World News

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

အမေရိကန်နိုင်ငံ၌  စနိုက်ပါနှစ်ဦးမှ  ရဲတပ်ဖွဲ့ဝင်များအား  ပစ်သတ်

 

ကိုကာကိုလာ၊ပက်စီနှင့် အမြှုပ်ထသော အချိုရည်များ အလွန်အကျွံသောက်ခြင်းက ယောက်ျားပီသမှုကို ထိခိုက်နိုင်

အမျိုးသားများကို တုန်လှုပ်မှုဖြစ်စေနိုင်သော ကျန်းမာရေးဆိုင်ရာ တွေ့ရှိမှုတစ်ခုကို သုတေသီအချို့က ထုတ်ပြန်ကြေညာခဲ့သည်။ ၄င်းမှာ ကဖိန်းဓာတ်ပါသော အချိုရည်ကို လွန်ကဲစွာ သောက်သုံးခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာကို ထိခိုက်မှုဖြစ်စေသည်ဟုဆိုသည်။

သုတေသီများက အမြှုပ်ပါသော အချိုရည်ကို တစ်နေ့တစ်လီတာ သောက်သုံးလျှင် သုတ်ပိုးရည် ထွက်ရှိမှု ပမာဏကို ၃၀ ရာခိုင်နှုန်းလျော့ကျစေပြီး ရာဂစိတ်ကြောင့် ဖြစ်လာစေမည့် လိင်အင်္ဂါ အလုပ်လုပ်မှုကို ထိခိုက်စေမည်ဟု ဆိုသည်။

ကိုယ်ဟန်ပြမယ်ဟောင်းတစ်ဦး ဆော်ဒီဘီလီယံနာ တစ်ဦးထံမှ ကွာရှင်းခွင့်ကြေး ဒေါ်လာ ၆၉ သန်းရရှိ

အ၀တ်အထည် ၀ယ်ယူရန် တစ်နှစ်လျှင် ပေါင်တစ်သန်း အပါအ၀င် ကိုယ်ဟန်ပြမယ်ဟောင်း တစ်ဦးသည် ၄င်း၏ယောက်ျားဖြစ်သူ ဆော်ဒီဘီလီယံနာ တစ်ဦးထံမှ လင်မယားကွာရှင်းခွင့်ကြေး ပေါင် ၅၃ သန်း (ဒေါ်လာ ၆၉ သန်း) ရရှိခဲ့ကြောင်းကို ဗြိတိန်တရားရုံး၏ ဆုံးဖြတ်ချက်အရ သိရသည်။

အမေရိကန် နိုင်ငံသား ကိုယ်ဟန်ပြမယ်ဟောင်းဖြစ်သူ ခရစ္စတီးနား အက်စထရာ (၅၄)နှစ်၏ ရှေ့နေဖြစ်သူများက ၄င်းတို့အမှုသည်၏ လက်ရှိလက်ဝယ်ရှိ ပိုင်ဆိုင်မှု အားလုံး၏ တန်ဖိုးအပါအ၀င်နှင့် ဆိုလျှင် စုစုပေါင်း ကွာရှင်းခွင့်ကြေးမှာ ပေါင် (၇၅) သန်းရှိသည်ဟု ပြောကြားသည်။

တစ်ပတ်အတွင်း မျက်မှောက် ကမ္ဘာ့ရေးရာ - လင်းထက်အောင်

တူရကီနိုင်ငံ၌ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားလူ  ၄၂  ဦးသေဆုံး

အမျိုးသမီးများသည် ၂၀၂၅ ခုနှစ်ခန့်တွင် အမျိုးသားများထက် စက်ရုပ်များနှင့် ပို၍လိင်ဆက်ဆံ လိမ့်မည်

အနာဂတ်ကို ကြိုတင်ရှုမြင်သည့် ပညာရှင် တစ်ဦးက ယနေ့အချိန်အခါတွင် အပြာကားများကို ကြည့်သလောက်ပင် အမျိုးသမီးများသည် စက်ရုပ်များနှင့် အိပ်ရာဝင်ခြင်းကို ပြုလုပ်လာလိမ့်မည်ဟု ကြေညာခဲ့ သည်။

အမျိုးသမီးများသည် ၄င်းတို့၏ အမျိုးသား လက်တွဲဖော်များကို လာမည့် ၁၀ နှစ်ထက် လျော့သော ကာလအတွင်း စက်ရုပ်များနှင့် လဲလှယ် အစားထိုး လာလိမ့်မည်ဟု ဆိုသည်။ အကြောင်းမှာ စက်ပစ္စည်းများနှင့် လိင်ကိစ္စပြုမူမှုများ တိုးမြင့်လာနေသောကြောင့်ဟု ဆိုသည်။

ပျော်ရွှင်မှုဝန်ကြီးဌာန အိန္ဒိယ ဖွဲ့စည်းမည်

“မျက်နှာတိုင်းပေါ်တွင် အပြုံးပန်းပွင့်ရေး”ဆိုသည့် ရည်ရွယ်ချက်နှင့် အိန္ဒိယနိုင်ငံ၏ ပုံမှန်အတိုင်းအတာထက် လွန်ကဲစွာ ကျယ်ပြန့်နေသော ဗျူရိုကရေစီ ယန္တရားသည် နိုင်ငံ၏ ပထမဦးဆုံးသော ပျော်ရွှင်မှု ၀န်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရန် နည်းလမ်းရှာတွေ့ခဲ့ပြီ ဖြစ်သည်။

ဘူတန်နိုင်ငံ၏ အမျိုးသား အပြုံးသဘောထားမူဝါဒကို အခြေပြုထားသော စိတ်နေအမူအကျင့်တွင် ''မိမိတို့၏ တိုးတက်ရေးကို လမ်းကြောင်းရှာဖို့''ရန်အတွက် နိုင်ငံအလယ်ပိုင်းရှိ မက်ဒယာပရာဒက်(ခ်ျ) ပြည်နယ်က အဆိုပါ ၀န်ကြီးဌာန အသစ်ကို ဖန်တီးဖွဲ့စည်းမည်ဖြစ်သည်။

အိုလံပစ်မီးရှူးတိုင်ကို ရေလောင်းငြှိမ်းသတ်ရန် ကြိုးစားသူကို ဘရာဇီးတွင် ဖမ်းဆီး

ဘရာဇီးနိုင်ငံ အလယ်ပိုင်းဒေသရှိ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သည့် မြို့တစ်မြို့ကိုဖြတ်ပြီး သယ်ယူ နေသည့် အိုလံပစ်မီးရှူးတိုင်ကို လူတစ်ယောက်က ရေပုံးဖြင့်လောင်း၍ မီးငြှိမ်းရန် ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ၄င်းအမျိုးသားကို အများပြည်သူနှင့် သက်ဆိုင်သော ပစ္စည်းကို ပျက်စီးစေမှုနှင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရုပ်သံပြကွက် တစ်ခုတွင် အိုလံပစ် မီးရှူးတိုင်မှာ မီးငြိမ်းမသွားဘဲ ဆက်လက် လောင်ကျွမ်းနေခဲ့သည်။

ထိုလုပ်ရပ်အတွက် ၄င်းမီးရှူးတိုင်ကို ငြှိမ်းသတ်ရန် ကြိုးစားခဲ့သူသည် ထောင်ဒဏ် ၆လ နှင့် ၃ နှစ် အကြား ပြစ်ဒဏ်ကျခံနိုင်သည်။

ဥဇဘတ်ကစ္စတန်မြို့တော်သို့ ဆိုဗီယက်ခေတ်ကားများ မ၀င်ရ

နိုင်ငံတကာ ထိပ်သီးအစည်းအဝေး ကျင်းပမည့် ဥဇဘတ်ကစ္စတန်မြို့တော် တက်(ရှ်)ကင့် အတွင်းသို့ ဆိုဗီယက်ခေတ်၌ ထုတ်လုပ်ခဲ့သော မော်တော်ကားများ ၀င်ရောက်ခွင့် ခေတ္တ ပိတ်ထားကြောင်း သိရသည်။

ဘီကီနီဝတ်စုံနှင့် ဖောက်ထွင်းခိုးယူသူ အမျိုးသမီးကို ကယ်လီဖိုးနီးယား၌ ရှာဖွေနေ

ကယ်လီဖိုးနီးယားရှိ အိမ်နှစ်အိမ်ကို ဘီကီနီဝတ်စုံ ၀တ်ထားသည့် အမျိုးသမီးတစ်ဦး ဖောက်ထွင်းခိုး ယူခဲ့သည့် ပုံများကို ၄င်းအိမ်များတွင် တပ်ဆင်ထားသော လုံခြုံရေး ကင်မရာမှ ပုံများတွင် တွေ့ရှိရပြီးနောက် အမေရိကန် ကယ်လီဖိုးနီးယားရဲများက ၄င်းအား လိုက်လံရှာဖွေနေသည်ဟု သိရသည်။

ထိုနှစ်အိမ်ကို ဖောက်ထွင်းခိုးယူမှုဖြင့် ၄င်းအမျိုးသမီးကို ခြေရာခံလိုက်နိုင်ဖို့ ရဲများက အများပြည်သူထံ အကူအညီ တောင်းခံထားသည်။ လော့အိန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသမီး၏ လုံခြုံရေး ကင်မရာမှ ပုံများကို ထုတ်ပြန်ထားသည်။

EU မှ ဗြိတိန်နုတ်ထွက်မှုတွင် ချောကလက်အတွက် စိတ်ပူနေသော ဗြိတိန်သားများ

ဗြိတိန်က ဥရောပသမဂ္ဂ EU နူတ်ထွက်ဖို့ ပြည်သူ့ဆန်္ဒ ကောက်ခံရာတွင် နုတ်ထွက်ဖို့ မဲပေးခဲ့ပြီး ဗြိတိန်တစ်နိုင်လုံး အလုပ်အကိုင်၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ပေါင်စတာလင်ငွေကြေး တန်ဖိုး တည်ငြိမ်စေရေးတို့ အတွက် စိုးရိမ်ပူပန်နေကြချိန်တွင် အချို့သော သူများမှာ ချောကလက် တစ်မျိုးကို စားရရေးအတွက် ပူပန်စိုးရိမ်နေကြသည်။

၎င်းတို့စိုးရိမ်နေသည့် ချောကလက်မှာ Magic Stars တံဆိပ်ဖြစ်ပြီး ၄င်းချောကလက်ထုပ်၏ အောက်ခြေတွင် “ဥရောပသမဂ္ဂ အသိုင်းအ၀ိုင်းပြင်ပတွင် မရောင်းချပါ” ဟူသော စာတမ်းကြောင့် ဖြစ်သည်။

Pages