World News

ပါကစ္စတန်နိုင်ငံတွင် တမန်တော် မိုဟာမက်ဒ်ကို စော်ကားမှုဖြင့် ခရစ်ယာန် ဇနီးမောင်နှံနှစ်ဦး သေဒဏ် ချမှတ်ခံရ

အစ္စလာမ် ဘာသာဝင်၏ အထွဋ်အမြတ်ဖြစ်သော တမန်တော် မိုဟာမက်ဒ်အား ဖုန်း Massage စာသားတစ်ခုတွင် စော်ကားပုတ်ခတ် ရေးသားခဲ့သည်ဟူသော စွပ်စွဲ ချက်ဖြင့် ပါကစ္စတန် နိုင်ငံတွင် ဇနီးမောင်နှံ နှစ်ဦး သေဒဏ် ချမှတ် ခံခဲ့ရကြောင်း သိရသည်။

ရှပ်ဖ်ကတ် အီမန်နျူယယ်နှင့် ရှာဂါဖ်တာကော့ဆာဟု အမည်ရသော ဇနီးမောင်နှံတို့သည် ၄င်းတို့ ဒေသတွင်းရှိ ဗလီဆရာထံသို့ ဖုန်း Massage ပို့ရာတွင် အပြစ်သင့်သော စာသားများပါသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

တောင်ကိုရီးယား၌ မြောက်ကိုရီးယားမှဟု ယူဆရသော မောင်းသူမဲ့ လေယာဉ်တွေ့ရှိ

ပြီးခဲ့သော သီတင်းပတ် အနည်းငယ်အတွင်း တောင်-မြောက်ကိုရီးယား နယ်စပ်တွင် မောင်းသူမဲ့ လေယာဉ် (Drone)နှင့် ပုံစံတူသော အရာနှစ်ခုကို တွေ့ရှိခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်မှ ပျံသန်း လာသည်ဟု ယူဆရသော ဒရုန်း တစ်စီးကို ဧပြီလ ၆ ရက်နေ့တွင် တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား စစ်တပ်သည် ပြီးခဲ့သော သီတင်းပတ် အနည်းငယ် အကြာက တစ်မီတာ၊ နှစ်မီတာခန့် အရွယ်အစားရှိပြီး အပြာနုရောင် လူမဲ့ဝေဟင်စီး ယာဉ်နှစ်ခုကို တွေ့ရှိခဲ့သည်။ အဆိုပါ ယာဉ်နှစ်စီးသည် မြောက်ကိုရီးယားနှင့် ထိစပ်နေသော တောင်ကိုရီးယား နယ်နိမိတ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားကို လိုလားသူများက အစိုးရရုံးများကို ဖျက်ဆီး

ခရိုင်းမီယားကို ဆုံးရှုံးခဲ့သော ယူကရိန်းနိုင်ငံ၏ အရှေ့ပိုင်းတွင် ရုရှားကို လိုလားသူများက ဧပြီလ ၆ရက်နေ့၌ အစိုးရရုံးများကို ၀င်ရောက် ဖျက်ဆီးသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

နိုင်ငံ၏ အရှေ့ပိုင်းရှိ ဒိုနက်စ် နှင့် လူဟန့်စ်မြို့များတွင် အစိုးရရုံများ တိုက်ခိုက် ခံခဲ့ရသောကြောင့် လက်ရှိ သမ္မတ အော်လက်ဆန်ဒါ တာချီနော့ဗ်က လစ်သူယေးနီးယား နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းကာ လုံခြုံရေး အကြီးအကဲများနှင့် အရေးပေါ် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရသည်။

AFP သတင်းဌာနအား အာရှလူ့အခွင့်အရေး မီဒီယာဆု(၃)ဆု ချီးမြှင့်

ပြင်သစ် အခြေစိုက် AFP သတင်းဌာနသည် တောင်အာရှဒေသ တစ်ခွင်လုံးဆိုင်ရာ လူ့အခွင့်အရေး သတင်း မီဒီယာဆု (၃)ဆုကို ဧပြီလ ၆ ရက်နေ့တွင် ဟောင်ကောင်၌ ဂုဏ်ပြု ချီးမြှင့်ခံရပြီး AFPသတင်း ဌာန၏ စွမ်းဆောင်မှုနှင့် ရည်မှန်းချက်တို့၏ လေးနက်မှုကြောင့် ချီးမြှင့်ခြင်း ဖြစ်ကြောင်း ဆုရွေးချယ်ရေး အဖွဲ့ လူကြီးများက ချီးကျူး ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ရလဒ် တရားမ၀င်ဟု ထိုင်းတရားရုံးက ကြေညာပြီးနောက် ချင်းမိုင်တွင် ဗုံးများပေါက်ကွဲ

ထိုင်းနိုင်ငံတွင် ပြီးခဲ့သောလက ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ် တရားမ၀င်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ကြေညာပြီး နာရီအနည်းငယ် အကွာတွင် ချင်းမိုင်မြို့၌ ဗုံးများ ပေါက်ကွဲခဲ့၍ လူလေးဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ နိုင်ငံရေး ပဋိပက္ခများ၏ အကျိုးဆက်ဖြစ် နိုင်ခြေရှိပြီး တရားရုံး၏ ကြေညာချက်ကြောင့် အစိုးရ လိုလားသူများ ဒေါသထွက်ခဲ့ကြသည်။

ခရိုင်းမီယားကို သိမ်းယူပြီးနောက် ယူကရိန်း လေတပ် စခန်းများကို ရုရှားတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

ပြီးခဲ့သော မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထု ဆန္ဒခံယူပွဲ အရ ခရိုင်းမီးယားကို သိမ်းယူခဲ့ပြီးနောက် ရုရှားတပ်များက ဒေသတွင်းရှိ ယူကရိန်း စစ်စခန်းများကို မတ်လ ၂၂ ရက်နေ့တွင် ၀င်ရောက်စီးနင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်စခန်းမှာ ခရိုင်းမီးယားရှိ ယူကရိန်း၏ ဆီဗာစတိုပေါ်မြို့ အနီးရှိ ဘဲလ်ဘတ်ခ် စစ်စခန်း ဖြစ်ပြီး ရုရှားဘက်က သေနတ်များ ပစ်ဖောက်ကာ သံချပ်ကာ ကားများဖြင့် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း စစ်တပ်ဘက်မှ ပြန်လည် ခုခံခြင်း မရှိဘဲ ယူကရိန်း နိုင်ငံတော် သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။ သို့သော် ယူကရိန်း စစ်သားအချို့ ဒဏ်ရာ ရရှိခဲ့သည်။

မြောက်ကိုရီးယားက ဒုံးကျည် ၁၈ ခုကို ပင်လယ်အတွင်း ပစ်ဖောက်စမ်းသပ်ခဲ့

မြောက်ကိုရီးယားသည် ဒုံးကျည် ၁၈ ခုကို မတ်လ ၁၆ ရက်နေ့၌ ပင်လယ်ပြင် အတွင်းသို့ ပစ်ဖောက် စမ်းသပ်ခဲ့ပြီး ယင်းလုပ်ရပ်မှာ တောင်ကိုရီးယား နှင့်အမေရိကန် အပေါ် ရန်လိုသော နောက်ဆုံး လုပ်ရပ် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြေကြားသည်။

မြောက်ကိုရီးယားသည် ဂျပန် ပင်လယ် (အရှေ့ပင်လယ်)မှ ၇၀ ကီလိုမီတာ အကွာရှိ ၎င်း၏ အရှေ့ဘက် ကမ်းရိုးတန်း အတွင်းသို့ ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား စစ်ဘက် အရာရှိ တစ်ဦးက ဆိုသည်။ ဒုံးကျည် ၁၀ ခုကို ဒေသ စံတော်ချိန် ညနေ ၆း၂၀ ၌ ဖောက်ခွဲခဲ့ပြီး ၈ ခုကို ၈း၀၃ ၌ ဖောက်ခွဲ ခဲ့ခြင်း ဖြစ်သည်။

အရှုပ်အထွေးများ ဖြစ်ပေါ်နေသော်လည်း ခရိုင်းမီးယား ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်

ယူကရိန်း နိုင်ငံရေးတွင် ရုရှား ၀င်စွက်ဖက်မှုကြောင့် အရှုပ်အထွေးများ ဖြစ်ပေါ်နေ သော်လည်း ခရိုင်းမီးယား ဒေသ ယူကရိန်းမှ ခွဲထွက်၍ ရုရှားနှင့် ပူးပေါင်းရေး အတွက် ပြည်သူလူထု ဆန္ဒ ခံယူပွဲကို မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။

ဆန္ဒခံယူပွဲ ကျင်းပစဉ်တွင် ကော့ဆက်နှင့် ရုရှားကို လိုလားသော စစ် ယူနီဖောင်း ၀တ်များက မဲရုံများ၌ ကင်းစောင့် နေကြသည်။ ဘတ်စ်ကားများနှင့် မော်တော် ဆိုင်ကယ်များတွင် ရုရှား အလံများ လွှင့်ထူ၍ မြို့တွင်း၌ မောင်းနှင် သွားလာ ခဲ့ကြသည်။

ပျောက်ဆုံးလေယာဉ် ရှာဖွေနိုင်ရန် နိုင်ငံပေါင်း ၂၅ နိုင်ငံကို မလေးရှားအစိုးရ အကူအညီတောင်း

တစ်ပတ်ကျော်ကြာ ပျောက်ဆုံး နေသော မလေးရှား လေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်ပျံ ကို ပြန်လည် ရှာဖွေနိုင်ရန် နိုင်ငံပေါင်း ၂၅ နိုင်ငံကို မလေးရှား အစိုးရက အကူအညီ တောင်းလိုက်ကြောင်း သိရသည်။

အာရှ အလယ်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အထိ ကျယ်ပြန့်သော ရှာဖွေရေးတွင် ကုန်းမြေနှင့် ပင်လယ် အတွင်းကိုပါ ကျယ်ပြန့်စွာ ရှာဖွေ သွားမည် ဖြစ်သည်။ မူလ ကတည်းက ရှုပ်ထွေးသော ရှာဖွေရေး ကိစ္စမှာ ပိုခက်ခဲလာ တော့မည်ဟု မလေးရှား သယ်ယူ ပို့ဆောင်ရေး ၀န်ကြီး ဌာနက ဆိုသည်။

ဆူပူမှုများ အဆုံးသတ်ရေး အတွက် “ငြိမ်းချမ်းရေးကော်မရှင်”နှင့် ပူးပေါင်းရန် အမေရိကန်ကို ဗင်နီဇွဲလား တိုက်တွန်း

အစိုးရ ဆန့်ကျင်ရေး ဆူပူအုံ ကြွမှုများ တစ်လကျော်ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေး ညှိနှိုင်းမည့် “အဆင့်မြင့် ကော်မရှင်”တစ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက အမေရိကန်ကို မတ်လ ၁၆ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

Pages