Sports

မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး ရီရဲလ်မက်ဒရစ်အသင်း ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူ

ယခုနှစ် ချန်ပီယံလိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်ကလပ် အသင်းနှစ်သင်းဖြစ်တဲ့ ရီရဲလ်မက်ဒရစ် အသင်းနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ဆုံတွေ့ခဲ့ရာတွင် ရီးရဲလ်မက်ဒရစ်အသင်းက မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အနိုင်ယူခဲ့ပြီး ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့သည်။

ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည့် ဟားစီးတီး

ပရီးမီးယားလိဂ် နောက်ဆုံး လက်ကျန် တစ်နေရာအတွက် ကစားခဲ့သော တန်းတက်ဖိုင်နယ်ပွဲစဉ်ကို လန်ဒန်မြို့ ၀င်ဘလေကွင်းတွင် ဟားစီးတီးအသင်းနှင့် ရှက်ဖီးဝမ်းနက်ဒေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဟားစီးတီး အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သည်။

ဟားစီးတီးအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲစဉ်ဒုတိယပိုင်း ၇၂ မိနစ်တွင် ဒီယာမီက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဟားစီးတီးအသင်းသည် ပြီးခဲ့သည့်နှစ်တွင် ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရပြီး ရက်ပေါင်း ၃၇၀ ကျော် အကြာတွင် တစ်ကျော့ပြန် ပြန်လည် တန်းတက်လာခဲ့ခြင်းဖြစ်သည်။

ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်မည့် လက်ဝှေ့စိန်ခေါ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ တစ်ခုကို ဇွန် ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူ မြန်မာ့ရိုးရာအား ကစားရုံတွင် နေ့လယ် ၂ နာရီမှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။

ထွန်းထွန်းမင်း ဂျပန်တွင် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲ သွားပြိုင်မည်

မြန်မာ မီဒီယာဂရု(ပ်)၏ စီစဉ်မှုဖြင့် ရိုးရာလက်ဝှေ့ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ဇူလိုင် ၃၁ ရက်နေ့တွင် တိုကျို၌ ကျင်းပမည့် လေးကြိမ်မြောက် ဂမ်လျူဂျီးမား ဆာမူရိုင်း ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် လက်ဝှေ့ (LETHWEI) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထွန်းထွန်းမင်းသည် ကီလို ၈၀ အတန်းတွင် ဘရာဇီးမှ ကပို (CAPO) ကိုယ်ခံပညာရှင် မားကပ်စ်ဗင်နီးဆီးယပ်စ် (၃၁ နှစ်)နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ မြန်မာမီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက အုပ်ချုပ်သူအဖြစ် လည်းကောင်း၊ ရိုးရာလက်ဝှေ့ဒိုင် ဦးချစ်ကိုကိုက အကူလူအဖြစ်လည်းကောင်း၊ ရိုးရာလက်ဝှေ့ ဆောင်းပါးရှင် ဆရာဇင်လင်ထွန်

အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီး ဘောလုံးအသင်း မြန်မာနိုင်ငံသို့ရောက်ရှိ

ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံလက်စတာစီးတီး ဘောလုံးအသင်းဟာ မေ ၂၂ ရက် နာရီကျော်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လေဆိပ်မှတစ်ဆင့် ရွှေတိဂုံစေတီကို လာရောက် ဖူးမျှော်ခဲ့သည်။

၎င်းနောက် ရွှေတိဂုံစေတီ၏ မြောက်ဘက်မုဒ်တွင် အသင်းပိုင်ရှင်၊ နည်းပြချုပ်နှင့် အသင်းအုပ်ချုပ် သူများ၊ ကစားသမားများဟာ အောင်မြေနင်းခဲ့ကြပြီး ဘုရားရင်ပြင်ပေါ်တွင် ပြည်တွင်းက ပရိတ်သတ် တစ်ချို့နှင့်လည်း ဓာတ်ပုံများ တွဲဖက်ရိုက်ခဲ့ကြသည်။

အ၀ါနှစ်ကဒ် ပြသခဲ့ပေမယ့် ထုတ်ပယ်ခဲ့ခြင်း မရှိခဲ့သည့် အပေါ် စစ်ဆေးနေဆဲ

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ် တစ်ခုဖြစ်သော ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ရတနာပုံ အသင်းတို့ ကစားခဲ့သော ပွဲစဉ်တွင် ကစားသမားတစ်ဦးကို အ၀ါကဒ် နှစ်ကြိမ် ပြသခံခဲ့ရသော်လည်း ကွင်းလယ်ဒိုင်က ထုတ်ပယ်ခဲ့ခြင်း မရှိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကာ အဆိုပါ မှားယွင်းမှု ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကိုတော့ လတ်တလောတွင် စစ်ဆေးနေဆဲဟု သိရ သည်။

မန်ယူအသင်းအတွက် ယခု နှစ်ရာသီ နှစ်သိမ့်ဖလား

ပရီးမီးယားလိဂ်တွင် အခြေအနေမကောင်းခဲ့သော မန်ယူအသင်းသည် fA ဖလား ဗိုလ်လုပွဲတွင် ခရစ်စတယ်ပဲလေ့အသင်းကို အချိန်ပိုနောက်ကျ အနိုင်ဂိုးဖြင့် ယခုရာသီနှစ်အတွက် နှစ်သိမ့်ဖလား တစ်ခု ရရှိခဲ့သည်။

၎င်းပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အနိုင်ဂိုးကို နောက်မှ လိုက်သွင်းခဲ့ရသည့် အနေထား ရှိခဲ့သည်။ ဂိုးစသွင်းခဲ့သည့် အသင်းမှာ ခရစ်တယ်ပဲလေ့ဖြစ်ပြီး သုံးမိနစ်အတွင်းတွင် မန်ယူအလယ်တန်းသမား မာတာက ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ထိုပွဲတွင် မန်ယူနောက်တန်းမှ စမောလင်း နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် ၁၀ ယောက်တည်းဖြင့် မန်ယူအသင်းက ကစားခဲ့ရသည်။

ရှာရာဗိုဗာ တင်းနစ်လောက ပြန်ဝင်လာရန် မသေချာဟု ရုရှားတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြောကြား

တားမြစ်ဆေး ကျရှုံးခဲ့ပြီးနောက် ကမ္ဘာနံပါတ်တစ် တင်းနစ်မယ်ဟောင်း ရှာရာဗိုဗာအနေဖြင့် တင်းနစ်လောကသို့ ပြန်ဝင်၍ ပြိုင်ပွဲများ ပြန်လည်ဝင်ကစားဖွယ် မရှိတော့ဟု ရုရှားနိုင်ငံတင်းနစ် အားကစားအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူက ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ရှာရာဗိုဗာသည် ပြီးခဲ့သည့် ဇန်န၀ါရီလက ကျင်းပခဲ့သော သြစတြေးလျ အိုးပင်းပြိုင်ပွဲတွင် တားမြစ်ဆေး ကျခဲ့ခြင်းဖြစ်သည်။ ရုရှားတင်းနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ရှာရာဗိုဗာအနေနှင့် ပြိုင်ပွဲများပြန်လည်ဝင်ကစားရန် မသေချာကြောင်း၊ ၄င်းအနေနှင့် ဆိုးရွားသော အခြေအနေတစ်ရပ်ကို ကျော်ဖြတ်နေရကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုကို မန်ယူအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေ

ပြီးခဲ့သည့် ဒီဇင်ဘာလက ချဲလ်ဆီးအသင်းမှ ထုတ်ပယ်ခံရသည့် ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုကို မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေပြီဟု အင်္ဂလန် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သော မော်ရင်ဟိုကို ခေါ်ယူရန်အတွက် မန်ယူအသင်းသည် မူအားဖြင့် သဘောတူညီမှုရပြီးပြီဟု သိရသည်။

မန်ယူအသင်း၏ စီမံအုပ်ချုပ်သူများသည် လက်ရှိနည်းပြ လူးဝစ်ဗန်ဟား လက်ထက်တွင် မန်ယူအသင်း ချန်ပီယံလိဂ် ၀င်ခွင့်ပင်မရခဲ့သည့် အတွက်  ပြောင်းလဲမှုတစ်ခု လုပ်ရန်ရှိခဲ့သည်ဟုဆိုသည်။

အပြောင်းအရွှေ့သတင်းများ

- မန်စီးတီးအသင်း၏ နည်းပြဖြစ်လာမည့် ဂွာဒီယိုလာသည် မန်စီးတီးအသင်းကို လာမည့်ရာသီတွင် ပိုမိုတောင့်တင်းသည့် အသင်းတစ်သင်း ဖြစ်ရန်အတွက် အသင်းကို အင်အားဖြည့်ရန် အာဆင်နယ်အသင်းမှ ၀ီရှယ်ယား၊ အလက်ဆစ်ဆန်းချက်နှင့် စပါးအသင်းက ဒန်နီရိုစ်တို့ကို ခေါ်ယူမည်ဟု အင်္ဂလန်သတင်းစာ The Mirrior တွင် ဖော်ပြထားချက်အရ သိရသည်။ အသင်း၏ အလယ်တန်းနှင့် နောက်တန်းကို အားဖြည့်ရန်အတွက် အခုလို ရဲတင်းလှစွာသော ကမ်းလှမ်းမှုများကို မန်စီးတီး၏ ပြိုင်ဘက်အသင်းများထံကို ပြုလုပ်ရန် ဂွာဒီယိုလာ စဉ်းစားနေသည်ဟု ဆိုသည်။

 

Pages