Social

မဟူရာရေတော၏ တရားခံ ဘယ်သူလဲ.... - နော်ရာမောင်

ရန်ကုန်မြို့၏ ယခုနှစ်မိုးတွင်းမှာလည်း ယခင်နှစ်များကဲ့သို့ပင်၊ မိုးများအဆက်မပြတ် ကောင်းလာပြီ ဆိုသည်နှင့် ရန်ကုန်မြို့၏ နေရာအနှံ့တွင် ရေကြီးရေလျှံမှုတွေကို မြင်မကောင်း မြင်တွေ့လာရသည်မှာ မိုးရာသီ၏ မဆန်းတော့သော ပြယုဂ်တစ်ခုလို ဖြစ်နေသည်။

သို့သော် တစ်ခုထူးဆန်းသည်က ယခင်နှစ် မိုးတွင်းများတွင် မိုးဘယ်လောက်ရွာရွာ ရေကြီး ရေလျှံခြင်း မရှိခဲ့သော မြောက်ဒဂုံမြို့နယ်က နေအိမ်က ခြံလေးမှာ ယခုနှစ်တော့ မိုးနှစ်ရက်လောက် ဆက်တိုက်ရွာသည်နှင့် ရေတွေက အလျှံပယ်ဖြစ်လာသည်။ တစ်ဖြည်းဖြည်းနှင့် ခြံထဲမှာပင် သွားလာလို့ အဆင်မပြေလောက်အောင် ရေတွေက များလာသည်။

Tomorrowသို့ပေးစာ (လေးပွင့်ဆိုင်မလား၊ ဥပဒေပြင်မလား - ပိုပြည့်သူ)

လေးစားရပါသော ကာကွယ်ရေး  ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှင့်

Tomorrow သို့ပေးစာ (နစ်နာမှုများကို အကူအညီတောင်းပါရစေ - တရားမျှတမှုကို ချစ်ခင်မြတ်နိုးသူ)

ပြီးခဲ့တဲ့ ဧပြီလ၊ ၁၂ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ တောင်ပြာတန်း Express မီးလောင်လို့ ၁၃ဦး သေဆုံးခဲ့ရတယ်။

အဖြစ်မှန်ကတော့ ယာဉ်မောင်း အိပ်ငိုက်ရာက ရှေ့ကကားကို တက်ကြိတ်ပြီး မီးလောင်တာပါ။ ဖြစ်ဖြစ်ချင်းမှာ ခရီးသည်တွေက ကားတံခါးဖွင့်ပေးဖို့ အကူအညီ တောင်းခံသော်လည်း ယာဉ်မောင်းက မဖွင့်ပေးဘဲ အချိန်တွေ ဆွဲနေပြီး မရှူနိုင် မကယ်နိုင်ဖြစ်မှသာ ခရီးသည်တွေကို ထားပြီး ထွက်ပြေးပါတယ်။ (ဒီဖြစ်စဉ်ကို ယာဉ်ပေါ်ပါ ခရီးသည်တွေကို မေးကြည့်လို့ရပါတယ်။)

ဒါပေမဲ့ ဒီထွက်ပြေးတဲ့ ဒရိုင်ဘာကို ခုထိမမိဘူးလို့ ပြောတယ်။ ဒရိုင်ဘာကို မမိရင် ဘာမှအရေးယူလို့ မရဘူးတဲ့။ ဒါကြောင့် ယာဉ်လိုင်းကိုလည်း အရေးမယူဘူး။

Tomorrowသို့ပေးစာ ( ပြည်သူတွေဆီက အပြည့်ဝ ယူပြီးရင် ပြည်သူတွေကိုလည်း အပြည့်ဝပြန်ပေးပါ... - ဒဂုံသူ)

ယခုစာမျက်နှာကနေ သက်ဆိုင်ရာကို တင်ပြချင်တဲ့ အကြောင်းရာကတော့ လျှပ်စစ်မီး ဖြတ်တောက်နေတဲ့ ကိစ္စပါပဲ၊ အခုချိန်မှာမိုးတွေ မကြာမကြာရွာလို့ လျှပ်စစ်မီးတွေ ပြတ်တောက်တာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် တစ်နေကုန် မကြာမကြာ မီးဖြတ်တဲ့အပြင် ညတွေမှာလည်း နှစ်ရက်ဆက်တိုက် အချိန်အတိကျ မီးပြတ်နေတာကတော့ တော်တော်လေး ထူးဆန်းနေတယ်လို့ ထင်ပါတယ်။

ပြည်သူ့လည်ပင်းဝထိ စီးမျိုလာသော မီတာခများ - နော်ရာမောင်

သူ့လက်ထဲကို ရောက်လာတဲ့ စာရွက်ကြောင့် ဒေါ်တူး အတော်လန့် သွားခဲ့ရသည်။ အဲ့ဒါကတော့ အခြားမဟုတ်     ဓာတ်အားခ တောင်းခံလွှာပင်၊ မိမိတို့မိသားစုတွင် မီတာခမှာလည်း အတော်ကို စိတ်ဆင်းရဲစရာ ကောင်းသော ဖိအားတစ်ခုလို ဖြစ်နေသည်။ဒေါ်တူးတို့ မိသားစုအတွက်တော့ မီတာခမှာ အိမ်လခ ကဲ့သို့ပင် မရရအောင် စုဆောင်းပြီး ပေးနေရသော တာဝန် တစ်ခုဖြစ်သလို နေ့စဉ် အိမ်စရိတ်တွင် နေရေးနှင့် စားသောက်ရေး အပါဝင် မီတာခကိုလည်း ထည့်တွက်ကာ ရှာဖွေရသည်က သိပ်တော့ မလွယ်ကူလှ။

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီလီမိတက်၏ လူမှုရေး တာဝန်သိတတ်မှု

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်၏ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သော စတုတ္ထ အကြိမ်မြောက် ဒဂုံနွေရာသီ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း Dagon Summer Camp 2014 ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၁) ရက်နေ့တွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေပြည်သာ မြို့နယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထားစရာမရှိတဲ့လူ နဲ့ စားစရာမရှိတဲ့လူ - နော်ရာမောင်

“စားစရာမရှိ ငတ်သေ” အဲဒီစကားကို အရင်က အပျော် သဘောထား ခဲ့ဖူးသလို ဒီလို စကားမျိုးကို အရင်ကဆိုရင် မောင်နှမသားချင်း၊ သူငယ်ချင်း အချင်းချင်း မုန့်လုရင်း စနောက် ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီစကားရဲ့ အနက် အဓိပ္ပာယ်ကို သေချာ မသိသလို တကယ့် လက်တွေ့ ဘ၀တွေမှာ ဒီစကားအတိုင်း တကယ်ပဲ ဖြစ်နေလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မထင်မှတ်ထား ခဲ့ပါဘူး။

ဒါပေမယ့် တကယ် လက်တွေ့ ဘ၀တွေမှာတော့ စားစရာ မရှိလို့ ငတ်သေတာအပြင် စားစရာ မရှိလို့ သတ်သေရတဲ့ အခြေနေတွေလည်း တကယ် ဖြစ်နေပါပြီ။ သတ်သေတယ်၊ ဟုတ်တယ် တကယ်ကို သတ်သေသွားခဲ့တာပါ။

Adoxy ဖြည့်စွက်စာ(ဓာတ်စာ)ကို ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက ရောင်းချခွင့် ပိတ်ပင်ခဲ့

ထိုင်းနိုင်ငံ ဈေးကွက်တွင် ဆီးချိုနှင့် သွေးတိုးရောဂါများ ပျောက်ကင်းစေနိုင်သည်ဟု ကြော်ငြာ ရောင်းချနေသော Adoxy ဖြည့်စွက်စာကို ထိုင်း အစားအစာ နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန(FDA)က ၂၀၀၇ ခုနှစ်တွင် ရောင်းချခွင့် ပိတ်ပင်ခဲ့သည်။

Siam Biotech and Pharmacology Industryမှ ထုတ်လုပ်သော Adoxy ဖြည့်စွက်စာကို အင်တာနက်ပေါ်တွင် ယင်းကဲ့သို့ ကြော်ငြာနေကြောင်း FDAမှ အ ရာရှိများက တွေ့ရှိခဲ့ပြီး ၁၉၇၉ ခုနှစ် အစားအစာ ထိန်းချုပ်မှု အက်ဥပဒေ အရ ရောင်းချခွင့်နှင့် ကြော်ငြာခွင့် နှစ်ခုစလုံးကို ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း FDA အထွေထွေ အတွင်းအရေးမှူး ဆီရီဝပ်သစ် တာရာဒိုက ပြောကြားခဲ့သည်။

သေမင်းတမန် အစားအစာများနှင့် ပြည်သူ - နော်ရာမောင်

ယခုတလော စားသောက်ကုန် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ အကြောင်းအရာကို ပြပါဆိုရင် ဒီးဒို အချိုရည်ကို လက်ညှိုးထိုး ပြရတော့မှာပါပဲ.။

စားသောက်ကုန်ထဲမှာ မှိုပါတယ်.. မှိုမပါဘူး ဆိုတဲ့ ပြဿနာ နောက်မှာတော့ စားသုံးသူ ပြည်သူတွေ အတွက် စိတ်ရှုပ်ထွေးစရာ၊ ယုံကြည်မှုမဲ့စရာတွေကို တစ်သီကြီး ခံစားရစေပါတယ်၊ မြန်မာနိုင်ငံက စားသုံးသူတွေ ဒီလို ခံစားရတာ အခုမှ မဟုတ်တော့ပါဘူး၊ လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ပျံ့နှံ့လာတဲ့ သတင်း မျိုးစုံကလည်း စားသုံးသူ ပြည်သူတွေ အတွက် အခုစားပြီး ချက်ချင်းပဲ ရောဂါ ရတော့မလိုကို ဒွိဟ ဖြစ်ပြီး စိတ်ဖိစီး စေပါတယ်။

ခရမ်းလွန်ရောင်ခြည် ပြင်းထန်အဆင့်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် UV နဲ့ ကျန်းမာရေး

အိုဇုန်းလွှာ ပါးလွှာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန်ရောင်ခြည် (UV Radiation) ကျရောက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း တနင်္လာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ အပြင် မန္တလေးတိုင်း ဒေသကြီး၌ မတ်လ အတွင်း ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၂ အထက်ကို ကျော်လွန်ရောက်ရှိပြီး အပြင်းထန်ဆုံး ခရမ်းလွန် ရောင်ခြည် အဆင့်ကို ခံစားနေရသည်။

Pages