Sports

ပြိုင်ဖက် ကစားသမားကို ခေါင်းနဲ့တိုက်ခဲ့တဲ့ ပါဂျူးကို အသင်းက ဒဏ်ရိုက်

ဟားလ်စီးတီးကို ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပြိုင်ဖက် ဘောလုံးသမားကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ နယူးကာဆယ်လ် နည်းပြ ပါဂျူးကို အသင်း အာဏပိုင်တွေက စတာလင် ပေါင်(၁၀၀၀၀၀)ဒဏ်တပ် လိုက်တယ်လို့ သိရှိ ရပါတယ်။

ပါဂျူးဟာ ပြီးခဲ့တဲ့ စနေက ကစားခဲ့တဲ့ ပရီးမီးယား ပွဲစဉ်မှာ ပြိုင်ဖက် ကစားသမား ဒေးဗစ် မေလာကို ခေါင်းနဲ့ တိုက်ခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အက်ဖ်အေရဲ့ အရေးယူမှု ကိုလည်း ခံရဖွယ် ရှိနေတယ်လို့ သိရှိ ရပါတယ်။

 

စာသင်ကျောင်း လှူတဲ့ ရှာကီယာ

ဘာစီလိုနာ နောက်တန်း ကစားသမား ပီကေးရဲ့ ချစ်သူ ရှာကီယာဟာ အမိ နိုင်ငံ ကိုလံဘီယာကို ပြန်ပြီး စာသင်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေး ခဲ့တယ်လို့ သိရှိ ရပါ တယ်။

ရှာကီယာ ဖွင့်လှစ်ပေး ခဲ့တဲ့ စာသင်ကျောင်းဟာ ကိုလံဘီယာမှာ တစ်နှစ်ကို ကလေးငယ်ပေါင်း (၁၇၀၀)လောက်ကို သင်ကြား မွေးထုတ်ပေးနေတဲ့ ကျောင်းဖြစ်ပြီး ဒီကျောင်းအတွက် ကုန်ကျ စရိတ်တွေကို ရှာကီယာရဲ့ သင်တန်းကျောင်း ကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

ဆဌမအကြိမ် ဒဂုံရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲ ကို ဇူုလိုင်လတွင် ကျင်းပရန်ရှိ ဆုကြေးကျပ်သိန်း ၆၀၀ ချီးမြှင့်မည်

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးဖြစ်သော ဒဂုံရွှေအောင်လံရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ဇူလိုင် ၂၀ ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း၊ ဇူလိုင် ၂၇ ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း ကျင်းပသွားမည်ဟု သိရသည်။

Pages