ်းစစ်ဆေးရေးအရာရှိများသည် ရုပ်ဖျက်ပြီး ဘုရားကျောင်းဟု မှတ်ပုံတင်ထားသော အဆောက်အဦးအတွင်း ၀င်ရောက်စစ်ဆေးရာ ဘုရားကျောင်း မဟုတ်ဘဲ အတွင်း၌ လိင်ဖျော်ဖြေရေးကလပ် ဖွင့်ထားသည်ကို တွေ့ရှိခဲ့ကြသည်။ အဆိုပါကလပ်သည် ၂၀၁၅ ခုနှစ်တွင် မက်ဒီဆင်ရပ်ကွက်ရှိ ရုံးဟောင်းတစ်ခုသို့ ရွှေ့ပြောင်းခဲ့ပြီး ရုံးဟောင်း၏နောက်တွင် ဂွတ်ဒ်ပက်စ်ချာ ခရစ်ယာန်ဘာသာရေးကျောင်း ရှိနေသဖြင့် သက်ဆိုင်ရာအာဏာပိုင်များထံသို့ ကလပ်ဟု မှတ်ပုံမတင်ဘဲ ဘုရားကျောင်းဟု လိမ်လည်တင်ခဲ့သည်။ တန်နန်စီးပြည်နယ်တွင် စာသင်ကျောင်းများမှ မီတာ ၁၀၀၀ အတွင်း မည်သည့်ကလပ်မှ ဖွင့်ခွင့်မပြုသည့်ဥပဒေကို ပြဋ္ဌာန်းထားသည်။ ထု

Pages