World News

မက္ကဆီကိုနိုင်ငံ၏ ဘိန်းဘုရင် ဂျိုအာကွင်း ဂတ်ဇ်မန်း ဖမ်းဆီးခံရ

မက္ကဆီကိုနိုင်ငံ၏ ဘိန်းဘုရင် ဂျိုအာကွင်း ဂတ်ဇ်မန်း ဖမ်းဆီးခံရ

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့များ အလိုရှိနေကြသည့် မူးယစ်ရာဇာကြီး ဂျိုအာကွင်း ဂတ်ဇ်မန်း ဆိုသူအား မက္ကဆီကိုတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မက္ကဆီကိုရှိ မူးယစ်ဆေးဝါး အရောင်းအ၀ယ် ပြုလုပ်ရေးအဖွဲ့ ဆီနာလိုအာ အဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဂျိုအာရှော်တီကွင်းသည် အမေရိကန် ပြည်ထောင်စုသို့ တရားမ၀င် မူးယစ်ဆေးဝါးများ မြောက်များစွာ ခိုးသွင်းခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ ၄င်းသည် ၂၀၀၁ ခုနှစ်အတွင်းက ထောင်ဖောက်ပြေးခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။

အခြေအနေများ ကောင်းမွန်လာနေသည့် ဒမတ်စကတ်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်း

အခြေအနေများ ကောင်းမွန်လာနေသည့် ဒမတ်စကတ်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်း

ဆီးရီးယားနိုင်ငံ၏ မြို့တော် ဒမတ်စကတ်တွင် တည်ရှိသော ပါလတ်စတိုင်း ဒုက္ခသည်များအတွက် တည်ထောင် ထားသည့် ရာမောက် ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၃၀၀၀ သည် သူပုန်များလက်မှ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ စခန်း၏ အခြေအနေသည်လည်း အစားအသောက် အထုပ် ၇၀၀၀ ခန့် ထောက်ပံ့ပြီးနောက်ပိုင်း ကောင်းမွန်လာပြီဖြစ်ကြောင်း ဒမတ်စကတ်အခြေစိုက် ပါလက်စတိုင်း အစိုးရအရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ မြို့တော်မှ ထွက်ခွာ

ယူကရိန်းနိုင်ငံ သမ္မတ မြို့တော်မှ ထွက်ခွာ

ယူကရိန်းနိုင်ငံ သမ္မတ ဗစ်တာရာနူကိုဗစ်အား ရာထူးမှ နှုတ်ထွက်ပေးရန် ယူကရိန်း ပါလီမန်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြို့တော်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီတာလီကလစ်ရှ်ကိုက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗစ်တာရာနူကိုဗစ်သည် နိုင်ငံရေး အကြပ်အတည်းများ အဆုံးသတ်ရန် ငြိမ်းချမ်းရေး သဘောတူညီချက်အား လိုက်လျောခဲ့ပြီး နောက်တစ်နေ့တွင် ပါလီမန်က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

Pages