World News

ခွေးပိုင်ရှင်နှင့် သူ၏ခွေးကို တိုက်ခိုက်သော ပစ်ဘူးလ်ခွေးသုံးကောင်ကို ရဲတပ်ဖွဲ့ပစ်သတ်

လွန်ခဲ့သောအပတ် ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့လယ်ကောင်၌ လမ်းလျှောက်ထွက်လာသော ခွေးပိုင်ရှင်တစ်ဦးနှင့် သူ၏ခွေးငယ်တို့ကို ပစ်ဘူးလ်အမျိုးအစားခွေးသုံးကောင်က ရက်စက်စွာ တိုက်ခိုက်နေသဖြင့် ရဲတပ်ဖွဲ့မှ အဆိုပါခွေးသုံးကောင်ကို ပစ်သတ်ခဲ့ရသည်။ ဖြစ်စဉ်မှာ အသက် ၅၀ အရွယ် ခွေးပိုင်ရှင် အမျိုးသားတစ်ဦးသည် သူ၏ခွေးငယ်နှင့် စတန်းဖော့ဒ်ဘလော့ ၅၀၀ ၌ လမ်းလျှောက်နေစဉ် နံနက် ၈ နာရီခွဲတွင် ပစ်ဘူးလ်ခွေးသုံးကောင်၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ပစ်ဘူးလ်ခွေးများသည် ခွေးငယ်လေးကို အဓိက ဦးတည်တိုက်ခိုက်ခဲ့သေးသည်။ အနီးအနားရှိ ဖြတ်သွားဖြတ်လာများနှင့် ရဲတပ်ဖွဲ့ဝင်များသည် နံပါတ်တုတ်များနှင့် ရေပိုက်များအသုံးပြု

ရေအောက်ရှုတင်၌ အပြာမင်းသမီး ငါးမန်းကိုက်ခံရ

အပြာမင်းသမီးတစ်ဦးသည် ရေအောက်၌ ပြုလုပ်သော ဗီဒီယို ရှုတင်တစ်ခုတွင် ငါးမန်း အကိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။

သုသာန်မှ ပန်းများ ခိုးယူရောင်းချသည်ဟု စွပ်စွဲခံရသော ပန်းဆိုင်ပိုင်ရှင်

နယူးဂျာစီရှိ သုသာန်တစ်ခုမှ ပန်းများနှင့် အခြားပစ္စည်းများကို ပန်းပိုင်ရှင်တစ်ဦးသည် လပေါင်းများစွာကြာ ခိုးယူရောင်းချနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပြူကွမ်နော့ခ်မြို့နယ်ရှိ ပြန်လည် ပြုပြင်ထားသော သုသာန်ရှိ ဂူဗိမာန်တစ်ခုမှ ပန်းအချို့ ခိုးယူခံရပြီး ပြန်လည်အစားထိုးသော ပန်းများမှာလည်း နှစ်ရက်အကြာ ထပ်မံ အခိုးခံရသဖြင့် ပန်းအချို့ ခိုးယူခံရပြီး ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးကင်မရာများ တပ်ပြီး စောင့်ကြည့်ခဲ့ရာ လူသူရှင်းလင်းချိန်တွင် အမျိုးသမီးတစ်ဦးသည် မီနီဗင်ကားဖြင့် လာရောက်ပြီး ပန်းများကို ခိုးယူနေသည်ကို တွေ့ရှိခဲ့သည်။

ခေါင်းပန်းလှန်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်

အီလီနွိုက်ပြည်နယ် တောင်ပိုင်းကျေးရွာတစ်ခုရှိ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မဲအရေအတွက် တူညီနေသောကြောင့် ခေါင်းပန်းလှန်ကာ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကြာသပတေးနေ့၌ ပြုလုပ်ခဲ့သော ခေါင်းပန်းလှန်ပွဲတွင် တန်မီအိုဒန်နီရယ်ဟောင်ဝဲလ်သည် အနိုင်ရရှိပြီး ခေါ့လ်ပ်ကျေးရွာ၏  အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ ဟောင်ဝဲလ်ပ်နှင့် ဘရိုင်ရန်ရိကီနာတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ တစ်ဦးလျှင် ၁၁ မဲစီရသဖြင့် သရေ ဖြစ်နေသောကြောင့် ခေါင်းပန်းလှန်ဆုံးဖြတ်ခဲ့ရာ ဟောင်ဝဲလ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အီလီနွိုက် ဥပဒေအရ သရေဖြစ်ပါက ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်နိုင်ကြောင်း သိရသည်။

နားကြပ်တပ်ပြီး အပြေးလေ့ကျင့်သောလူငယ် ရထားတိုက်သေဆုံး

လွန်ခဲ့သောအပတ် ကြာသပတေးနေ့ နံနက် ခုနစ်နာရီ၌ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့အနောက်ဘက်၌ နားကြပ်တပ်ပြီး အပြေးလေ့ကျင့်သော အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသည် ရာနူအီဘူတာရုံအနီးရှိ ရထားလမ်းကို ဖြတ်ကူးစဉ်တစ်ဖက်မှ ရထားလာနေသည်ကို မသိရှိခဲ့သောကြောင့် ရထားတိုက်သေဆုံးခဲ့သည်။ မိဘများက သားဖြစ်သူအချိန်နောက်ကျသည်အထိ အိမ်ပြန်မလာသောကြောင့် လိုက်လံရှာဖွေရာ ဘူတာအနီး၌ အရေးပေါ်လူနာတင်ကားများ ရောက်ရှိနေသည်ကို တွေ့ရှိသည့်အချိန်မှသာ သားဖြစ်သူမှာ ရထားတိုက် သေဆုံးခဲ့ကြောင်း သိရှိခဲ့သည်။ ရဲတပ်ဖွဲ့က သေဆုံးသူအနီးအနားရှိလမ်းများကို ယာယီပိတ်ထားခဲ့ရသည်။

 

ကနေဒါပိုင်နက်အတွင်း ပျက်ကျခဲ့သော တစ္ဆေလေယာဉ်

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ည၌ ကနေဒါနိုင်ငံပိုင်နက်အတွင်း ပျက်ကျခဲ့သော လေယာဉ်ငယ်တစ်စီးနှင့်ပတ်သက်၍ အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။

အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်နှင့် နာမည်တူသော အိန်္ဒိယနိုင်ငံသား အလုပ်ရရန် ခက်ခဲနေ

ဆက်ဒမ်ဟူစိန်အမည်ရှိ အိန်္ဒိယနိုင်ငံသား ရေကြောင်းအင်ဂျင်နီယာတစ်ဦးမှာ အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်နှင့် နာမည်သွားတူနေသောကြောင့် အလုပ်အကိုင်ရရန် ခက်ခဲနေသည်။ အဆိုပါအင်ဂျင်နီယာ၏ အဘွားဖြစ်သူသည် ၄င်းအား ဆက်ဒမ်ဟူစိန်ဟူသော အမည်ကို ရွေးပေးခဲ့ခြင်းဖြစ်ပြီး ယင်းအမည်သည် ၄င်းကို တစ်ချိန်တွင် ဒုက္ခပေးမည်ကို မသိရှိခဲ့ပေ။

ကမ္ဘာ့အရှည်ဆုံး “ယူ”ပုံဏ္ဍန် မိုးမျှော်တိုက်ကို နယူးယောက်၌ ဆောက်လုပ်မည်

ဗိသုကာပညာရှင်များသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဆောက်လုပ်မည့် ကမ္ဘာ့အရှည်ဆုံး “ယူ” ပုံသဏ္ဌာန် မိုးမျှော်တိုက်ဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့သည်။

အိနိ္ဒယ၌ ဗြိတိန်ခရီးသွား အမျိုးသမီးတစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

အသက် ၂၈ နှစ်အရွယ် ဒန်နီရယ် အမ်စီလာဗ်လင်အမည်ရှိ ဗြိတိန်နိုင်ငံသူ ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသည် အိနိ္ဒယနိုင်ငံ ဂိုအာအပန်းဖြေစခန်းအနီးရှိ ကမ်းခြေတွင် အဓမ္မကျင့်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

သေဆုံးသူဒန်ရီရယ်မှာ အိုင်ယာလန် ဒွန်ဂယ်မြို့ ဘွဂရာနာဇာတိဖြစ်ပြီး သူမသည် အိနိ္ဒယ၏ နာမည်ကျော် ဟိုလီပွဲတော်ကို ၀င်ရောက်ဆင်နွှဲပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ သူမသည် လီဗာပူးလ်ဂျွန်မောစ် တက္ကသိုလ်မှဖြစ်ပြီး သူမ၏အလောင်းကို တွေ့ရှိချိန်တွင် သူမ၏အလောင်းမှာ အ၀တ်မဲ့ဖြစ်နေပြီး သူမ၏ ဦးခေါင်းတွင် မာကျောသောအရာဖြင့် ခြစ်ခံထားရသည်။

ကမ္ဘာ့အန္တရာယ်အများဆုံး ကိုယ်ခံပညာ၁၀ ခု

၁၀။ မွေထိုင်း
ကမ္ဘာကျော်ကိုယ်ခံပညာအားကစားတစ်မျိုးဖြစ်သည်။ အချို့သောသူများက မွေထိုင်းသည် မြန်မာ့ရိုးရာ လက်ဝှေ့မှ ဆင်းသက်လာသည်ဟုဆိုကြသည်။ မွေထိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်းရှစ်ခုကို အသုံးပြု၍ တိုက်ခိုက်ရသည်။ အလွန်ကြမ်းတမ်းသော ကိုယ်ခံပညာရပ်ဖြစ်ပြီး လေ့ကျင့်ချိန်၌ပင် ထိခိုက်ကျိုးပဲ့ခြင်းများ ဖြစ်လေ့ဖြစ်ထရှိသည်။

၉။ ကွန်ဖူး
တရုတ်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရှိခဲ့သော ကိုယ်ခံပညာရပ်ဖြစ်သည်။ ခုခံကာကွယ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ပေါင်းစပ်ထားသော ကိုယ်ခံပညာရပ်ဖြစ်သည်။

Pages