Sports

ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် နှာခေါင်းစီးနှင့် လက်ဆေးဂျယ်များ အခမဲ့ပေးဝေမည်

လာမည့် သြဂုတ် ၂၀ ရက်နေ့ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သော ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲတွင် လာရောက်ကြည့်ရှုကြမည့် လက်ဝှေ့ ၀ါသနာရှင်ပရိသတ်များအား နှာခေါင်းစီးနှင့် လက်ဆေးဂျယ်များကို အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အာရှမှာ လူလည်လာလုပ်နေတဲ့ သြဇီ - ဦးမျိုးကြီး

ဒီတစ်ပတ်တော့ သမုဒ္ဒရာပိုင်းဒေသကနေ အာရှမှာ လူလည်လာလုပ်နေတဲ့ သြစတြေးလျဘောလုံးအဖွဲ့ချုပ် အကြောင်းကို ဦးမျိုးကြီးက နည်းနည်းဆွေးနွေးကြည့်ချင်ပါတယ်။

သိကြတဲ့အတိုင်း ဘောလုံးနဲ့ ပတ်သက်လာရင် သြဇာအာဏာ အကြီးဆုံးအဖွဲ့အစည်းကြီးဖြစ်တဲ့ ဖီဖာဟာ ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားတဲ့နေရာမှာ သူ့သတ်မှတ်ထားတဲ့ တိုက်ကြီးများအလိုက် ယှဉ်ပြိုင်စေပြီး ၀င်ခွင့်ခွဲတမ်းကိုလည်း တိတိကျကျ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဦးမျိုးကြီးတို့နေထိုင်တဲ့ အာရှတိုက်ဆိုပါတော့၊ လာမယ့်နှစ် ရုရှားမှာလုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လေးသင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မယ်၊

(၁၅) ကြိမ်မြောက် တိုင်းနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပွဲတွင် အမျိုးသမီးပွဲများကို ပရိသတ်သဘောကျ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မျိုးဆက်သစ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ ကျင်းပသော (၁၅) ကြိမ်မြောက်တိုင်းနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ များပါဝင်ခဲ့ရာ အမျိုးသမီးပွဲများအား အားပေးသူများပြားလျက်ရှိကြောင်း သိရသည်။

MFF 100 Plus Cup 2017 ဇွန် ၂၁ ရက်တွင် စတင်မည်

MFF 100 Plus Cup 2017 ဘောလုံးပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းများရှိ အခြေခံပညာကျောင်းများမှ ရွေးချယ်ထားသည့် အသင်း ၁၇ သင်းဖြင့် ဇွန် ၂၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲမှ သိရသည်။

ဘောလုံးပြိုင်ပွဲတွင် ပထမဆုရအသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၀ သိန်း၊ ဒုတိယဆုအား ကျပ် ၅ သိန်း၊ တတိယဆုနှင့် စတုတ္ထဆု ကျပ် ၂ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်သည်။

          
မင်းသီဟန်

 

စံချိန်သစ်များစွာနဲ့ ရီးရဲလ်မက်ဒရစ်

ကမ္ဘာပေါ်ရှိ ကလပ်အသင်းဖလားများတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်သော ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝေးလ်နိုင်ငံ ကာဒစ်မြို့ရှိ ထောင်စုနှစ်ကွင်းကြီးတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်အသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားသောကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် စံချိန်သစ်များစွာ ရေးထိုးလိုက်နိုင်ပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် လေးနှစ်အတွင်း ချန်ပီယံဆုကို သုံးကြိမ်မြောက်ရရှိခဲ့သည်။ ထိုအတူ ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲပြီးနောက်ပိုင်း မည်သည့်အသင်းမှ နှစ်နှစ်ဆက်ရယူနိုင်ခြင်းမရှိသော အခြေအနေအား ရီးရဲလ်အသင်းက ယခုချိုးဖျက်လိုက်ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ဥာဏ်ရည်မမီ ဖိတ်ခေါ်အားကစားပြိုင်ပွဲ၌ မြန်မာအားကစားသမားများ ရွှေသုံးခု၊ ငွေသုံးခု၊ ကြေးသုံးခု ရယူနိုင်ခဲ့

ဥာဏ်ရည်မမီ ဖိတ်ခေါ်အားကစားပြိုင်ပွဲကို မေလ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ဥာဏ်ရည်မမီသူ အားကစားသမားများသည် ရွှေသုံးခု၊ ငွေသုံးခု၊ ကြေးသုံးခု ရယူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အားကစားကွင်း ၁၂ ခု အကောင်အထည်ဖော်မည်

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်    ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူများ အနားယူအပန်းဖြေနိုင်ရန် အားကစားကွင်းအသစ် ၁၂ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။

“၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အားကစားကွင်းသစ် ၉ ကွင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထဲမှာလည်း အားကစားကွင်း  ၁၂ ခုကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကနေဒါနှင့် အမေရိကန်တို့ ဂျပန်တွင် ထိုးသတ်မည့် ရိုးရာလက်ဝှေ့ချန်ပီယံလုပွဲ

မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာလက်ဝှေ့ အဖွဲ့ချုပ်(ဂျပန်)တို့ စီစဉ်သည့် Lathwei in Japan -4 ကို ဇွန်လ ၁၆ ရက်နေ့တွင် Tokyo Dome Hall ၌ ကျင်းပမည်ဖြစ်ရာ လက်ရှိမြန်မာပြည်ချန်ပီယံ ဒေ့ဗ်(ကနေဒါ)နှင့် ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံဟောင်း အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်(၀ါရှင်တန်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဟု သိရသည်။ ပွဲစီစဉ်သူ ဦးဝဏ္ဏက “ပထမတော့ ဒေ့ဗ်နဲ့ စောငမန်းနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ စောငမန်းတောင်းတဲ့ ထိုးသတ်ကြေးက များလွန်းတော့ ဂျပန်ဘက်က မပေးဘဲ တခြားသူတစ်ယောက် ရှာခိုင်းလို့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကျွမ်းကျင်စွာ ထိုးသတ်တတ်တဲ့ ဆိုင်းရပ်စ်ကို  ဆက်သွယ်လိုက်တာပါ”ဟု ပြောသည်။

UK Sport ၏ အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဗြိတိန် ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာလ်မီတန်ထိပ်ဆုံးမှ ရပ်တည်

UK Sport ၏ အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဗြိတိန် ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာလ်မီတန်သည် ပေါင် ၁၃၁ သန်းဖြင့် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သည်။ ဟာလ်မီတန်သည် ဖော်မြူလာဝမ်းပြိုင်ပွဲများတွင် ချန်ပီယံဆု အမြောက်အမြား ရရှိခဲ့သည့်အပြင် စပွန်ဆာကြေးများမှလည်း ၀င်ငွေ ရရှိခဲ့သည်။ ဟာမီလ်တန်၏ ၀င်ငွေသည် တစ်နှစ်အတွင်း ပေါင် ၂၅ သန်းထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဟာလ်မီတန်၏ နောက်တွင် မန်ယူအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပေါင်သန်း ၁၁၀ဖြင့် ရပ်တည်နိုင်ခဲ့သလို မန်ယူအသင်း၏ နောက်ထပ်ကစားသမားဖြစ်သည့် ၀ိန်းရူနီက ပေါင်  ၉၃သန်းဖြင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်းတို့နောက်တွင် ဖော်မြူလာဝမ်း နောက်ထပ်

ဆီးဂိမ်းတာဝေး စက်ဘီးစီးလူရွေးပွဲတွင် လူသစ်ရွေးချယ်နိုင်ချင်းမရှိ

မလေးရှားဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တာဝေးစက်ဘီးအားကစားအဖွဲ့သည် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် လူရွေးချယ်မှု ပြုလုပ်ခဲ့သော်လည်း ပြင်ပမှ လာရောက်ယှဉ်ပြိုင်သူမရှိသောကြောင့် လက်ရှိ လက်ရွေးစင်ကစားသမားလေးဦးဖြင့်သာ ဆီးဂိမ်းကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Pages