Politics

မိမိနှင့် မိမိအဖွဲ့အစည်းပေါ် ဝေဖန်ခြင်း

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တစ်ပါးသူနှင့် တစ်ပါး အဖွဲ့အစည်း အပေါ် ပြန်လည် ဝေဖန်ခြင်း အလေ့အထများ ထွန်းကားလာလျက်ရှိကြောင်း ယခုကဏ္ဍသည် မိမိနှင့်မိမိ၏ အဖွဲ့အစည်း အပေါ် ပြန်လည်ဝေဖန်ခြင်း အလေ့အထများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ကဏ္ဍ တစ်ရပ်ဖြစ်သည်။ ထို့ပြင် မိမိနှင့် မိမိအဖွဲ့အစည်း အပေါ် ပြန်လည် ဝေဖန်ခြင်းသည် တိုးတက်မှု အတွက် အထောက်အပံ့ ဖြစ်စေရုံ သာမက ပွင့်လင်းမြင်သာမှု ရှိစေသည့် အတွက် ယင်းဓလေ့များ မြန်မာတစ်နိုင်ငံလုံး၌ ပိုမိုကျယ် ပြန့်လာစေရန် ရည်ရွယ်၍ တင်ဆက်လိုက်ရပါသည်။ (အယ်ဒီတာအဖွဲ့)

ရွှေဝါရောင် တော်လှန်ရေး အပိုင်းအစများ (၁) - ကျော်ကိုကို (ဗကသများအဖွဲ့ချုပ်)

၂၀၀၇ မတ်လနှောင်းပိုင်း -  မစုစုနွေး အပါအ၀င် လူငယ်များ မင်းဓမ္မကုန်း ကျောက်တော်ကြီးဘုရား တက်၍ ၀တ်ပြုဆုတောင်းစဉ် ဖမ်းဆီးခံရ။ ရဲတပ်ရင်း အသီးသီး၌ခွဲပြီး ချုပ်ထားခဲ့။ ထိုအထဲ၌ ကျောင်းသား ရဲမြတ်ဟိန်း တစ်ဦးသာပါဝင်။

၂၀၀၇ ဧပြီသင်္ကြန်ကာလ - ၈၈ မျိုးဆက် ကျောင်းသားများမှအဖြူရောင် စတုဒိသာ၊ အဖြူရောင် ဇီဝိတဒါနပွဲများ ကျင်းပ။

ပြန်လည်အသက်ဝင်လာသော ဂဠုန်ဆရာစံနေ့များ

သာယာဝတီခရိုင် ဖားရွှေကျော်ရွာမှ အစပြု၍ နယ်ချဲ့ အင်္ဂလိပ် အစိုးရအား ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့် သုပန္တက ဂဠုန်ရာဇာ ဘွဲ့ခံ ဆရာစံနှင့် ဂဠုန်တပ်ဖွဲ့ဝင်များအား ကြိုးပေး ကွပ်မျက်ခံရပြီး နှစ်ပေါင်း ၈၀ ကျော်ကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက်နေ့တွင် သာယာဝတီခရိုင် သာယာဝတီမြို့နှင့် ၇မိုင်ကွာဝေးသည့် ဖားရွှေကျော်၊ ရေတိုက်၊ အင်း တိုက်ရှိ ဆရာစံ အောင်မြေကုန်း၌ ကျင်းပမည် ဖြစ်သည်။

ပေါ်ဦးထွန်း (ခ) မင်းကိုနိုင် ကိုယ်ရေးအကျဉ်း

၁၉၆၂၊အောက်တိုဘာ(၁၈)ရက် နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ မွေးဖွားခဲ့သည်။ ထို့နောက် မိသားစုမှာ ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့ပြီး သင်္ဃန်း ကျွန်း၌ နေထိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ် တွင် ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် တတိယနှစ်၊ ရုက္ခဗေဒဘာသာရပ်၌ ပညာသင်ကြားနေစဉ် တစ်ပါတီ အာ ဏာရှင်စနစ်ကိုဆန့်ကျင်သောကျောင်း သားလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။

Pages