Local Sports

တစ်လတာ ဥရောပခရီးစဉ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစမ်းပွဲခုနစ်ပွဲ ကစားရန် စီစဉ်ထား

ASEAN Suzuki Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပသို့ တစ်လတာ ခြေစမ်းခရီးစဉ် သွားရောက်မည်ဖြစ်ရာ ခရီးစဉ်အတွင်း နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရပ်စ်နှင့် အီတလီနိုင်ငံတို့တွင် ခြေစမ်းပွဲခုနစ်ပွဲ ကစားရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံတော်သီချင်း အံ့သြဖွယ် ဒုတိယ အကောင်းဆုံး သတ်မှတ်ခံရ

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ၏ နိုင်ငံတော် သီချင်းများတွင် အကောင်းဆုံး ၁၀ နိုင်ငံကိုမှ ရွေးချယ်ခဲ့ရာတွင် မြန်မာနိုင်ငံတော် သီချင်းသည် ဒုတိယ အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပထမ အကောင်းဆုံး နိုင်ငံတော်သီချင်း အဖြစ် ရုရှား နိုင်ငံတော် သီချင်းမှ ရရှိခဲ့သည်။

“တိုင်းရင်းသား အရေခြုံလူမျိုးခြား စီးပွားရေးသမားတွေက ရိုးရာလက်ဝှေ့ကို ထိန်းသိမ်းရကောင်းမှန်း မသိဘူး”

မြန်မာမီဒီယာဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက တိုင်းရင်းသား အရေခြုံ လူမျိုးခြား စီးပွားရေးသမားများ အနေဖြင့် ရိုးရာလက်ဝှေ့ကို ထိန်းသိမ်းရကောင်းမှန်း မသိဘဲ နိုင်ငံမှငွေကို အိတ်ထဲထည့်ရန် အတွက်သာ တိုင်းရင်းသား အမည်ခံ ထားကြသည့် အတွက် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ အဆင့်ထိ တက်လှမ်းနိုင်ရန် တိုင်းရင်းသားစစ်စစ် စီးပွားရေး လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုကိုသာ အဓိကထားရမည် ဖြစ်ကြောင်း သြဂုတ် ၆ ရက်နေ့ ညနေက စင်ထရယ်ဟိုတယ်၌ ပထမအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အတွက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ အမျိုးသမီးအသင်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်နှင့် တွေ့မည်

မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် ကစားခဲ့သော ၂၀၁၆ အာဆီယံ အမျိုးသမီး ဘောလုံးပွဲအုပ်စု (B) နောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းသည် သြစတြေးလျ ယူ-၂၀ အသင်းနှင့် ၁-၁ သရေကျခဲ့သော်လည်း အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းမှ ခင်မိုးဝေ၏အဝေးမှ ကန်သွင်းချက်ဖြင့် မြန်မာအသင်းသည် မိနစ် ၄၀ တွင် ဂိုးစတင် ရရှိခဲ့သော်လည်း ဒုတိယပိုင်း ၇၆ မိနစ်တွင် သြစတြေးလျအသင်းက ချေပဂိုး သွင်းယူသွားခဲ့သည်။ ခင်မိုးဝေ၏ကန်သွင်းသည့်ဂိုးကို မြန်မာပရိသတ်များက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ချီးကျူးပြောကြားခဲ့သည်။

ထွန်းထွန်းမင်းလက်ရည်အရ မရှုံးသော်လည်း ပြိုင်ပွဲဥပဒေအရရှုံး

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇူလိုင် ၃၀ ရက် နေ့လယ်က ကျင်းပသော ဂမ်လျူဂျီးမား ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ထွန်းထွန်းမင်းသည် ကွန်ဂိုမှ ဒါရီလိုကုကုကို ပထမအချီတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းမင်းနှင့် ဂျပန်တွင် ထိုးသတ်မည့် ပြိုင်ဘက်ပြောင်းလဲ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဇူလိုင် ၃၁ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ဂမ်လျူဂျီးမား ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲ၌ ထွန်းထွန်းမင်းသည် ပြိုင်ဘက်အသစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဂမ်လျူဂျီးမား ပြိုင်ပွဲကော်မတီထံမှ သိရသည်။

မြန်မာဘောလုံးလောက ဖွံ့ဖြိုးရန် အတွက် မြန်မာဘရူဝါရီမှ ငါးနှစ်အတွင်း ဒေါ်လာ ၆ သန်း ထောက်ပံ့မည်

မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပြည်တွင်း အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာဘရူဝါရီ ကုမ္ပဏီက မြန်မာဘောလုံး အဖွဲ့ချုပ်ထံသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်း ဖြင့် ၅ နှစ်စာ ဒေါ်လာ ၆ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

စာချုပ်အရ မြန်မာဘရူဝါရီ ကုမ္ပဏီအနေဖြင့် မြန်မာ့ဘောလုံး အဖွဲ့ချုပ်ထံသို့ ယခုနှစ်မှစပြီး ၂၀၂၀ ခုနှစ် အထိ ငါးနှစ်အတွင်း ဒေါ်လာ ၆ သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇွန် ၅ ရက်က ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အူရီဒူး မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ အပတ်စဉ် ၁၄ ပွဲစဉ်များအပြီး အမှတ်ပေးဇယား ရပ်တည်မှု၌ ထိပ်ဆုံးတွင် ရတနာပုံအသင်း ဆက်လက်ဦးဆောင်

အူရီဒူး မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ Week ၁၄ပွဲစဉ်များကို ဇွန် ၁၈ မှ ၁၉ ရက်နေ့အထိ ရန်ကုန် အပါအ၀င် မုံရွာနှင့် တောင်ငူမြို့များတွင် ကျင်းပခဲ့ပြီး အဆိုပါပွဲစဉ်အပြီး အမှတ်ပေးဇယား ရပ်တည်မှု၌ ထိပ်ဆုံးတွင် ရတနာပုံအသင်း ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်အပါအ၀င် တောင်ကြီးနှင့် တောင်ငူမြို့များတွင် ကျင်းပသွားခဲ့သည့် Week ၁၅ ပွဲစဉ်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသော အသင်းများဖြစ်သည့် ရန်ကုန် ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်နှင့် ဇေယျာရွှေမြေအသင်းတို့ ထိပ်တိုက်တွေ့ဆုံ ကစားသည့် ပွဲစဉ်များတွင် ပရိသတ် အထူးစိတ်ဝင်စားလျက် ရှိခဲ့သည်။

အိုလံပစ်နေ့ အထိမ်းအမှတ် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပွဲစဉ် ၁၄ ပရိသတ် အထူးနှစ်ခြိုက်အားပေး

မြန်မာ မီဒီယာဂရု(ပ်)မှ ပုံမှန်ကျင်းပပေးနေသော မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ၏ ပွဲစဉ် ၁၄ ကို သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ရုံ တွင် ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ရာ သရေပွဲ ခြောက်ပွဲနှင့် အလဲထိုး လေးပွဲအဖြေထွက်ပေါ်ခဲ့သည်။

ရန်ကုန်-ရတနာပုံပွဲစဉ် အစဉ်အလာမပျက် နှစ်ဖက်ပရိသတ်များ အချင်းများခဲ့

အစဉ်အလာအားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံယူနိုက်တက် အသင်းတို့ယှဉ်ပြိုင်ကစားရာမှာ ပွဲအပြီးမှာတော့ နှစ်ဖက်ပရိသတ်များ အချင်းများခဲ့ကြသည်။

အော်ရီဒူး မြန်မာနေရှင်နယ် လိဂ်အမှတ်ပေးပြိုင်ပွဲ ၁၃ အဖြစ် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ရတနာပုံ ယူနိုက်တက် အသင်းတို့ဟာ ဇွန်လ ၁၂ ရက်နေ့က ရန်ကုန် ယူနိုက်တက် အသင်း၏ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရတနာပုံ အသင်းက အိမ်ရှင်ရန်ကုန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ပွဲအပြီးမှာတော့ ယခင်ပွဲစဉ်တွေအတိုင်း နှစ်ဖက်ပရိသတ်များ အချင်းများခဲ့ကြပါတယ်။

Pages