World News

တစ်ပတ် အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

သုံ့ပန်းများအား တိရိစ္ဆာန်များကဲ့သို့ ဇောက်ထိုးစွဲ၍ ကွပ်မျက်ပြီး အစ်ဒ်နေ့ဆင်နွှဲခဲ့သည့် အိုက်ဆက်စ်

အိုက်ဆက်စ် (ISIS) အကြမ်းဖက်သမားများသည် ၄င်းတို့ ဖမ်းဆီးထားသော သုံ့ပန်းများအား အသားစိမ်းများကို ချိတ်သော ချိတ်များတွင် ကြိုးဖြင့် ချည်နှောင်ကာ ဇောက်ထိုးဆွဲ၍ တိရိစ္ဆာန်များကို သတ်သကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ကာ အစ်ဒ် (Eid)) နေ့အား ဆင်နွှဲနေပုံကို ဗီဒီယိုရိုက်၍ အင်တာနက်ပေါ်သို့ တင်ခဲ့သည်။

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

ဖိလစ်ပိုင် သမ္မတ ဇာတိမြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ဘက် လူဦးရေ ၁.၆ သန်းရှိသော ဒါဗာအို (Davao) မြို့ရှိ လူစည်ကားသော ညဈေးတန်း တစ်ခု၌ စက်တင်ဘာ ၂ ရက် သောကြာနေ့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မြို့သည် လက်ရှိ သမ္မတ ရိုဒီဂိုဒူတာတီ (Rodrigo Duterte) ၏ ဇာတိမြို့ပင် ဖြစ်သည်။

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေရား - လင်းထက်အောင်

တူရကီ ရဲဌာနချုပ်၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁၁ ဦး သေဆုံး

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးအားမြှောက် ပြုလုပ်သော အကောင့်ပေါင်း ၂၀၀,၀၀၀ အား တွစ်တာပိတ်

အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သော တွစ်တာ (Twitter) သည် ၄င်းထံ၌ ကမ္ဘာတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးအားမြှောက် ထောက်ခံကာ အစွန်းရောက်မှုများ ပျံပွားအောင် လုပ်ဆောင်နေသော အသုံးပြုသူများ၏ အကောင့်များအား ပိတ်ပစ်ခဲ့ကြောင်း တွစ်တာမှတာဝန်ရှိ သူများက ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရုပ်သံဇာတ်လမ်းတွဲကြည့်ရာမှ အငြင်းပွားမှုရန်ပွဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံး၍ လူစုခွဲရ

လူကြိုက်များသည့် ဘင်္ဂါလီရုပ်သံ ဇာတ်လမ်းတွဲကို စားသောက်ဆိုင် တစ်ဆိုင်တွင် ကြည့်ရှုနေရင်းမှ အချင်းများကြပြီး လူစုလူဝေးနှင့် ရန်ပွဲဖြစ်ပွားရာတွင် လူ ၁၀၀ ခန့် ဒဏ်ရာရခဲ့ပြီး အချို့ကို ဆေးရုံသို့ တင်ပို့လိုက်ရသည့်ဖြစ်ရပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘီဂါနီပြည်နယ် ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည်။

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

မြောက်ကိုရီးယားက နှစ်အနည်းငယ်အတွင်း လပေါ်၌ အလံစိုက်ထူနိုင်အောင် ကြိုးပမ်းမည်ဟု ပြောကြား

ဒေါ်လာသန်း ၈၀၀ ကျော်သုံးပြီး ကမ္ဘာ့ထိပ်တန်း အေစီမီလန် ကလပ်ကို ၀ယ်ယူနိုင်သည့် တရုတ် ရင်းနှီးမြှုပ်နှံသူများ

ကမ္ဘာ့ဘောလုံး လောကတွင် နာမည်ကြီး ထိပ်တန်းကလပ် အသင်းတစ်သင်းဖြစ်သည့် အီတလီ စီးရီးအေမှ အေစီမီလန် အသင်းကို ဒေါ်လာသန်း ၈၂၅.၈ သန်းဖြင့် ၀ယ်ယူရန် တရုတ်ရင်းနှီးမြှုပ်နှံသူများက ကလပ်အသင်းပိုင်ရှင် ဘာလူစကိုနီနှင့် အကြိုသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

သတင်းထုတ်ပြန်ချက် တစ်ခုတွင် ဘာလူစကိုနီ၏ ကုမ္ပဏီ မီနီဗက်စ်က တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကလပ်အသင်းတွင် ၄င်းတို့ကုမ္ပဏီ ပိုင်ဆိုင်သော ရှယ်ယာ ၉၉.၉၃ ရာခိုင်နှုန်းကို ၀ယ်ယူရန် သဘော တူညီခဲ့သည်ဟု ဆိုသည်။ အပြီးသတ် နောက်ဆုံးစာချုပ်ကို ၂၀၁၆  အကုန်တွင် ချုပ်ဆိုမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံသားတို့၏ လိင်ဆက်ဆံမှု နည်းပါးနေသည်ကို ဆွီဒင်အစိုးရ စိုးရိမ်နေ

ဆွီဒင်နိုင်ငံသားများတွင် လိုအပ်သော လိင်ဆက်ဆံမှုမရှိဟူသော စိုးရိမ်မှုဖြင့် ဆွီဒင်အစိုးရက နိုင်ငံသား များ၏ အိပ်ခန်းတွင်း လှုပ်ရှားမှုများကို လေ့လာဆန်းစစ်ရန် အရေးပါသောလေ့လာမှုတစ်ခု ပြုလုပ် လျက်ရှိသည်။

ဆွီဒင်နိုင်ငံတွင် လိင်မှုဆိုင်ရာအလေ့အထများကို နက်နက်နဲနဲလေ့လာမှု နောက်ဆုံးပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီဖြစ်သည်။ ဆွီဒင်ပြည်သူ့ကျန်းမာရေးဝန်ကြီးက နောက်တစ်ကြိမ် လေ့လာဆန်း စစ်မှုလုပ်ဖို့ အချိန်ရောက်ပြီဟု ပြောကြားသည်။

အွန်လိုင်းမှ ချစ်သူကိုတွေ့ရန် တရုတ်လေဆိပ်တွင် ၁၀ ရက်ကြာစောင့်ပြီး ဆေးရုံရောက်ခဲ့ရသည့် ဒတ်(ခ်ျ)အမျိုးသား

အချစ်ဆိုသည်မှာ နာကျင်ခံစားရသည်ဟု ထင်မြင်ယူဆသူများ ရှိချင်မှရှိနိုင်ပေလိမ့်မည်။ သို့သော် အချစ်ဝေဒနာကြောင့် ချစ်သူကို တွေ့ရဖို့အတွက် နယ်သာလန်နိုင်ငံမှ တရုတ်နိုင်ငံယူနန်ပြည်နယ် အ ထိ ခရီးနှင်လာခဲ့သော ဒတ်(ခ်ျ)လူမျိုးတစ်ဦးသည် လေဆိပ်ထဲတွင် ၁၀ ရက်ကြာစောင့်ပြီး ခွန်အား ကုန်ခမ်းသွားခြင်းကြောင့် ဆေးရုံရောက်ခဲ့ရသည်။

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာခြင်းကြောင့် ဥရောပနိုင်ငံ အချို့၌ လက်ယာပါတီများ အားကောင်းလာ

အနောက်ဥရောပ၌ အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်မားလာမှုကြောင့် ပြည်သူများသည် ယခင်က အမျိုးသားရေး အစွန်းရောက်များ (သို့) ဖက်ဆစ်များဟု သတ်မှတ်ယူဆထားသော လက်ယာပါတီများ အပေါ်  ၄င်းတို့ထားရှိခဲ့သော သဘောထားများအား ပြန်လည်သုံးသပ်လာပြီဖြစ်သည်။

Pages