Local Sports

ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်မည့် လက်ဝှေ့စိန်ခေါ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ တစ်ခုကို ဇွန် ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူ မြန်မာ့ရိုးရာအား ကစားရုံတွင် နေ့လယ် ၂ နာရီမှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။

ထွန်းထွန်းမင်း ဂျပန်တွင် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲ သွားပြိုင်မည်

မြန်မာ မီဒီယာဂရု(ပ်)၏ စီစဉ်မှုဖြင့် ရိုးရာလက်ဝှေ့ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ဇူလိုင် ၃၁ ရက်နေ့တွင် တိုကျို၌ ကျင်းပမည့် လေးကြိမ်မြောက် ဂမ်လျူဂျီးမား ဆာမူရိုင်း ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် လက်ဝှေ့ (LETHWEI) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထွန်းထွန်းမင်းသည် ကီလို ၈၀ အတန်းတွင် ဘရာဇီးမှ ကပို (CAPO) ကိုယ်ခံပညာရှင် မားကပ်စ်ဗင်နီးဆီးယပ်စ် (၃၁ နှစ်)နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ မြန်မာမီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက အုပ်ချုပ်သူအဖြစ် လည်းကောင်း၊ ရိုးရာလက်ဝှေ့ဒိုင် ဦးချစ်ကိုကိုက အကူလူအဖြစ်လည်းကောင်း၊ ရိုးရာလက်ဝှေ့ ဆောင်းပါးရှင် ဆရာဇင်လင်ထွန်

အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီး ဘောလုံးအသင်း မြန်မာနိုင်ငံသို့ရောက်ရှိ

ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံလက်စတာစီးတီး ဘောလုံးအသင်းဟာ မေ ၂၂ ရက် နာရီကျော်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လေဆိပ်မှတစ်ဆင့် ရွှေတိဂုံစေတီကို လာရောက် ဖူးမျှော်ခဲ့သည်။

၎င်းနောက် ရွှေတိဂုံစေတီ၏ မြောက်ဘက်မုဒ်တွင် အသင်းပိုင်ရှင်၊ နည်းပြချုပ်နှင့် အသင်းအုပ်ချုပ် သူများ၊ ကစားသမားများဟာ အောင်မြေနင်းခဲ့ကြပြီး ဘုရားရင်ပြင်ပေါ်တွင် ပြည်တွင်းက ပရိတ်သတ် တစ်ချို့နှင့်လည်း ဓာတ်ပုံများ တွဲဖက်ရိုက်ခဲ့ကြသည်။

အ၀ါနှစ်ကဒ် ပြသခဲ့ပေမယ့် ထုတ်ပယ်ခဲ့ခြင်း မရှိခဲ့သည့် အပေါ် စစ်ဆေးနေဆဲ

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ် တစ်ခုဖြစ်သော ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ရတနာပုံ အသင်းတို့ ကစားခဲ့သော ပွဲစဉ်တွင် ကစားသမားတစ်ဦးကို အ၀ါကဒ် နှစ်ကြိမ် ပြသခံခဲ့ရသော်လည်း ကွင်းလယ်ဒိုင်က ထုတ်ပယ်ခဲ့ခြင်း မရှိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကာ အဆိုပါ မှားယွင်းမှု ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကိုတော့ လတ်တလောတွင် စစ်ဆေးနေဆဲဟု သိရ သည်။

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပွဲစဉ်အမှတ် ၁၃တွင် အလဲထိုးပွဲ များပြား

မြန်မာမီဒီယာ ဂရု(ပ်)မှ ပုံမှန်ကျင်းပပေးနေသော မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ၏ ပွဲစဉ် ၁၃ကို သိမ်ဖြူ မြန်မာရိုးရာ လက်ဝှေ့ရုံတွင် မေလ ၁၅ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီက ကျင်းပခဲ့ရာ အလဲထိုးပွဲ လေးပွဲ၊ လက်ရည်မမျှသဖြင့် ဒိုင်ပွဲရပ် တစ်ပွဲနှင့် သရေနှစ်ပွဲ အဖြေထွက်ပေါ်ခဲ့သည်။ သုံးချီ မျိုးဆက်သစ်ပွဲတွင် ဖိုက်တာ (အဖြူရောင်သွေးသစ်)နှင့် ရဲမျိုး (ထွန်းသွင်)  တစ်ပွဲသာ သရေကျပြီး အောင်တိုင်းမောင် (ရွှေဒေါပုံ)က ဒေါနကျား (ရွှေမိုးထိငြိမ်းချမ်းရေး)ကို  ဒုတိယ အချီတွင် လက်ရည် မမျှသဖြင့် ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊ အောင်မျိုးဟိန်း (အောင်မြန်မာ)က ဇင်မင်းဦး (ထွန်းသွင်)ကို တတိယ အချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ဇွဲရန်န

ဂျပန်တွင် ကျင်းပမည့် စတုတ္ထအကြိမ် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ အမည်ဖြင့် ရိုးရာလက်ဝှေ့ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံတွင် ၂၀၁၅ခုနှစ်မှစပြီး တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပနေသော ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် စတုတ္ထအကြိမ်မှစပြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားများက မြန်မာ့လက်ဝှေ့အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာမီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက ပြောသည်။

ရုရှားမှ ချန်ပီယံများနှင့် ထွန်းထွန်းမင်း၊ တူးတူးတို့ ထိုးသတ်မည့် Max Thingyan Fight ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ ပထမတန်း လက်ဝှေ့ကျော်နှစ်ဦး ဖြစ်သော ထွန်းထွန်းမင်း၊ တူးတူးတို့နှင့် ရုရှားမှ ချန်ပီယံများ ထိုးသတ်မည့် Max Thingyan Fight ပြိုင်ပွဲကို ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန်မြို့ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ အားကစား ပြိုင်ပွဲရုံတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာမီဒီယာ ဂရု(ပ်)မှ စီစဉ်ခြင်း ဖြစ်ကာ Max Energyမှ အဓိက ပံ့ပိုးပေးထားကြောင်း သိရသည်။

AFC Cup ပြိုင်ပွဲတွင် ရလာဒ်ကောင်းများ ရယူထားနိုင်သော ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်း နှစ်သင်းစလုံး ရှုံးနိမ့်ခဲ့

AFC Cup 2016 ပြိုင်ပွဲတွင် ရလာဒ်ကောင်းများ ရယူထား နိုင်ခဲ့သော မြန်မာကိုယ်စားပြု ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့မှာ ပြီးခဲ့သောရက်က ကစားခဲ့သော ပွဲစဉ်များတွင်မူ ရှုံးပွဲများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

နှစ်သင်းစလုံးသည် အိန္ဒိယကလပ် အသင်းများဖြစ်သော မိုဟန်ဘာဂန် အသင်းနှင့် JSW ဘန်ဂါလူရူ အသင်းတို့နှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းမှာ အဝေးကွင်းတွင် မိုဟန်ဘာဂန် အသင်းကို သုံးဂိုးနှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ဧရာဝတီ ယူနိုက်တက် အသင်းမှာလည်း အိမ်ကွင်းတွင် JSW ဘန်ဂါလူရူ အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ရေဘေးရံပုံငွေ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြဖျော်ဖြေပွဲကို ပြည်သူများစိတ်ဝင်စား

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရံပုံငွေအတွက် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ဂျပန်နိုင်ငံမှ Mr Nakara ဦးဆောင်သော ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြဖျော်ဖြေရေးအဖွဲ့  Yangon Press Group   နှင့် မြန်မာမီဒီယာဂရု(ပ်)တို့ ပူးပေါင်းကျင်းပသော Myanmar Martialarts Entertainmentပွဲကို ပြည်ထောင်စုနေ့ ညနေ ၆နာရီက သိမ်ဖြူလမ်းရိုးရာ လက်ဝှေ့ရုံတွင် ကျင်းပခဲ့ရာ ပရိသတ်များ စိတ်ဝင်စားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန် (ခြေစွမ်းမပြနိုင်သည့် တိုက်စစ်မှူး သန်းပိုင် ပါဝင်လာခြင်းမရှိ)

မတ်လ ၂၉ရက်နေ့တွင် လက်ဘနွန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် အသင်း၏ ပဏာမလူစာရင်းကို နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသော ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ယူ-၂၀ အသင်း၏ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင် ပါဝင်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိသော တိုက်စစ်မှူးသန်းပိုင် ပါဝင်လာခဲ့ခြင်း မရှိပေ။

Pages