Sports

ခြေစမ်းပွဲတွင် နောက်ကျဂိုးများဖြင့် ဂျာမနီကို အင်္ဂလန် အနိုင်ရ

ယခုတစ်ပတ်တွင် ဥရောပ အမှတ်ပေး ပြိုင်ပွဲများ၊ ဥရောပ ရှုံးထွက်ဖလား ပွဲစဉ်များ ရပ်နားထားခဲ့ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲအဖြစ် ဂျာမနီအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

 

အိမ်ရှင် ဂျာမနီအသင်းကလည်း ဂိုးမက်ဇ်၊ ပိုဒေါစကီး၊ အန်ဒရီရှာရယ်၊ တိုနီခရူး စသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့ပြီး အင်္ဂလန်အသင်းကို ပွဲစသည်နှင့် တရစပ် ထိုးဖောက်ရန် ကြိုးပမ်းခဲ့သည်။

ဂျပန်တွင် ကျင်းပမည့် စတုတ္ထအကြိမ် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ အမည်ဖြင့် ရိုးရာလက်ဝှေ့ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံတွင် ၂၀၁၅ခုနှစ်မှစပြီး တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပနေသော ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် စတုတ္ထအကြိမ်မှစပြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားများက မြန်မာ့လက်ဝှေ့အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာမီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက ပြောသည်။

ရုရှားမှ ချန်ပီယံများနှင့် ထွန်းထွန်းမင်း၊ တူးတူးတို့ ထိုးသတ်မည့် Max Thingyan Fight ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ ပထမတန်း လက်ဝှေ့ကျော်နှစ်ဦး ဖြစ်သော ထွန်းထွန်းမင်း၊ တူးတူးတို့နှင့် ရုရှားမှ ချန်ပီယံများ ထိုးသတ်မည့် Max Thingyan Fight ပြိုင်ပွဲကို ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန်မြို့ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ အားကစား ပြိုင်ပွဲရုံတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာမီဒီယာ ဂရု(ပ်)မှ စီစဉ်ခြင်း ဖြစ်ကာ Max Energyမှ အဓိက ပံ့ပိုးပေးထားကြောင်း သိရသည်။

AFC Cup ပြိုင်ပွဲတွင် ရလာဒ်ကောင်းများ ရယူထားနိုင်သော ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်း နှစ်သင်းစလုံး ရှုံးနိမ့်ခဲ့

AFC Cup 2016 ပြိုင်ပွဲတွင် ရလာဒ်ကောင်းများ ရယူထား နိုင်ခဲ့သော မြန်မာကိုယ်စားပြု ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့မှာ ပြီးခဲ့သောရက်က ကစားခဲ့သော ပွဲစဉ်များတွင်မူ ရှုံးပွဲများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

နှစ်သင်းစလုံးသည် အိန္ဒိယကလပ် အသင်းများဖြစ်သော မိုဟန်ဘာဂန် အသင်းနှင့် JSW ဘန်ဂါလူရူ အသင်းတို့နှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းမှာ အဝေးကွင်းတွင် မိုဟန်ဘာဂန် အသင်းကို သုံးဂိုးနှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ဧရာဝတီ ယူနိုက်တက် အသင်းမှာလည်း အိမ်ကွင်းတွင် JSW ဘန်ဂါလူရူ အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မန်ယူအသင်းကို ကိုင်တွယ်ခွင့်ရလျှင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ဝယ်ယူသွားမည်ဟု မော်ရင်ဟို ပြောကြား

ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟို အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ခွင့် ရရှိချိန်တွင် စပါးအသင်းတွင် ခြေစွမ်းပြ ကစားနေသော လူငယ်ကြယ်ပွင့် ဟယ်ရီကိန်းကို အဓိက ခေါ်ယူမှုတစ်ခုအဖြစ် ပစ်မှတ်ထားသွားမည် ဖြစ်ကြောင်း ပြီးခဲ့သောရက်က ပြောကြားခဲ့သည်။

မန်ယူအသင်းတွင် ၀ါရင့်တိုက်စစ်မှူး ၀ိန်းရွန်းနီ ဒဏ်ရာရရှိနေပြီး ခြေစွမ်းများလည်း ကျဆင်းလာခဲ့ချိန်တွင် လူငယ်တိုက်စစ်မှူးများဖြစ်သော ဒီပေး၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ဖြင့် အစားထိုးခဲ့သော်လည်း ခြေစွမ်းတည်ငြိမ်မှု မရှိခြင်းကြောင့် ခြေစွမ်းပြ တိုက်စစ်မှူး ဟယ်ရီကိန်းကို ၀ယ်ယူရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ရေဘေးရံပုံငွေ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြဖျော်ဖြေပွဲကို ပြည်သူများစိတ်ဝင်စား

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရံပုံငွေအတွက် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ဂျပန်နိုင်ငံမှ Mr Nakara ဦးဆောင်သော ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြဖျော်ဖြေရေးအဖွဲ့  Yangon Press Group   နှင့် မြန်မာမီဒီယာဂရု(ပ်)တို့ ပူးပေါင်းကျင်းပသော Myanmar Martialarts Entertainmentပွဲကို ပြည်ထောင်စုနေ့ ညနေ ၆နာရီက သိမ်ဖြူလမ်းရိုးရာ လက်ဝှေ့ရုံတွင် ကျင်းပခဲ့ရာ ပရိသတ်များ စိတ်ဝင်စားခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်၌ ပွဲကြပ်ကာလကို ခြေစွမ်းမှန်မှန်ဖြင့် ဖြတ်သန်းပြီး ဗိုလ်စွဲရန် ရေပန်းစားလာသည့် လက်စတာစီးတီး

၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ် ပွဲစဉ်များ စတင်ချိန်ကတည်းက ခြေစွမ်းမှန်မှန်ဖြင့် အမှားအနည်းဆုံး ကစားနိုင်ခဲ့သည့် လက်စတာစီးတီး အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၅တွင်လည်း အဝေးကွင်းတွင် မန်စီးတီးအသင်းကို ၃-၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။

ဗန်ဟားလ်၏ နေရာတွင် ချယ်ဆီးနည်းပြဟောင်း စပယ်ရှယ်ဝမ်း မော်ရင်ဟိုအား အစားထိုးမည့် သတင်းများ ထွက်ပေါ်

မန်ယူအသင်းမှ ထုတ်ပယ်ခံရရန် နီးစပ်နေသည့် လူးဝစ္စဗန်ဟားလ်၏ နေရာတွင် ချယ်ဆီးအသင်း၏ နည်းပြဟောင်း လက်ရှိ အသင်းလက်မဲ့ ဖြစ်နေသည့် နာမည်ကြီးနည်းပြ မော်ရင်ဟိုအား ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယင်းသတင်းများကို BBCသတင်းဌာနမှ အဓိက ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိနည်းပြ လူးဝစ်ဗန်ဟားလ်၏ ကစားပုံနှင့် နည်းစနစ်ပိုင်းကို ပရိသတ်များ ကြိုက်နှစ်သက်ခြင်း မရှိဘဲ ထုတ်ပယ်ရန်သာ ဆန္ဒရှိနေကြခြင်းဖြစ်သည်။

နာမည်ကြီး ဆရီနာဝီလျံကို အနိုင်ရရှိပြီး ပထမဦးဆုံး ဂရင်းစလင်းဆု ရရှိခဲ့သည့် အန်ဂျလစ်ကာဗာ

ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းစလင်းပြိုင်ပွဲတွင် ပထမဦးဆုံးအကြိမ် တက်ရောက်ကစားခွင့် ရရှိသော  ဂျာမနီတင်းနစ်မယ် အန်ဂျယ်လစ်ကာဘာသည် နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံကို အနိုင်ရရှိပြီး ပထမဦးဆုံး ဂရင်းစလင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

 

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန် (ခြေစွမ်းမပြနိုင်သည့် တိုက်စစ်မှူး သန်းပိုင် ပါဝင်လာခြင်းမရှိ)

မတ်လ ၂၉ရက်နေ့တွင် လက်ဘနွန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် အသင်း၏ ပဏာမလူစာရင်းကို နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသော ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ယူ-၂၀ အသင်း၏ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင် ပါဝင်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိသော တိုက်စစ်မှူးသန်းပိုင် ပါဝင်လာခဲ့ခြင်း မရှိပေ။

Pages