Sports

စိန်ခေါ်သူ အက်ဒရီယန်ဘာတိုကို အနိုင်ရရှိပြီး မေ၀ယ်သာ ၄၉ ပွဲဆက် အောင်ပွဲခံ

WBC နှင့် WBA ရွှေခါးပတ် ချန်ပီယံဘွဲ့များကို ရရှိထားသူ ဖလွိုက်မေ၀ယ်သာသည် တနင်္ဂနွေနေ့တွင် စိန်ခေါ်သူ အက်ဒရီယန် ဘာတိုနှင့် ထိုးသတ်ခဲ့ရာ လက်စွမ်းအသာဖြင့် ထိုးသတ်ခဲ့ပြီး ၄င်း၏ ၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

MGM Grandတွင် ကျင်းပသော ယင်းလက်ဝှေ့ပွဲတွင် အသက် ၃၈နှစ်ရှိပြီဖြစ်သော မေ၀ယ်သာက ၄င်းထက် ၆နှစ်ခန့်ငယ်သော ဘာတိုကို ၁၂၀-၁၀၈၊ ၁၁၈-၁၁၀၊ ၁၁၇-၁၁၁ဖြင့် အနိုင်ရရှိခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ကမ္ဘာ့အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြန်မာ့ အမျိုးသမီး အသင်း အိမ်ကွင်း၌ ကစားရမည် ဖြစ်သော်လည်း အုပ်စုတက်ရန် မသေချာ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၀င်ရောက်ယှဉ်ပြိုင် ကစားမည့် ၂၀၁၆ ကမ္ဘာ့အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ (အာရှဇုန် ခြေစစ်ပွဲ)များကို ယခုလ ၁၄ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

မြန်မာ အမျိုးသမီး အသင်းနှင့်အတူ ဂျော်ဒန်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် ထိုင်းအသင်းတို့ တစ်အုပ်စုထဲ ကျရောက်လျက်ရှိပြီး အစဉ်အလာ ပြိုင်ဘက်များ ဖြစ်သော ထိုင်းအသင်း၊ ဗီယက်နမ် အသင်းတို့နှင့် တွေ့ဆုံနေ၍ ရုန်းကန်ရနိုင်သည်။

အသင်းကြီးများအားလုံး အနိုင်ရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်

ယူရို ၂၀၁၆ ပွဲစဉ်များကြောင့် တစ်ပတ်တာ ရပ်နားထားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်များကို ဆက်လက် ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲဖြစ်သော မန်ယူ အသင်းနှင့် လီဗာပူး အသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်း၏ အသစ်ဝယ်ယူထားသော လူငယ် ကစားသမား မာရှယ်၏ ခြေစွမ်းပြမှုများနှင့်အတူ လီဗာပူး အသင်းကို ၃-၁ ဂိုး အနိုင်ရရှိခဲ့သည်။

ပွဲစဉ်တစ်လျှောက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ကြသော်လည်း မန်ယူအသင်း၏ အချိတ်အဆက် မိမိဖြင့် ကစားသမားသစ် မာရှယ်၏ ခြေစွမ်းပြ သွင်းဂိုးများက လီဗာပူးအသင်းကို ရှုံးနိမ့်စေခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ဂိုးပြတ် အနိုင်ရရှိခဲ့သော ယခုတစ်ပတ် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်များ

ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ကစားခဲ့ရာ အသင်းကြီးများ အားလုံး အနိုင်ရရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန် အသင်းမှာလည်း ဆန်မာရီယို အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲစဉ်တွင် အင်္ဂလန် အသင်းမှာ ဆန်မာရီယို အသင်းကို ပွဲစဉ်တစ်လျှောက် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲပြီးတွင် ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အခြား အသင်းကြီးများ ဖြစ်သော ဂျာမနီ အသင်းက ပိုလန် အသင်းကို ၃ - ၁ ဂိုးဖြင့် လည်းကောင်း၊ ယူကရိန်း အသင်းက ဘီလာရုစ် အသင်းကို ၃ - ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းမှာ ကစားသမားများ စိုးရိမ်စိတ် များပြားနေသောကြောင့်ဖြစ်ဟု မြန်မာ အသင်း နည်းပြချုပ်ဆို

ကူဝိတ် အသင်းအား ၉ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းသည် မြန်မာအသင်း ကစားသမားများ၏ စိုးရိမ်စိတ် များပြားနေသောကြောင့် ဖြစ်သည်ဟု မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ရာဒီ အေဗရာမိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အသင်း အခွင့်အရေး သုံးကြိမ် သေချာပေါက် ဂိုးရဖို့ ဖြစ်ခဲ့ပေမယ့် ကစားသမားတွေရဲ့ စိုးစိတ်များနေလို့ တစ်ဂိုးမှ မရခဲ့ပါဘူး။ သေချာပေါက် အေးအေးဆေးဆေး ဂိုးသွင်းရမယ့် အချိန်မှာ ကစားသမားတွေ ဂိုးမသွင်းနိုင်တာပါ”ဟု နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။

အိမ်ကွင်းတွင် ချယ်လ်ဆီးနှင့် လီဗာပူးတို့ ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)

ပရီးမီးယားလိဂ် ပွဲစဉ်(၄) စနေနေ့ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး အသင်းနှင့် လီဗာပူး အသင်းတို့မှ အိမ်ကွင်းတွင် ရှုံးပွဲတွေ့ခဲ့ပြီး အာဆင်နယ် အသင်းနှင့် မန်စီးတီး အသင်းတို့မှာမူ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာယူ-၁၉အသင်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ် အသင်းကို သရေရလဒ် ရရှိရုံဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်မည်

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စုပွဲစဉ်များကို ဆက်လက် ကစားခဲ့ရာ အရှေ့တီမောအသင်းနှင့် ပွဲစဉ်တွင် သရေရလဒ်သာ ရရှိခဲ့သော မြန်မာယူ-၁၉ အသင်းသည် မလေးရှားယူ-၁၉ အသင်းကို ခြေစွမ်းပြကာ ၁-၀ ဖြင့် အနိုင် ရရှိခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်သော ဗီယက်နမ် အသင်းနှင့် ပွဲစဉ်တွင် သရေရလဒ် ရရှိရုံဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန် အတွက် လေးကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပနေစဉ် မီးပြတ်တောက်၍ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရ

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန်အတွက် လေးကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲများ ကျင်းပနေစဉ် သိမ်ဖြူ အားကစားကွင်း၌ မီးများပြတ်တောက်ခဲ့သောကြောင့် လက်ဝှေ့ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရသည်။

ခြေစွမ်းကောင်းမွန်ခြင်း မရှိခဲ့သော်လည်း မြန်မာယူ-၁၉ ပွဲဦးထွက် ပွဲစဉ်တွင် စင်ကာပူ အသင်းကို အနိုင်ရရှိ

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု(ခ) အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူ ယူ(၁၉) အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ကပ်၍အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် စင်ကာပူ ယူ(၁၉)အသင်းကို ပွဲချိန်အတော်များများ၌ ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း အခွင့်အရေး အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ် အရောက်မှသာ လူစားဝင်ကစားသမား ကောင်းချစ်နိုင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

မြန်မာ ယူ-၂၀ အသင်း တိုက်စစ်မှူးအောင်သူ အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုရရှိ

မြန်မာ ယူ-၂၀ ဘောလုံး အသင်း၏ တိုက်စစ်မှူး အောင်သူသည် ဗီယက်နမ် လူငယ်ကစားသမား ငုရင်ခန်ဖောင်နှင့် မြန်မာ ယူ-၂၀ အသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့ကို ကျော်ဖြတ်ကာ ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

၎င်းမှာ နယူးဇီလန်နိုင်ငံတွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပြိုင်ဘက်များကို အခက်တွေ့အောင် ခြေစွမ်းပြ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သော ကစားသမားဖြစ်ပြီး မြန်မာ အသင်း၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သော ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။

Pages