Local Sports

ခြေစွမ်း ပေါ့လျော့ခဲ့သော ရန်ကုန်ယူနိုက်တက် အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်နှင့် လွဲချော်

မဲခေါင် တိုယိုတာ ဖလားပြိုင်ပွဲ အုပ်စုပထမ ပွဲစဉ်တွင် လာအိုတိုယိုတာ အသင်းကို ၅ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သော ရန်ကုန်ယူနိုက်တက် အသင်းသည် ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားကလပ် အန်ကောအသင်းကို ခြေစွမ်းပိုင်း ပေါ့လျော့ခဲ့သောကြောင့် အဝေးကွင်းတွင် ၃ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။

ယင်းပွဲစဉ်တွင် ပထမပွဲစဉ်တွင် အနိုင်ရရှိခဲ့သော လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပြီး နာမည်ကြီး ကစားသမားများဖြစ်သော ကျော်ကိုကို၊ ကြည်လင်း၊ ခင်မောင်လွင်၊ ဇော်မင်းထွန်းတို့အပြင် စာချုပ်သက်တမ်း တိုးထားခဲ့သော ဂိုးသမား ဖာနန်ဒိုတို့လည်း ပါဝင်ခဲ့သည်။

ရိုးရာပွဲလက်ဝှေ့ပွဲသွင်းသူ ကိုးဦးက ၂၀၁၆ခုနှစ်အတွင်း စိန်ခေါ်ပွဲ ၃၆ပွဲ ကျင်းပမည်

လာမည့် ၂၀၁၆ခုနှစ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများကို ကျင်းပနိုင်ရေး အတွက် ရိုးရာလက်ဝှေ့ ပွဲသွင်းသူ ကိုးဦးက ပြည်တွင်းပြည်ပ စိန်ခေါ်ပွဲ ၃၆ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ထံ အဆိုပြု တင်ပြထားကြောင်း သိရသည်။

နိုဝင်ဘာ ၉ရက်နေ့က သိမ်ဖြူမြန်မာရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်နှင့် ပွဲသွင်းသူများ၏ ၂၀၁၆ခုနှစ်အတွက် ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးတွင် ယင်းကဲ့သို့ တင်ပြခဲ့ကြခြင်း ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်နေ့တွင် ပုဂံရိုးရာလက်ဝှေ့ပွဲ ကျင်းပမည်

မြန်မာ့ရိုးရာ လက်ဝှေ့၏ မိခင်မြေဖြစ်သော ပုဂံတွင် ရွှေစည်းခုံ ဘုရားပွဲတော်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာလ ၂၆ ရက်နေ့)၌ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပွဲစဉ်အမှတ် ၁၁ကို ခရိုင် အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် မြန်မာမီဒီယာ ဂရု(ပ်)၏  မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏထံမှ သိရသည်။

ရလဒ်ဆိုးရွားနေသော မြန်မာ့လက်ရွေးစင်အသင်း ဟောင်ကောင်အသင်းကို ၅ဂိုး ဂိုးမရှိဖြင့် အရှက်ရဖွယ်ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ဟောင်ကောင်သို့ သွားရောက်ကာ ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ရာတွင် ခြေစွမ်းပိုင်းအရ ယှဉ်နိုင်ခဲ့ခြင်း မရှိဘဲ ၅-၀ဖြင့် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် တစ်ဦးချင်း အလှအပ ကစားနေခဲ့ပြီး ကွင်းလယ်တွင်သာ အပေးအယူ ပြုလုပ်ကာ တိုက်စစ်ပိုင်းတွင် ထိထိရောက်ရောက် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၂၀၁၅ အော်ရီဒူး မြန်မာနေရှင်လိဂ် ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း လေးကြိမ်မြောက် ဗိုလ်စွဲ

၂၀၁၅ အော်ရီဒူး မြန်မာ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြီးဆုံးချိန်တွင် ချန်ပီယံဆုဖလားအား ရန်ကုန်ယူနိုက်တက် အသင်းက လေးကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ပွဲစဉ်အားလုံး ပြီးဆုံးချိန်တွင် ၂၂ပွဲကစား ၁၇ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ပွဲရှုံးဖြင့် ရမှတ် ၅၄မှတ် ရရှိကာ ချန်ပီယံဖလားကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။  ဒုတိယနေရာတွင် ရတနာပုံယူနိုက်တက် အသင်းက ၄၆ မှတ်ဖြင့် လည်းကောင်း၊ မကွေးအသင်းက အမှတ် ၄၀ဖြင့် တတိယနေရာကို လည်းကောင်း အသီးသီးရပ် တည်ခဲ့ကြသည်။

“အကယ်၍ မိန်းမကိစ္စကြောင့် ကွဲခဲ့တယ်ဆိုတဲ့ သတင်း ဟုတ်ခဲ့တယ်ဆိုရင် သူရှုပ်ခဲ့တဲ့ အဲဒီမိန်းမက အစ်မ မဟုတ်ဘူးဆိုတာ သိစေချင်တယ်” - ရှင်းသန့်ဖြူ

လူတွေက သက်သက်မဲ့ လျှောက်ပြီးတော့ ရေးနေကြတယ်။ Page ကလည်း သူတို့ဘက်က မှားတင်မိတယ်ဆိုတဲ့ အကြောင်းကို ပြန်တောင်းပန်တယ်။  လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Facebook အကောင့်တစ်ခုကနေ  ပုံတစ်ပုံ တင်ခဲ့တာကြောင့် ပျံ့နှံ့သွားတယ်လို့ ထင်တယ်။ အစ်မ တွေ့တွေ့ချင်းပဲ ပုံကို ဖျက်ခိုင်းလိုက်ပေမယ့် တင်ထားတဲ့ အကောင့်ပိုင်ရှင်က ပြန်ဖျက်ပေးပေမယ့်လည်း ဒီပုံက အွန်လိုင်းမှာ ပျံ့နှံ့သွားတယ်။

“ကျွန်တော် အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ခြင်း၊သစ္စာမဲ့ခြင်း မဟုတ်ပါဘူး” - ကောင်းဆက်နိုင်

“ကျွန်တော် အခုဖြစ်နေတဲ့ ပြဿနာ အရှုပ်အရှင်းကို ပထမတော့ မဖြေရှင်းဘဲ ထားလိုက်တော့ မလို့ပါ။ ဒါပေမဲ့ မဖြေရှင်းဘဲ ငြိမ်နေလိုက်ရင် ကျွန်တော် အမှားလုပ်တယ် ထင်မယ်။ ပြီးရင် ကျွန်တော်နဲ့ အခုလက်ရှိ ပတ်သက်နေတဲ့ တစ်ဖက်က မိကောင်းဖခင် မိန်းကလေး သိက္ခာတွေ ဆက်ကျနေမှာစိုးလို့ ခုလို ဖြေရှင်းစာတင်ရခြင်း ဖြစ်ပါတယ်။

အာရှ ယူ-၁၉ပွဲ ပရိတ်သတ် အချို့၏ အပြုအမူကြောင့် ဒဏ်ကြေးနှင့် ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရ

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သော အာရှယူ ၁၉ နောက်ဆုံး ပွဲစဉ်ဖြစ်သော ဗီယက်နမ် အသင်းနှင့် ပွဲစဉ်တွင် မြန်မာပရိတ်သတ် အချို့၏ အပြုအမူများကြောင့် AFCမှ ဒဏ်ကြေးငွေ ဒေါ်လာ ၂၅၅၀၀နှင့် ပရိတ်သတ် မပါပဲ ကွင်းပိတ်ပွဲ တစ်ပွဲ ကစားရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

အဆိုပါပွဲတွင် မြန်မာ ပရိသတ် အချို့မှာ ကွင်းအတွင်း တားမြစ်ထားသည့် မီးကျည်များ ထွန်းညှိခြင်း ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းများ ရှိခဲ့၍ ယခုကဲ့သို့ အပြစ်ပေးခံရခြင်း ဖြစ်သည်။

အလဲထိုးပွဲများဖြင့် မျိုးဆက်သစ် လက်ဝှေ့ပွဲ အမှတ်စဉ် (၈) ကျင်းပပြီးစီး

မြန်မာမီဒီယာ ဂရု(ပ်)က စီစဉ်ကျင်းပနေသော မျိုးဆက်သစ်ရိုးရာ လက်ဝှေ့ပွဲများအနက် ယခုအခါ ပွဲစဉ်(၈)အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် နည်းပြချုပ်အား သုံးလစာ လျော်ကြေးပေးပြီး အလုပ်မှ ထုတ်ပယ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံတကာ ပြိုင်ပွဲများတွင် မျက်နှာပန်းမလှ ဖြစ်နေသော မြန်မာ့လက်ရွေးစင် နည်းပြချုပ် အေဗရာမိုဗစ်အား ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ မြန်မာ့လက်ရွေးစင် နည်းပြချုပ် ဆားဘီးယားလူမျိုး မိုဗစ်နေရာတွင် မြန်မာ ယူ-၂၀ နည်းပြချုပ် ဂျာမနီလူမျိုး ဂတ်ဖရိုင်းဒရစ်အား အစားထိုး ခန့်အပ်လိုက်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် နည်းပြချုပ် မိုဗစ် လက်ထက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မှု မရဘဲ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန် အသင်းများကို အရှုံးပေးခဲ့ရပြီး လာအိုတစ်သင်းတည်းကိုသာ (၁)ပွဲ သရေ၊ (၁) ပွဲအနိုင်သာ ကစားနိုင်ခဲ့သည်။

Pages