World News

အိမ်ထောင်မပြုလို၍ စိတ်ဖိစီးပြီး သွားပွတ်တံခုနစ်ချောင်း မျိုချခဲ့သော တရုတ်အမျိုးသမီး

တရုတ်နိုင်ငံတွင် ဆေးရုံတစ်ရုံ၌ ဆရာဝန်များသည် အမျိုးသမီးတစ်ဦး၏ အစာချေလမ်းကြောင်း အူအတွင်းမှ သွားပွတ်တံခုနစ်ချောင်းကို ဖယ်ရှားပေးခဲ့ရကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြခဲ့သည်။

အမေဖြစ်သူက အိမ်ထောင်ချပေးရန် စီစဉ်သည်ကို လက်မခံလိုသော အသက် ၃၁ နှစ်အရွယ်ရှိ ထိုအမျိုးသမီး သည် စိတ်ဖိစီးမှုဖြစ်နေခဲ့ပြီး အစားစာချင်သည့်ရောဂါတစ်မျိုးရရှိခဲ့ကာ တစ်ချောင်းလျှင် အရှည် ၈ လက်မ ရှိသည့် သွားပွတ်တံများကို မျိုချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်မိနစ်အတွင်း လက်ဖြောက်အကြိမ် ၂၉၆ ကြိမ်တီးပြသော ဂျပန်ကျောင်းသား

ဂျပန်ရုပ်သံအစီအစဉ်တစ်ခုတွင် တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးသည် တစ်မိနစ်အတွင်း လက်ဖြောက် အကြိမ် ၂၉၆ ကြိမ် တီးပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စာအုပ်တွင် စံချိန်တင်ပြခဲ့သည်။

ဆာတိုယူကီဖူဂျီယာအမည်ရှိသော ဂျပန်လူငယ်သည် ယခင်ကမ္ဘာ့စံချိန်ဖြစ်သည့် ၂၇၈ ကြိမ်ကို စံချိန်ချိုးပြခဲ့ သည်။ စံချိန်ဟောင်းကိုတင်ခဲ့သောသူမှာ ဆွီဒင်လူမျိုးယန်းဂတ်မန်ဆင်ဆိုသူ ဖြစ်သည်။

၎င်းသည် စိတ်အာရုံစုစည်းမှုအပြည့်ဖြင့် နာကျင်မှုကို အာရုံဖျောက်ရန် ခန္ဓာကိုယ်ကို ကွေ့ဝိုက်လှုပ်ရှားပြီး တစ်မိနစ်အတွင်း အကြိမ် ၂၉၆ ကြိမ် လက်ဖြောက်တီးပြီး ကြည့်ရှုသူပရိသတ်ကို အံ့အားသင့်စေခဲ့သည်။

သမင်တစ်ကောင်ကြောင့် ပျံမတက်နိုင်ခဲ့သည့် လေယာဉ်

အမေရိကန်နိုင်ငံ၊ ရှားလော့ဒေါက်ကလပ်စ်လေဆိပ်တွင် ပြေးလမ်းမှ ပျံတက်ရန် အရှိန်ယူနေသည့် ခရီးသည်တင်လေယာဉ်တစ်စီးသည် သမင်တစ်ကောင်ကို တိုက်မိပြီး အရေးပေါ်ရပ်တန့်ခဲ့ရသည်။

သမင်ကိုတိုက်မိခဲ့ပြီးနောက် ပျံတက်ခြင်းမပြုတော့ဘဲ လေဆိပ်အဆောက်အအုံရှိရာသို့ ပြန်လှည့်လာခဲ့ရသည့် ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၄၄ ဦး ပါရှိခဲ့သည်ဟု လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။

ထိုဖြစ်ရပ်ကြောင့် ထိုလေယာဉ် အသုံးပြုခဲ့သော ပြေးလမ်းကို ခေတ္တပိတ်ခဲ့ရသည်။ သမင်ကို တိုက်မိပြီးနောက် လေယာဉ်မှာ လေယာဉ်ဆီများ စိမ့်ထွက်လာသဖြင့် မီးသတ်ကားများ ရောက်လာခဲ့ပြီး လေယာဉ်ပေါ်ရှိ ခရီး သည်များကို လေဆိပ်အဆောက်အအုံသို့ ပို့ပေးခဲ့ရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၇၀၀ က မကောင်းဆိုးဝါးရုပ်တု၏ မျက်နှာမှာ ဒေါ်နယ်ထရမ့်နှင့် အလွန်တူနေ

အင်္ဂလန်နိုင်ငံ၊ နော်တင်ဂမ်ရှိုင်းယား ဆောက်ဝဲလ်မင်မစ်နင်စတာခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီး၌ တွေ့ရသော လွန်ခဲ့သော ၁၄ ရာစုက ထုလုပ်ခဲ့သည့် မကောင်းဆိုးဝါး (Gargoyle) ရုပ်တု၏မျက်နှာမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မျက်နှာနှင့် အလွန်ပင်ထူးဆန်းစွာတူနေသည်ကို တွေ့ရှိရသည်။

ကမ္ဘာ့အကောင်းဆုံးအထူးတပ်ဖွဲ့ ၁၀ ဖွဲ့

၁။ SAS (ဗြိတိန်)
၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဖွဲ့စည်းခဲ့သည့် အမှတ်၂၂ လေကြောင်းချီ အထူးတပ်ဖွဲ့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာအရပ်ရပ်တွင် အထူးစစ်ဆင်ရေးများဆင်နွှဲခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အမှတ် ၂၁ တပ်မကြီး၏ SAS တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းသည်။ ပုံမှန်အချိန်တွင် အကြမ်းနှိမ်နှင်ရေးနှင့် စစ်ပွဲကာလ တွင် အထူးစစ်ဆင်ရေးများဆောင်ရွက်သည်။ လန်ဒန်ရှိ အီရန်သံရုံးကို အကြမ်းဖက်သမားများ စီးနင်းမှုကို အောင်မြင်စွာ ဖြိုခွဲနိုင်ခဲ့ပြီး ဓားစာခံများကို ကယ်တင်နိုင်ခဲ့သည်။ ယခုအခါ တပ်ရင်းနှစ်ရင်းအဖြစ် တိုးချဲ့ ဖွဲ့စည်းထားသည်။ တစ်ကမ္ဘာလုံးက ကမ္ဘာပေါ်တွင်အကောင်းဆုံးအထူးတပ်ဖွဲ့အဖြစ် သတ်မှတ်ခြင်းခံရသည်။

ဇနီးကို အရိုးမကျိုးရုံရိုက်နှက်သည့်ခင်ပွန်း ရုရှားတွင် ထောင် ၁၅ ရက်သာကျနိုင်

ရုရှားနိုင်ငံတွင် အိမ်တွင်းရေးပြဿနာများ၌ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ရိုက်နက်ရာတွင် အညိုအမဲစွဲ၊ သွေးထွက်စေခဲ့ပြီး အရိုးမကျိုးလျှင် ထောင်ဒဏ် ၁၅ ရက် (သို့) ငွေဒဏ်သာကျခံရနိုင်သည့် ဥပဒေပြင်ဆင်မှုကို သမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့သည်။

ထိုဥပဒေ ပြင်ဆင်အတည်ပြုမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်လွဲ အသုံးပြုမှုကို စိုးရိမ်သောကြောင့် မြို့ကြီးများရှိ လူအများကို ဒေါသထွက်စေခဲ့သည်ဟု သိရသည်။ အထူးသဖြင့် ရုရှားအမျိုးသမီးများ ဖြစ်သည်။

၁၆ နှစ်ကြာ အအေးခံထားသော သန္ဓေမျိုးစေ့ဖြင့် ကလေးမွေးခဲ့သည့်တရုတ်အမျိုးသမီး

တရုတ်နိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ၁၆ နှစ်ကြာ အအေးခံထားသော သန္ဓေမျိုးစေ့ဖြင့် ဒုတိယကလေး တစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်ဟု တရုတ်မီဒီယာများတွင် ဖော်ပြထားသည်။
ဂွမ်ဒေါင်းပြည်နယ် ဆေးရုံတစ်ရုံ၌ အသက် ၄၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် အလေးချိန် ၃.၈ ကီလိုဂရမ်ရှိ ကျန်းမာသောကလေးငယ်ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

အီရန်က လျှို့ဝှက်တက္ကသိုလ်

အီရန်နိုင်ငံတွင်ရှိသည့် မွတ်စလင်မဟုတ်သော ဘဟာအီဘာသာဝင်တို့သည် ဘာသာရေးအရ တားဆီး ပိတ်ပင်ခံရမှုနည်းမျိုးစုံနှင့် ကြုံတွေ့နေကြရသောသူများ ဖြစ်ကြသည်။ ထိုအထဲမှ တစ်မျိုးမှာ တက္ကသိုလ် ကျောင်းတက်ရောက်ခွင့်ကို တားဆီးပိတ်ပင်ခံရခြင်းလည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ဘဟာအီဘာသာဝင်တို့ အတွက် တက္ကသိုလ်ပညာရေး လေ့လာသင်ယူလိုလျှင် တိုင်းပြည်မှထွက်ခွာပြီး ပြည်ပနိုင်ငံများသို့ သွားရောက် သင်ယူခြင်းသည်သာ ၄င်းတို့အတွက်အဖြေတစ်ခုဖြစ်သည်။

၁၂ နှစ်အတွင်း ကလေး ၅၀၀ ခန့်ကို လိင်စော်ကားမှုပြုခဲ့သည့် အိနိ္ဒယအပ်ချုပ်သမား

အိနိ္ဒယနိုင်ငံ နယူးဒေလီမြို့မှ အသက် ၃၈ နှစ်ရှိ အပ်ချုပ်သမားတစ်ဦးသည် ၁၂ နှစ်တာကာလအတွင်း ကလေး ၅၀၀ ခန့်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့ကြောင်း  ရဲထံဝန်ခံပြောကြားခဲ့သည်။

မိန်းကလေးငယ်နှစ်ဦးကို ဗလက္ကာရပြုရန် ကြံစည်ကြိုးစားမှုဖြင့် ရဲတပ်ဖွဲ့က ၄င်းအပ်ချုပ်သမားအား ဖမ်းဆီး စစ်ဆေးစဉ် လွန်ခဲ့သော ၁၂ နှစ်တာကာလအတွင်း ကျူးလွန်မှုများကို ၀န်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၆ အကောင်းဆုံး အန်းဒရွိုက်ဖုန်း ၁၀ မျိုး

၁။ One Plus 3T
ယခင် One Plus 3 ဖုန်းနေရာတွင် One Plus 3T ဖြင့်အစား ထိုးခဲ့သည်။ စွမ်းဆောင်ရည်မြင့်မားပြီး ဘက်ထရီသက်တမ်း ကြာမြင့်သည့်အပြင် ရုပ်ထွက်ကောင်းမွန်သော ရှေ့ကင်မရာလည်း ပါဝင်သည်။ ဈေးနှုန်းမှာ 64 GB One Plus 3T တစ်လုံးလျှင် စတာလင် ပေါင် ၃၉၉ ရှိသည်။

၂။ Google Pixel/Pixel XL
Nexus ဖုန်းများ ဈေးနှုန်းချိုသာသော်လည်း Google Pixel ဖုန်းမှာ စတာလင်ပေါင် ၅၉၉ မှစတင်ပြီး  Pixel XL အမျိုးအစားမှာမူ စတာလင်ပေါင် ၇၁၉ ရှိသည်။ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဖန်ရှင်စုံသောဖုန်းလည်း ဖြစ်သည်။

Pages