Local Sports

Burmese Pythonခေါ် အောင်လအန်ဆန် ပါဝင်ထိုးသတ်မည့် MMA ပြိုင်ပွဲမေလ ၁၈ရက်နေ့တွင် ကျင်းပမည်

MMA ပြိုင်ပွဲများတွင် နာမည်ကြီးနေသော မြန်ပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန် (Burmese Python)သည် အမေရိကန် နိုင်ငံသားတစ်ဦးနှင့် မေလ ၁၈ရက်နေ့တွင် ရန်ကုန် မြို့၌ကျင်းပမည့် MMA ပြိုင်ပွဲတွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန် အနေဖြင့် အနိုင်ရရှိရန် အကောင်းဆုံး ပြင်ဆင်ထားသည်ဟု သိရပြီး ၄င်းအတွက် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လျှမ်းလူ

ရခိုင်ယူနိုက်တက်နှင့် ဇေယျာရွှေ့မြေတို့ အဖွင့်လှခဲ့သည့် MNLပွဲစဉ် (၁)ပြိုင်ပွဲများ

၂၀၁၆ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁) ပြိုင်ပွဲများကို ဇန်န၀ါရီလ ၉ရက်နေ့က တန်းတက်Horizon အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့၏ ပွဲစဉ် ရခိုင်ယူနိုက်တက်နှင့် ဆောက်သမ်မြန်မာတို့၏ ပွဲစဉ်များဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပွဲစဉ်နှစ်ပွဲကို ညနေ ၄နာရီအချိန်က ရန်ကုန်မြို့ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတို့တွင် တစ်ချိန်တည်း ကျင်းပခဲ့ခြင်းဖြစ်သည်။ အောင်ဆန်းကွင်းတွင် ကျင်းပခဲ့သည့် ရခိုင်ယူနိုက်တက်နှင့် ဆောက်သမ်မြန်မာ အသင်းတို့၏ပွဲစဉ် ရခိုင်ယူနိုက်တက် အသင်းက တန်းတက် ဆောက်သမ်မြန်မာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဖွင့်လှခဲ့သည်။

တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း MFF Charity Cup 2016 ဆွတ်ခူး

၂၀၁၆ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ၏ ရာသီအဖွင့်ပွဲစဉ် ဖြစ်သော MFF Charity Cup 2016ကို ဇန်န၀ါရီလ ၃ရက် ညနေ ၄နာရီအချိန်တွင် အောင်ဆန်းကွင်း၌ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်ယူနိုက်တက် အသင်းက တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် MFF Charity Cup 2016ကို ဆွတ်ခူးသွားခဲ့သည်။

မြန်မာနေရှင်နယ် လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံတို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်သင်းစလုံးမှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ကစားပုံ ပိုမိုကောင်းမွန်ခဲ့သော ရန်ကုန်ယူနိုက်တက် အသင်းက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ ထွန်းထွန်းမင်း၏ ဘယ်လက်သီးကြောင့် ဆိုင်းရပ်စ်ရှံး

ဒုတိယအကြိမ် Air KBZ ရွှေအောင်လံ Who is Real Champion မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည် ၂နာရီမှ စတင်ကာ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲ၌ နှစ်ကြိမ်တွေ့ဆုံမှု ရှိခဲ့သည့် ထွန်းထွန်းမင်း (မြန်မာ)နှင့် ဆိုင်းရပ်စ် (အမေရိကန်)တို့ ငါးချီယှဉ်ပြိုင်ထိုးသတ်မှုပွဲသည် ပရိသတ် အများအပြား စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့ ယှဉ်ပြိုင်ထိုးသတ်စဉ်တွင် ပထမအချီ တစ်မိနစ်ခန့်တွင် ဆိုင်းရပ်စ်မှ အရှုံးပေးခဲ့သည်။

Bagan Fight ရိုးရာလက်ဝှေ့ပွဲကို ကမ္ဘာလှည့် ခရီးသွားများ အကြိုက်တွေ့

တန်ဆောင်တိုင် လပြည့်နေ့ဖြစ်သော နိုဝင်ဘာလ ၂၆ရက်နေ့ ညက ရွှေစည်းခုံ ဘုရားပွဲတော်တွင် Bagan Fight ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ချောက်၊ မန္တလေး စသည့် အနယ်နယ် အရပ်ရပ်မှ ဘုရားပွဲလာ ပြည်သူများသာမက ကမ္ဘာလှည့် ခရီးသည်များစွာလည်း လာရောက် ကြည့်ရှုခဲ့ကြသည်။

ခြေစွမ်း ပေါ့လျော့ခဲ့သော ရန်ကုန်ယူနိုက်တက် အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်နှင့် လွဲချော်

မဲခေါင် တိုယိုတာ ဖလားပြိုင်ပွဲ အုပ်စုပထမ ပွဲစဉ်တွင် လာအိုတိုယိုတာ အသင်းကို ၅ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သော ရန်ကုန်ယူနိုက်တက် အသင်းသည် ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားကလပ် အန်ကောအသင်းကို ခြေစွမ်းပိုင်း ပေါ့လျော့ခဲ့သောကြောင့် အဝေးကွင်းတွင် ၃ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။

ယင်းပွဲစဉ်တွင် ပထမပွဲစဉ်တွင် အနိုင်ရရှိခဲ့သော လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး နာမည်ကြီး ကစားသမားများဖြစ်သော ကျော်ကိုကို၊ ကြည်လင်း၊ ခင်မောင်လွင်၊ ဇော်မင်းထွန်းတို့အပြင် စာချုပ်သက်တမ်း တိုးထားခဲ့သော ဂိုးသမား ဖာနန်ဒိုတို့လည်း ပါဝင်ခဲ့သည်။

ရိုးရာပွဲလက်ဝှေ့ပွဲသွင်းသူ ကိုးဦးက ၂၀၁၆ခုနှစ်အတွင်း စိန်ခေါ်ပွဲ ၃၆ပွဲ ကျင်းပမည်

လာမည့် ၂၀၁၆ခုနှစ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများကို ကျင်းပနိုင်ရေး အတွက် ရိုးရာလက်ဝှေ့ ပွဲသွင်းသူ ကိုးဦးက ပြည်တွင်းပြည်ပ စိန်ခေါ်ပွဲ ၃၆ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ထံ အဆိုပြု တင်ပြထားကြောင်း သိရသည်။

နိုဝင်ဘာ ၉ရက်နေ့က သိမ်ဖြူမြန်မာရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နှင့် ပွဲသွင်းသူများ၏ ၂၀၁၆ခုနှစ်အတွက် ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးတွင် ယင်းကဲ့သို့ တင်ပြခဲ့ကြခြင်း ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်နေ့တွင် ပုဂံရိုးရာလက်ဝှေ့ပွဲ ကျင်းပမည်

မြန်မာ့ရိုးရာ လက်ဝှေ့၏ မိခင်မြေဖြစ်သော ပုဂံတွင် ရွှေစည်းခုံ ဘုရားပွဲတော်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာလ ၂၆ ရက်နေ့)၌ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပွဲစဉ်အမှတ် ၁၁ကို ခရိုင် အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် မြန်မာမီဒီယာ ဂရု(ပ်)၏  မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏထံမှ သိရသည်။

ရလဒ်ဆိုးရွားနေသော မြန်မာ့လက်ရွေးစင်အသင်း ဟောင်ကောင်အသင်းကို ၅ဂိုး ဂိုးမရှိဖြင့် အရှက်ရဖွယ်ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ဟောင်ကောင်သို့ သွားရောက်ကာ ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ရာတွင် ခြေစွမ်းပိုင်းအရ ယှဉ်နိုင်ခဲ့ခြင်း မရှိဘဲ ၅-၀ဖြင့် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် တစ်ဦးချင်း အလှအပ ကစားနေခဲ့ပြီး ကွင်းလယ်တွင်သာ အပေးအယူ ပြုလုပ်ကာ တိုက်စစ်ပိုင်းတွင် ထိထိရောက်ရောက် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၂၀၁၅ အော်ရီဒူး မြန်မာနေရှင်လိဂ် ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း လေးကြိမ်မြောက် ဗိုလ်စွဲ

၂၀၁၅ အော်ရီဒူး မြန်မာ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြီးဆုံးချိန်တွင် ချန်ပီယံဆုဖလားအား ရန်ကုန်ယူနိုက်တက် အသင်းက လေးကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ပွဲစဉ်အားလုံး ပြီးဆုံးချိန်တွင် ၂၂ပွဲကစား ၁၇ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ပွဲရှုံးဖြင့် ရမှတ် ၅၄မှတ် ရရှိကာ ချန်ပီယံဖလားကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။  ဒုတိယနေရာတွင် ရတနာပုံယူနိုက်တက် အသင်းက ၄၆ မှတ်ဖြင့် လည်းကောင်း၊ မကွေးအသင်းက အမှတ် ၄၀ဖြင့် တတိယနေရာကို လည်းကောင်း အသီးသီးရပ် တည်ခဲ့ကြသည်။

Pages