Local Sports

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အားကစားကွင်း ၁၂ ခု အကောင်အထည်ဖော်မည်

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်    ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူများ အနားယူအပန်းဖြေနိုင်ရန် အားကစားကွင်းအသစ် ၁၂ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။

“၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အားကစားကွင်းသစ် ၉ ကွင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထဲမှာလည်း အားကစားကွင်း  ၁၂ ခုကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကနေဒါနှင့် အမေရိကန်တို့ ဂျပန်တွင် ထိုးသတ်မည့် ရိုးရာလက်ဝှေ့ချန်ပီယံလုပွဲ

မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာလက်ဝှေ့ အဖွဲ့ချုပ်(ဂျပန်)တို့ စီစဉ်သည့် Lathwei in Japan -4 ကို ဇွန်လ ၁၆ ရက်နေ့တွင် Tokyo Dome Hall ၌ ကျင်းပမည်ဖြစ်ရာ လက်ရှိမြန်မာပြည်ချန်ပီယံ ဒေ့ဗ်(ကနေဒါ)နှင့် ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံဟောင်း အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်(၀ါရှင်တန်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဟု သိရသည်။ ပွဲစီစဉ်သူ ဦးဝဏ္ဏက “ပထမတော့ ဒေ့ဗ်နဲ့ စောငမန်းနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ စောငမန်းတောင်းတဲ့ ထိုးသတ်ကြေးက များလွန်းတော့ ဂျပန်ဘက်က မပေးဘဲ တခြားသူတစ်ယောက် ရှာခိုင်းလို့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကျွမ်းကျင်စွာ ထိုးသတ်တတ်တဲ့ ဆိုင်းရပ်စ်ကို  ဆက်သွယ်လိုက်တာပါ”ဟု ပြောသည်။

ဆီးဂိမ်းတာဝေး စက်ဘီးစီးလူရွေးပွဲတွင် လူသစ်ရွေးချယ်နိုင်ချင်းမရှိ

မလေးရှားဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တာဝေးစက်ဘီးအားကစားအဖွဲ့သည် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် လူရွေးချယ်မှု ပြုလုပ်ခဲ့သော်လည်း ပြင်ပမှ လာရောက်ယှဉ်ပြိုင်သူမရှိသောကြောင့် လက်ရှိ လက်ရွေးစင်ကစားသမားလေးဦးဖြင့်သာ ဆီးဂိမ်းကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သည့် သန်းသန်းထွေး ဇွဲကပင်အမျိုးသမီးကလပ်အသင်းတွင် ကစားလျက်ရှိ

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြကစားခဲ့သည့် သန်းသန်းထွေးသည် ယခုတစ်ပတ်တွင် စတင်ခဲ့သည့် Bank Women’s League 2016 ပြိုင်ပွဲတွင် ဇွဲကပင် အမျိုးသမီးကလပ်အသင်း၏ ကွင်းလယ်လူ အဖြစ် ပါဝင်ကစားလျက်ရှိသည်။

သန်းသန်းထွေးသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ၁၅ နှစ်ကြာ ကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အနားယူခဲ့သူဖြစ်သည်။ ကစားသမားဘ၀ရရှိခဲ့သော ဒဏ်ရာနှင့် အသက်အရွယ်ကြောင့် အနားယူခဲ့ခြင်း ဖြစ်သည်။ လက်ရွေးစင်အသင်းတွင် ကစားနေစဉ် ၄င်း၏တိကျသော အဝေးမှနေ၍ ဂိုးကန်သွင်းယူမှုများကြောင့် လူသိများခဲ့သူဖြစ်သည်။

တိုကျိုတွင် ပထမဆုံး မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ ကျင်းပမည်

ဂျပန် နိုင်ငံ တိုကျို မြို့တွင် ပထမဆုံး မြန်မာ့ လက်ဝှေ့ ပြိုင်ပွဲ သီးသန့် အဖြစ် Lethwei Grand Prix Japan 2016 ကို အောက်တိုဘာလ ၂၇ ရက် ညနေ ၆ နာရီ တွင် တိုကျိုမြို့ ခိုလဂုအန် ခန်းမတွင် ကျင်းပမည်ဟု သိရသည်။

 

မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းကို ကနေဒါ လက်ဝှေ့ကျော်ဒေ့ဗ်က အသာစီး သရေ ထိုးသတ်

သိမ်ဖြူ ရိုးရာ လက်ဝှေ့ရုံတွင် အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သော GTG အပြည်ပြည်ဆိုင်ရာ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် ကနေဒါ လက်ဝှေ့ကျော်ဒေဗ့်က မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်ကို အသာစီးဖြင့် ထိုးသတ်သွားခဲ့သည်။

 

လေ့ကျင့်ရေး အဆင့် ဘောလုံးကွင်းတွင် မြန်မာ ယူ-၁၉ အသင်း အနိုင်ရသော်လည်း နောက်တစ်ဆင့် တက်ရန် မသေချာ

ဗီယက်နမ် နိုင်ငံတွင် ကျင်းပနေသော အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု(ဘီ)၏ မြန်မာနှင့် ကမ္ဘောဒီးယားပွဲစဉ်တွင် မြန်မာအသင်းက ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စု (B) အခြားပွဲစဉ်တွင် ထိုင်းအသင်းက သြစတြေးလျ အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူ သွားခဲ့၍ နောက်ဆုံး ပွဲစဉ်များ အနေအထားများ အရ မြန်မာအသင်း နောက်တစ်ဆင့် တက်ရန် မျှော်လင့်ချက် နည်းသွားခဲ့သည်။

မျိုးဆက်သစ် ရိုးရာ လက်ဝှေ့ ကစားသမား ဖော်ထုတ်ရေး မျိုးဆက်သစ် ပွဲစဉ် အမှတ် ၁၆ ပြုလုပ် ကျင်းပခဲ့ရာ ပရိသတ် အားပေးမှု အမြောက်အမြား အခိုင်အမာ ရရှိခဲ့

မြန်မာမီဒီယာဂရု(ပ်)မှ တာဝန်ယူ စီစဉ်သည့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ကစားသမား ဖော်ထုတ်ရေး မျိုးဆက်သစ် ပွဲစဉ် အမှတ် ၁၆ ကို စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာ ပရိသတ် အားပေးမှု အမြောက်အမြား အခိုင်အမာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲကို ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ၀င်ကြေး အခမဲ့ဖြင့် အားကစား ၀န်ကြီးဌာန မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်နှင့် မြန်မာ မီဒီယာဂရု(ပ်)တို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထိုမျိုးဆက်သစ် ရိုးရာ လက်ဝှေ့ ပွဲစဉ်သို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အားပေးခဲ့ပြီး ဆုများ ချီးမြှင့်ပေးခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်း ဥရောပ ခြေစမ်း ပွဲစဉ် စတင်

၂၀၁၆ ခုနှစ် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အသင်းသည် ဥရောပတိုက်တွင် ခြေစမ်းပွဲများ ကစားရန် အတွက် ခရီးစဉ် စတင်ရန် ရန်ကုန်မြို့မှ စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ထွက်ခွာသွားပြီဖြစ်သည်။

လက်ရွေးစင် အသင်းသည် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဆိုက်ပရပ်စ်နိုင်ငံများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ် ထားသည်။

အမျိုးသမီး လိဂ်ပြိုင်ပွဲ ဒီဇင်ဘာတွင် စတင်ရန် လျာထား

အမျိုးသမီး ဘောလုံး ကလပ်သင်း ခြောက်သင်းဖြင့် လာမည့် ဒီဇင်ဘာလတွင် မြန်မာ အမျိုးသမီး လိဂ်ပြိုင်ပွဲအား စတင်ကျင်းပရန် လျာထားမှုကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ခဲ့သော မြန်မာ နေရှင်နယ်လိဂ် ကော်မတီ၏ စက်တင်ဘာလအတွက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲအသင်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ လိဂ်-၂ ပြိုင်ပွဲ ချန်ပီယံ မနောမြေ အသင်း ဖျက်သိမ်းပြီး ဖြစ်၍ လာမည့်နှစ်တွင် ပါဝင်ခြင်း မရှိသဖြင့် တန်းတက်ခွင့် အတွက် ဒုတိယ နေရာမှ ဂျီအက်ဖ်အေနှင့် တတိယနေရာမှ နေပြည်တော်အသင်းတို့ ရရှိခဲ့သည်။

Pages