World News

စုဆောင်းထားသော Stars Wars အရုပ်များ ဖျက်ဆီးသည့် ဇနီးကို ယောက်ျားဖြစ်သူက သတ်

ကမ္ဘာကျော် Stars Wars ရုပ်ရှင်ဇာတ်ကားများနှင့် Stars Wars ကာတွန်းကားများကို အလွန်အမင်း ကြိုက်နှစ်သက်သူ အသက် ၃၀ အရွယ် ရစ်ကီလာတာ့ခ်ျသည် ၄င်းစုဆောင်းထားသော Stars Wars အရုပ်များကို ဖျက်ဆီးခဲ့သော ဇနီးသည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့သည်။

ပခုံးကို ၃၆၀ ဒီဂရီ လှည့်နိုင်သော ပါကစ္စတန်မှ ကိုယ်ပျော့လူသား

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အက်ဒူလာရှီအာအမည်ရှိ လူငယ်မှာ အလွန်ပျော့ပျောင်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ အလွန်ပျော့ပျောင်းလွန်း သောကြောင့် သူသည် ပခုံးအဆစ်များကိုဖြုတ်ပြီး ပခုံးနောက်သို့ကွေးကာ သူ၏လက်များဖြင့် လည်ပင်း၊ ပခုံးနှင့်ခါးတို့ကို ထိနိုင်သည့်အပြင် ပခုံးဆစ်များကိုလည်း ကိုယ်တိုင်ပြန်တပ်နိုင်စွမ်းရှိသည်။

အက်ဒူလာက မိမိအနေဖြင့် ယခုကဲ့သို့လုပ်ပြပြီးနောက်ပိုင်း နာကျင်မှုတစ်စုံတစ်ရာ လုံးဝမရှိကြောင်းနှင့် မိမိမှာ ပခုံးများသာမဟုတ်၊ ခြေထောက်များနှင့်လက်များကိုလည်း သာမန်လူများထက် ပိုမိုကွေးနိုင်ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသမီး ၂၀၀ ကျော် အဓမ္မကျင့်ပြီး လူ ၅၀၀ ကျော်သတ်ခဲ့သည့်တိုင် နောင်တမရကြောင်း ဖွင့်ဟခဲ့သည့် IS စစ်သား

လွန်ခဲ့သော ၂၀၁၆ ခုနှစ် အောက်တိုဘာလက အီရတ်နိုင်ငံ Kirkuk မြို့ကို သိမ်းပိုက်စဉ်က ဖမ်းဆီးမိခဲ့သော IS  စစ်သည် အေမာဟူစိန် (Amar Hussein)သည် ၄င်းလက်မရွံဘ၀တုန်းက ယာဇီလူမျိုး အမျိုးသမီးပေါင်း ၂၀၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့ပြီး ဓားစာခံ ၅၀၀  ကျော်ကို သတ်ဖြတ်ခဲ့သည့်တိုင် ၄င်းအနေဖြင့် နောင်တမရကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

အေမာက ၄င်းအနေဖြင့် လူ ၅၀၀ ကျော်ကို ပုံစံအမျိုးမျိုးဖြင့် သတ်ခဲ့ဖူးပြီး ယာဇီမိန်းမပျိုလေးများနှင့် အရွယ်ရောက်အမျိုးသမီး ၂၀၀ ကျော်ကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့် ထိုသို့ပြုလုပ်ရန်လည်း IS တပ်မှူးများအပြင် အခြား IS စစ်သားများကိုပါ ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသော မလေးရှားခရီးသည်တင်လေယာဉ် MH 370 ကို Google Earth မှတစ်ဆင့် တွေ့ရှိဟုဆို

ပန်းကန်ပြားပျံ (UFO) များကို လိုက်လံရှာဖွေစူးစမ်းလေ့လာသူ စကော့ဝါရင်းအမည်ရှိ လူတစ်ဦးသည် Google ဂြိုဟ်တုမှ ကမ္ဘာမြေပြင်ကို လွန်ခဲ့သောရှစ်လခန့်က ရိုက်ကူးခဲ့သောဓာတ်ပုံကို ကြည့်ရှုရာမှ ပျောက်ဆုံးနေခဲ့သော မလေးရှားလေယာဉ်  MH 370 ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်သာ မှန်ကန်ပါက ပျောက်ဆုံးနေသော MH 370 လေယာဉ်သည် တောင်အာဖရိကနိုင်ငံ ဂွတ်ဟုပ်အငူအနီးထိ ပျံသန်းခဲ့ခြင်းဖြစ်သည်။ UFO Sightings Daily ၏ အယ်ဒီတာလည်းဖြစ်သူ ၀ါရင်းက သူ၏တွေ့ရှိချက် အသေးစိတ်များကို ရေးသားပြီး အင်တာနက်ပေါ်သို့တင်ခဲ့သည်။

ကုလားအုတ်ပွဲတော်၌ ကမ္ဘာ့အလှဆုံးကုလားအုတ်ကို ယူရို ၂၃ သန်း ချီးမြှင့်မည်

ဆော်ဒီနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကုလားအုတ်ပွဲတော်တွင် ကမ္ဘာ့အလှဆုံးကုလားအုတ်ကို ယူရို ၂၃ သန်း ချီးမြှင့်မည်ဖြစ်သည်။ အဆိုပါကုလားအုတ်ပွဲတော်ကို မတ်လနှောင်းပိုင်းတွင် ရီဒါမြို့၌ ကျင်းပမည်ဖြစ်ပြီး ကုလားအုတ်ပေါင်းသုံးသောင်းသုံးထောင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မိမိကိုယ်ကိုယ်ဓားဖြင့်ထိုး၍ အလုပ်မှ ခွင့်ရရန်ကြိုးပမ်းသူ အဖမ်းခံရ

ဂျပန်နိုင်ငံ၌ အမျိုးသားတစ်ဦးသည် အလုပ်မှခွင့်ရရန်အတွက် မိမိကိုယ်ကိုယ်ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ လွန်ခဲ့သောဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီမိနစ် ၂၀ အချိန်က ဂျပန်နိုင်ငံအာချီစီရင်စုရှိ ခါဆူကီမြို့နေ အသက် ၅၄ နှစ်အရွယ် မါဆာယူမီအူရာအမည်ရှိ အမျိုးသားတစ်ဦးသည် နာဂိုရာမြို့မြေအောက်ဘူတာရုံရှိ သန့်စင်ခန်းတစ်ခုအတွင်း၌ ၄င်း၏တင်ပါးကို ဓါးဖြင့်ထိုးခဲ့သည်။

စားသုံးသူ၏မျက်လုံးအား ငရုတ်ကောင်းမှုန့်များဖြင့်ပက်ခဲ့သော စားဖိုမှူး

ဗြိတိန်နိုင်ငံ ဝေလပြည်နယ်တောင်ပိုင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားသုံးသူတစ်ဦးသည် ၄င်းစားသုံးနေသော ဟင်းလျာမှာ မကောင်းကြောင်းဝေဖန်ပြောဆိုမိရာ အဆိုပါစားသုံးသူ၏ မျက်လုံးထဲသို့ စားဖိုမှူးက ငရုတ်ကောင်းမှုန့်ဖြင့် ပက်မှုဖြစ်ပွားခဲ့သည်။

တက်ကီလာအရက်တစ်ပုလင်းလုံး တစ်ကျိုက်တည်းသောက်သော အမျိုးသားသေဆုံး

ဒိုမင်နီကန်နိုက်ကလပ်၌ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တက်ကီလာ အရက်တစ်လုံးကို တစ်ကျိုက်တည်း သောက်ရာမှ အရက်အဆိပ်အတောက်ဖြစ်ပြီး သေဆုံးခဲ့သည်။

အသက် ၄၉ နှစ်ဆိုသော်လည်း အရွယ်နှင့်မလိုက်အောင် အလွန်နုပျိုလွန်းနေသည့် အမျိုးသမီး

မာဆာကိုမစ်ဆူတန်နီအမည်ရှိ အမျိုးသမီးသည် ဂျပန်နိုင်ငံ၌ မကြာသေးမီက ကျင်းပခဲ့သော “Youthful Pageeant” ပြိုင်ပွဲတွင် အလွန်နုပျိုလွန်းသော အလှမယ်ဖြစ်လာခဲ့သည်။ သူမသည် အသက် ၄၉ နှစ် အရွယ်ရှိပြီဖြစ်သော်လည်း သူမမှာ အရွယ်နှင့် မလိုက်အောင်ပင် အလွန်နုပျိုလွန်းနေသည်။ သူမကိုလူအများက ထာဝရနုပျိုသူ ဂျပန်အမျိုးသမီးဟု သတ်မှတ်ထားသည်။

လျှပ်စစ်ဆိုင်ကယ်ခိုးသူ အမျိုးသမီးတစ်ဦးကို လူမြင်ကွင်းတွင် အရှက်ခွဲအပြစ်ပေး

လျှပ်စစ်ဆိုင်ကယ်တစ်စီးကို ခိုးယူသောကြောင့် ဖမ်းဆီးခံခဲ့ရသော တရုတ်အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင် စာချိတ်၍ လူအများရှေ့ တွင် အရှက်ခွဲအပြစ်ပေးခဲ့မှု ဖြစ်ရပ် တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် နန်ချောင်းမြို့တွင် လျှပ်စစ်ဆိုင်ကယ် တစ်စီးကို ခိုးယူသည့် အသက် ၄၀ အတွင်းရှိ အမျိုးသမီးတစ်ဦး ကိုအနီးအနားရှိ လုံခြုံရေး ၀န်ထမ်းများက ဖမ်းဆီးပြီး ရဲစခန်းသို့ ပို့ခဲ့ သည်ဟုဆိုသည်။

Pages