Local Sports

လာအိုပွဲစဉ်အပြီးတွင် လက်ရွေးစင်အသင်း နည်းပြချုပ် အီဗရာမိုဗစ်၏ အနာဂတ်ကို ဆုံးဖြတ်သွားမည်

မြန်မာ့ လက်ရွေးစင်အသင်း ဘောလုံးနည်းပြချုပ် အီဗရာဟီမိုဗစ်အား ရလဒ်များ ဆိုးရွားနေ၍ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည့် လာအိုအသင်းနှင့် ပွဲစဉ်အပြီးတွင် သူ၏ အနာဂတ်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

အီဗရာဟီမိုဗစ်သည် ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိသော ၂၀၁၆ ဆူဇူကီးဖလား ပြီးဆုံးသည် အထိ စာချုပ် ချုပ်ထားသူ ဖြစ်သော်လည်း ၄င်းလက်ထက် ပြိုင်ပွဲအရပ်ရပ် ၂၁ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် နိုင်ပွဲ ၆ပွဲသာ ရှာဖွေပေးနိုင်ခဲ့သည့် အတွက် ဘောလုံးအဖွဲ့ချုပ်မှ ပြန်လည် စဉ်းစားနေခြင်း ဖြစ်သည်။

၁၅နှစ်သား ရွေဖားစည်နှင့် ရွေခါးပတ်ချန်ပီယံ စောဖြိုးဝေတို့ သရေပွဲ ဖြစ်သည့် မျိုးဆက်သစ် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ အမှတ်(၇)

မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် မြန်မာမီဒီယာဂရု(ပ်)က ကျင်းပနေသည့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အမှတ်စဉ် (၇)ကို နိုဝင်ဘာ ၄ ရက်နေ့ နေ့လည် ၂နာရီက သိမ်ဖြူလမ်းရှိ လက်ဝှေ့ ပြိုင်ပွဲရုံတွင် ကျင်းပခဲ့ရာ တစ်ပွဲသာ အနိုင်အရှုံး ပေါ်ပြီး ခြောက်ပွဲ သရေကျခဲ့သော်လည်း ပရိသတ် နှစ်ခြိုက်စွာ အားပေးခဲ့ကြသည်။

မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ် (၇)အား သိမ်ဖြူ လက်ဝှေ့ အားကစားရုံတွင် ကျင်းပသွားမည်

မြန်မာမီဒီယာ ဂရု(ပ်)မှ ကြီးမှူးကျင်းပမည့် မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲစဉ် (၇)အား အောက်တိုဘာလ (၄)ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ် (၂)နာရီ အချိန်တွင် သိမ်ဖြူ ရိုးရာ လက်ဝှေ့ရုံတွင် ကျင်းပမည်ဖြစ်ကာ လက်ဝှေ့ ၀ါသနာရှင်များ အနေဖြင့် အသည်းပေါက် မတတ် ယှဉ်ပြိုင် ထိုးသတ်ကြမည့် အဆိုပါ ပွဲစဉ်အား ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

အဆိုပါ ပွဲစဉ်များအား Sky Net Sport-3 နှင့် MNTVရုပ်သံလိုင်းများမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် အလဲထိုးပွဲ ခြောက်ပွဲအထိရှိ

မြန်မာမီဒီယာဂရု(ပ်)က မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုဖြင့် တစ်လ နှစ်ပွဲနှုန်း ကျင်းပနေသော မျိုးဆက်သစ် ရိုးရာလက်ဝှေ့ Myanmar Fight၏ စက်တင်ဘာ ၂၀ရက်နေ့၊ ပွဲစဉ် ၆တွင် တွဲဆိုင်း ၈ဆိုင်းအနက် အလဲထိုးပွဲ ၆ပွဲအထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ကမ္ဘာ့အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြန်မာ့ အမျိုးသမီး အသင်း အိမ်ကွင်း၌ ကစားရမည် ဖြစ်သော်လည်း အုပ်စုတက်ရန် မသေချာ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၀င်ရောက်ယှဉ်ပြိုင် ကစားမည့် ၂၀၁၆ ကမ္ဘာ့အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ (အာရှဇုန် ခြေစစ်ပွဲ)များကို ယခုလ ၁၄ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

မြန်မာ အမျိုးသမီး အသင်းနှင့်အတူ ဂျော်ဒန်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် ထိုင်းအသင်းတို့ တစ်အုပ်စုထဲ ကျရောက်လျက်ရှိပြီး အစဉ်အလာ ပြိုင်ဘက်များ ဖြစ်သော ထိုင်းအသင်း၊ ဗီယက်နမ် အသင်းတို့နှင့် တွေ့ဆုံနေ၍ ရုန်းကန်ရနိုင်သည်။

မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းမှာ ကစားသမားများ စိုးရိမ်စိတ် များပြားနေသောကြောင့်ဖြစ်ဟု မြန်မာ အသင်း နည်းပြချုပ်ဆို

ကူဝိတ် အသင်းအား ၉ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းသည် မြန်မာအသင်း ကစားသမားများ၏ စိုးရိမ်စိတ် များပြားနေသောကြောင့် ဖြစ်သည်ဟု မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ရာဒီ အေဗရာမိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အသင်း အခွင့်အရေး သုံးကြိမ် သေချာပေါက် ဂိုးရဖို့ ဖြစ်ခဲ့ပေမယ့် ကစားသမားတွေရဲ့ စိုးစိတ်များနေလို့ တစ်ဂိုးမှ မရခဲ့ပါဘူး။ သေချာပေါက် အေးအေးဆေးဆေး ဂိုးသွင်းရမယ့် အချိန်မှာ ကစားသမားတွေ ဂိုးမသွင်းနိုင်တာပါ”ဟု နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။

မြန်မာယူ-၁၉အသင်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ် အသင်းကို သရေရလဒ် ရရှိရုံဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်မည်

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စုပွဲစဉ်များကို ဆက်လက် ကစားခဲ့ရာ အရှေ့တီမောအသင်းနှင့် ပွဲစဉ်တွင် သရေရလဒ်သာ ရရှိခဲ့သော မြန်မာယူ-၁၉ အသင်းသည် မလေးရှားယူ-၁၉ အသင်းကို ခြေစွမ်းပြကာ ၁-၀ ဖြင့် အနိုင် ရရှိခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်သော ဗီယက်နမ် အသင်းနှင့် ပွဲစဉ်တွင် သရေရလဒ် ရရှိရုံဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန် အတွက် လေးကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပနေစဉ် မီးပြတ်တောက်၍ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရ

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန်အတွက် လေးကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲများ ကျင်းပနေစဉ် သိမ်ဖြူ အားကစားကွင်း၌ မီးများပြတ်တောက်ခဲ့သောကြောင့် လက်ဝှေ့ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရသည်။

ခြေစွမ်းကောင်းမွန်ခြင်း မရှိခဲ့သော်လည်း မြန်မာယူ-၁၉ ပွဲဦးထွက် ပွဲစဉ်တွင် စင်ကာပူ အသင်းကို အနိုင်ရရှိ

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု(ခ) အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူ ယူ(၁၉) အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ကပ်၍အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် စင်ကာပူ ယူ(၁၉)အသင်းကို ပွဲချိန်အတော်များများ၌ ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း အခွင့်အရေး အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ် အရောက်မှသာ လူစားဝင်ကစားသမား ကောင်းချစ်နိုင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

မြန်မာ ယူ-၂၀ အသင်း တိုက်စစ်မှူးအောင်သူ အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုရရှိ

မြန်မာ ယူ-၂၀ ဘောလုံး အသင်း၏ တိုက်စစ်မှူး အောင်သူသည် ဗီယက်နမ် လူငယ်ကစားသမား ငုရင်ခန်ဖောင်နှင့် မြန်မာ ယူ-၂၀ အသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့ကို ကျော်ဖြတ်ကာ ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

၎င်းမှာ နယူးဇီလန်နိုင်ငံတွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပြိုင်ဘက်များကို အခက်တွေ့အောင် ခြေစွမ်းပြ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သော ကစားသမားဖြစ်ပြီး မြန်မာ အသင်း၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သော ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။

Pages